Episode 4

966 112 1
                                    

မနေ့ညက ချစ်သူ Jaejoong ရဲ့မျက်နှာလေးကို နောက်ဆုံးအနေနဲ့ ကြည့်ခဲ့သည်။ နန်းတော်ထဲမှာဆက်နေရင် Jaejoong အတွက်အန္တရာယ်ရှိနိုင်တာ Yunho တွက်ဆမိသည်။ ထို့ကြောင့်ချစ်သူကို အလုံခြုံဆုံးနေရာသို့ ရွေ့ပြောင်းထားခဲ့ရသည်။

ထိုအခိုက်သူ့နားထဲတွင် လေတိုက်သံခပ်ပြင်းပြင်းကို ကြားလိုက်ရ၍ ရင်ထဲထိတ်ခနဲဖြစ်သွားရသည်။ ထင်တဲ့အတိုင်းပင် မီးနဂါးကြီးကိုစီးလာသော တမန်တော် Jil

"Yunho မင်းကိုယ့်တာဝန်ကို ကျေပွန်အောင်မလုပ်ခဲ့ဘူးမလား"

"ငါ့အပြစ်ငါသိပါတယ် Jil ရာ"

"အဲဒါဆိုအခုငါနဲ့လိုက်ခဲ့ပါ သခင်ကမင်းကို အလိုရှိနေတယ်"

Yunho လဲမငြင်းပဲ လိုက်သွားတော့သည်။

အေးစက်တဲ့ကြမ်းပြင်ရဲ့အထိအတွေ့နဲ့အတူ မွှေးပျံ့သောရနံ့များကြောင့် Changmin နိုးထလာရသည်။ သူသည်အဆောက်အဦးတခု၏ ကြမ်းပြင်ပေါ်တွင် သတိလစ်မေ့မြောနေခဲ့သည်။

"ငါဘယ်ရောက်နေတာပါလိမ့်"

"သတိရလာပြီလား Jaejoong"

အသံကြောင့်ကြည့်လိုက်တော့ သူ့ရှေ့ပလ္လင်အမြင့်ပေါ်တွင် ထိုင်နေသော အလွန်တရာ ချောမွေ့လှပသည့် နတ်သားတပါး။ နတ်သားလို့ထင်ရခြင်းမှာ ကိုယ်ပေါ်တွင်အရောင်အဝါများ ထွန်းလင်းနေသောကြောင့်ဖြစ်သည်။ သူ၏အေးစက်သောအကြည့်က Changmin ကိုကျောရိုးထဲထိ စိမ့်သွားစေသည်။

"မင်းက သစ္စာဖောက် Yoochun ရဲ့သားပေါ့"

Changmin အံ့ဩသွားရင်း.....

"ဘာလို့ကျွန်တော့်အဖေကို သစ္စာဖောက်လို့ ပြောရတာလဲ"

"ဘာလို့လဲဟုတ်လား မင်းအဖေကငါ့ဆီက ရတနာဓားကိုယူသွားပြီး တိုက်ပွဲတွေတိုက်အောင်မြင်လာတော့ သူ့ကိုယ်သူနတ်ဘုရားဆိုပြီး အထင်ကြီးနေတာ ငါ့ရဲ့ဓားကိုလဲ ပြန်လာမပေးခဲ့ဘူးလေ"

"ဒါကလဲ လမ်းမသင့်လို့နေမှာပေါ့ ဖခမည်းတော်က အမြဲမအားဘူးလေ"

"မအားဘူးဆိုတာ နားလည်ပါတယ် သူ့နန်းတော်မှာ နတ်မကိုးကွယ်တာ နတ်အယုံအကြည်မရှိဘူး ဆိုတာကရော သူကိုယ်တိုင်တောင် နတ်တွေဆီက အကူအညီနဲ့ တိုက်ပွဲတွေအောင်မြင်ခဲ့တာလေ"

Gods Of Rome (Completed) Where stories live. Discover now