Episode 3

1K 115 0
                                    

ဒီလိုချမ်းအေးလှတဲ့ရာသီဥတုမှာ မင်းသားလေး Jaejoong အပျော်ဆုံးက ချစ်သူ Yunho ရဲ့ရင်ခွင်ထဲမှာ အိပ်စက်ရတာကိုပါပဲ။ ချစ်သူလက်မောင်းကိုခေါင်းအုံး သူ့ရဲ့ကိုယ်ကိုဖက်ထား ချစ်သူကလဲ ယုယစွာပြန်ဖက်ထားတဲ့အပြင် ချစ်သူ့တောင်ပံများကပါ နွေးထွေးစွာတကိုယ်လုံးခြုံပေးထားသည်။

Joongie ကျွန်တော့်ရဲ့အချစ်ဆုံးလေး
အပြစ်ကင်းစွာအိပ်ပျော်နေသော ကျွန်တော့်မင်းသားလေး
နတ်သားဖြစ်သောကျွန်တော့်ထက် လှပလွန်းနေသူလေး

သူ့ကိုကျွန်တော်ချစ်မိသည့်အတွက် နောင်တမရပါ..။
Su နတ်သားအပြစ်ပေးမှာကိုလည်း မကြောက်ရွံ့ပါ
ဒါပေမယ့်---ကျွန်တော့်ချစ်သူလေး ဒုက္ခရောက်မှာကိုတော့ မလိုလား....။

အတွေးများစွာနှင့် ရင်ခွင်ထဲက ချစ်သူလေးကိုခပ်တင်းတင်းလေးဖက်မိတော့ ချစ်သူ့ကိုယ်လေးလူးလွန့်လာသည်။ ထိုအခါ နှင်းဆီရောင်ပါးပြင်လေးသို့ အနမ်းဖွဖွခြွေလိုက်မှ မျက်နှာလေးပြုံးယောင်သန်းကာ ပြန်အိပ်စက်သွားသည်။

"Changmin ရေ Changmin ဘယ်မှာလဲ"

"ကျွန်တော်ဒီမှာမင်းသားလေး"

"မင်းကိုငါပြောစရာရှိလို့ ငါနတ်သားကိုတွေ့သွားပြီ ပြီးတော့သူက ငါ့ချစ်သူဖြစ်သွားပြီလေ"

Changmin က မယုံတ၀က်နှင့်....

"ဟုတ်လား ဘယ်တုန်းကလဲ"

"မနေ့ကမှ ငါတို့မြင်မြင်ချင်းချစ်သွားတာ ညကငါသူ့ရင်ခွင်ထဲမှာအိပ်တာ"

ထိုအခါ Changmin ကမျက်မှောင်ကြုံ့ရင်း

"ဟာမဖြစ်နိုင်တာ ညကမင်းသားလေးအခန်း ကျွန်တော်လာသေးတာ ဘယ်နတ်သားမှမတွေ့ပါဘူး"

"ရှိပါတယ်ကွ တောင်ပံတွေနဲ့ အရမ်းချောတဲ့နတ်သားလေ"

"တကယ်မတွေ့တာ မင်းသားလေးတယောက်တည်း အိပ်နေတာပါ"

Jaejoong ကသက်ပြင်းချရင်း....

"အေးပေါ့ မင်းကသာမန်လူဆိုတော့ ဘယ်မြင်ရမလဲ ငါကတော့ သူ့ဖူးစာရှင်မို့လို့လေ"

Changmin လဲပြောချင်ရာပြောပြီး ထွက်သွားသော Jaejoong ကျောပြင်ကိုကြည့်ရင်း နားမလည်နိုင်စွာ ကျန်ခဲ့သည်။

Gods Of Rome (Completed) Hikayelerin yaşadığı yer. Şimdi keşfedin