အပိုင်း (၉)

1.2K 145 36
                                    

ဝက်သားပြားကြော်!

ပေါင်မုန့် !

ကြက်ဥလိပ် !

sausages .. coffee .. !

ဈေးဝယ်ထွက်လာသော Luhanထံမှ ပစ္စည်းများအား မေ့မကျန်စေရန် စစ်ဆေးနေသည့်အသံ။

ဒီနေ့သည် Luhan အလုပ်နားရက်ဖြစ်သည်။
Minseokနှင့် မနက်စာ အတူစားရန်ချိန်းထားပြီးဖြစ်သောကြောင့် ရာသီဥတု အေးစိမ့်နေသည်ကိုပင် ဂရုမစိုက်နိုင်။ မနက်ခင်း စောစီးစွာ ဈေးဝယ်ထွက်ခဲ့ခြင်းဖြစ်၏။

ဟိုဟာလည်း Minseokကြိုက်လောက်သည်
ဒီဟာလေးဆိုရင်လည်း Minseokကြိုက်လောက်သည် ဟု တွေးရင်း ဝယ်လိုက်မိသော စားစရာများမှာ မိမိနှင့်Chanyeolနှစ်ယောက်သား တစ်ပတ်လောက်ပင်စားလို့ရသည်အထိ ဝယ်မိသွားသည်။

လက်ထဲတွင်မနိုင်မနင်းဖြစ်နေသော အိတ်အမဲဖြင့်ထည့်ထားသော မုန့်ထုတ်နှစ်ထုပ်ကို ဆွဲလျက် ဆိုင်ထဲမှထွက်ခဲ့လိုက်သည်။
Minseokသည် Luhanအိမ်သို့ ၇နာရီအရောက်လာခဲ့မည် ဖြစ်သောကြောင့်
အိမ်ပြန်ရောက်တာနှင့် Luhanအမြန်ပြင်ဆင်ရပေတော့မည်။

ဈေးဝယ်ထွက်တာကြာသွားတာကြောင့် အချိန်တွေပဲ့ကုန်ပါပြီ။ ၆နာရီပင်ခွဲနေပြီ မဟုတ်ပါလား။ ထို့ကြောင့်
အနွေးထည်အထူကြီးနှင့် ကျွပ်ကျွပ်အိတ်နှစ်ထုပ်ဆွဲလျှက် အလျင်အမြန်လျှောက်လာခဲ့သည်။

တိုက်ခန်းရှေ့သို့ ရောက်ခါနီး လမ်းအကွေ့တွင် ခပ်သုတ်သုတ်လျှောက်လာသော Luhanသည်
ဖုန်းသုံးရင် လမ်းလျှောက်လာသော လူတစ်ယောက်နှင့် ဝင်တိုက်မိ၏။

ထိုလူ၏ဖုန်းလည်း လွတ်ကျသွားသလို
Luhanလက်ထဲရှိ မုန့်ထုတ်များပင် မြေပြင်ပေါ် ဟိုတစ်ထုပ် ဒီတစ်ထုပ်ဖြင့် ပွကျဲကုန်၏။

"arrrr နောက်ကျနေပါတယ်ဆိုမှပဲ "
Luhanသည် မိမိမုန့်များကို အလျှင်အမြန်ပြန်ကောက်ထည့်ရင်း ညည်းတွားလိုက်သည်။

"တောင်းပန်ပါတယ် ကျွန်တော်ဖုန်းသုံးရင်းလျှောက်လာမိလို့ မမြင်ဘူးဖြစ်သွားတယ် sorryနော် "
သူ့ဖုန်းအားကောက်လိုက်ပြီးနောက်
မြေပြင်ပေါ်တွင် ကျနေသော Luhan၏ မုန့်များကိုပင် ကူညီ၍ကောက်ထည့်ပေးပါသည်။

လိပ်ပြာWhere stories live. Discover now