Episode 5

915 103 0
                                    

"အစ်ကိုတော် အစ်ကိုတော်"

နန်းဆောင်ရှေ့ဆီမှ အော်ခေါ်သံကြောင့် Zuနတ်မင်းကြီး ထွက်ကြည့်တော့ သူ့ရဲ့ညီတော် Suနတ်သား
လွန်ခဲ့တဲ့ နှစ်၂၀လောက်တည်းက ညီတော်ကိုအဆက်အသွယ်မလုပ် ပစ်ထားခဲ့ဖူးသည်။ မာနကြီးသောညီဖြစ်သူကလဲ သူ့ဆီလာပြီးမတောင်းပန်ခဲ့ပါ။ အခုမှရေးကြီးသုတ်ပျာ လာပုံထောက်တော့ အကြောင်းထူးရှိနေပြီ။

"ပြော ဘာကိစ္စလဲ"

"ကျွန်တော့်ကိုကူညီပါအစ်ကို ဒီမှာအစ်ကို့ရဲ့ နတ်ဓား"

"ဟင် မင်း ဘယ်လိုပြန်ရလာတာလဲ"

"ကျွန်တော်ပြီးရင်အကုန်ရှင်းပြပါ့မယ် အခုကျွန်တော့်ရဲ့ချစ်သူကို ကယ်တင်ပေးပါ"

Zuနတ်မင်းကြီး ကြည့်လိုက်တော့ အသက်ကင်းမဲ့နေပြီဖြစ်တဲ့ ကောင်ချောလေးတယောက်ရဲ့ အလောင်း။

"သူသေသွားပြီလေ ဘယ်လိုကယ်ရမလဲ"

"အစ်ကို့မှာအစွမ်းတွေရှိတာ ကျွန်တော်သိပါတယ် ကျွန်တော်အရင်ကမှားခဲ့တာတွေကို ခွင့်လွှတ်ပေးပြီး ကူညီပေးပါနော်"

Zu နတ်မင်းကြီးလဲ မျက်ရည်လည်ရွှဲနဲ့ တောင်းပန်နေသော ညီတော်Suနတ်သားကို ကြည့်နေမိသည်။ ဒီနှစ်တွေမှာ ညီအစ်ကို၂ယောက် အခေါ်အပြောမရှိခဲ့ပေမယ့် ညီရဲ့သတင်းကို Zuနတ်မင်းကြီး အမြဲနားစွင့်နေသည်။ ဒီကောင်လေး ရောက်လာပြီးမှ ညီတော်ပြုံးပြုံးရွှင်ရွှင် ဖြစ်လာတာကိုလဲ Zu နတ်မင်းကြီးကြားသိခဲ့ရသည်။

"ကောင်းပြီညီတော် ငါမင်းကို တတ်နိုင်သလောက် ကူညီပေးပါ့မယ် သူ့ကိုသယ်ပြီး ငါ့နောက်လိုက်ခဲ့ပါ"

နန်းဆောင်အတွင်းဘက်ရှိ ရှေးဟောင်းနတ်ရေကန်ကြီးဆီသို့ ရောက်လာသောအခါ Zuနတ်မင်းကြီးက.....

"ညီတော် မင်းဒီရေကန်အကြောင်းလဲ သိသင့်သလောက် သိမှာပေါ့ မင်းမှာရှိတဲ့အဖိုးတန်တာကိုပေးပြီး လိုတဲ့ဆုကိုတောင်းရတာလေ"

"သိပါတယ်အစ်ကို Changmin အသက်ပြန်ရှင်ဖို့အတွက် ကျွန်တော်ဘာပေးရမလဲ"

"တခြားတော့မဟုတ်ပါဘူး မင်းမှာရှိတဲ့တန်ခိုးတွေကိုပေါ့ မင်းဟာ ဘာတန်ခိုးမှမရှိတော့တဲ့ သာမန်နတ်တပါးဖြစ်သွားလိမ့်မယ်"

Gods Of Rome (Completed) Donde viven las historias. Descúbrelo ahora