Final

1.5K 130 4
                                    

Changmin တယောက် Zuနတ်မင်းကြီး အစည်းအဝေးက ပြန်ရောက်ပြီဆိုသည်နှင့် အလျင်အမြန်သွားတွေ့လေသည်။

"အစ်ကိုတော် Zu နတ်မင်း ဒီတိုင်းကြီးနေနေတော့မှာလား"

"Changmin မင်းစိတ်ကိုအရင်လျော့ မင်းကိုယ်ပေါ်က ဒဏ်ရာတွေကကောင်းသေးတာ မဟုတ်ဘူး ဒီပုံနဲ့ Jaejoong ကိုသွားတိုက်ခိုက်ရင် မင်းသေဖို့ပဲရှိတော့တာ"

"ဒါပေမယ့် Suuie ကသူ့လက်ထဲမှာလေ"

"ငါသိပါတယ် သူ့အစွမ်းက ငါတို့၂ယောက် ပေါင်းရင်တောင် နိုင်ဖို့မလွယ်ဘူး ဒါပေမယ့်သူဘာလို့ ဒီလိုရုတ်တရတ်ကြီး စွမ်းအားတွေရတာလဲ ဆိုတာကရော စဉ်းစားကြည့်ဖို့မလိုဘူးလား"

Changmin တချက်တွေဝေသွားသည်။ အရင်သူနဲ့တိုက်တုန်းက တချက်တည်းနဲ့ သတိလစ်သွားတာ မှတ်မိသေးသည်။ အခုရုတ်တရတ်ကြီး စွမ်းအားတွေတက်လာတာ စဉ်းစားလို့မရပေ။ Zu နတ်မင်းကြီးက Changmin ကိုဖြောင့်ဖြပြီး သူအဖြေရှာနေကြောင်းပြောပြသည်။ Changmin လဲဘာမှမတတ်နိုင်ပဲ ငြိမ်နေလေသည်။ စိတ်ထဲမှာတော့ ခုချက်ချင်း Su ဆီကိုပြေးသွားချင်နေပြီ။

Su ကလဲ တဖက်တွင် Jaejoong ကိုအလိုက်သင့်ဆက်ဆံပြီး လျို့ဝှက်ချက်ကိုသိအောင် ကြိုးစားနေသည်။ သူ့စိတ်ထဲတွင် Jaejoong ကိုဘယ်လိုမှချစ်လို့မရ။ Yoochun ရဲ့သား သူနှင့်တူသော ကိုယ်ပွားတခုအဖြစ်သာ စိတ်ထဲမှတ်ထားခဲ့တာဖြစ်သည်။

တနေ့တော့ထူးဆန်းတာတခုကို Su မြင်လိုက်ရသည်။
Jaejoong ကမှန်ရှေ့တွင် သူ့ဆံပင်ရှည်ကြီးကို ဖြီးနေသည်။ Su ကနောက်နားမှ ထိုင်ခုံတွင်ထိုင်နေရင်း အမှတ်တမဲ့မှန်ကိုကြည့်လိုက်ရာ....

"ဟင် Yoochun"

ဟုတ်ပါသည်။ မှန်ထဲတွင် Jaejoong ပုံမပေါ်ပဲ Yoochun ရဲ့ခက်ထန်သော မျက်နှာသာပေါ်နေသည်။ သူအနီးကပ်သွားကြည့်တော့ မရှိတော့ပေ။ Jaejoong ကသူ့အနားကိုအပြေးအလွှား ရောက်လာသော Su ကိုအထူးအဆန်းဖြစ်နေပြီး....

"ဘာဖြစ်တာလဲ ရုတ်တရတ်"

Su ကဘာပြောရမှန်းမသိ ဖြစ်နေပြီးမှ...

"ဟိုလေ Joongie ကို ဆံပင်ဝိုင်းဖြီးပေးမလို့ပါ"

Jaejoong လဲသဘောကျသွားပြီး Su ကိုဖက်လိုက်ရင်း

Gods Of Rome (Completed) Tempat cerita menjadi hidup. Temukan sekarang