ပြူးကျယ်လုံးဝန်းသော မျက်လုံးတစုံနဲ့အတူ အရှိန်ပြင်းစွာရွာနေတဲ့မိုးကို ထိုးဖောက်ကြည့်နေရင်း Kyungsoo တယောက် သူ့ဒူးခေါင်းကို စိတ်မရှည်စွာနဲ့ရိုက်လိုက်မိသည် ! car ရဲ့လေကာမှန်တေပေါ် အဆက်မပြတ် ပြင်းထန်စွာရွာကျနေတဲ့မိုးကြောင့် ကားရှေ့မီးကိုကျော်လွန်ပီး အရာရာကိုပြတ်သားစွာမြင်နိုင်ဖို့ခဲယဉ်းလွန်းလှတယ်လေ ! မဲမှောင်အုံ့မှိုင်းနေတဲ့ March လရဲ့ညနေခင်းကို သူစိတ်မရှည်စွာနဲ့ပဲ သက်ပြင်းချမိပါသည် ! ကားမောင်းနေတဲ့ သူ့အစ်ကို Myungsoo က kyungsoo ဖြစ်နေတဲ့ပုံကိုရယ်ရင်း...
" စိတ်အေးအေးထားပါ kyungsoo ရယ် မင်းလဲဒီစိတ်နဲ့ပဲ ရူးတော့မယ်... ကျောင်းသွားဖို့ကို အဲ့လောက်စိတ်လှုပ်ရှားနေတဲ့သူကိုငါမတွေ့ဖူးဘူး "
" ဒီကျောင်းကတခြားကျောင်းနဲ့မတူဘူးလေ hyungရဲ့ "
သူ့အစ်ကို ပြောစကားကိုတုံ့ပြန်ပီး car ရဲ့ လည်သာခုံမှာ စိတ်ငြိမ်အောင်ပြန်အနားယူထိုင်ရင်း Kyungsoo တွေးလိုက်မိသည် !
သူ့ရဲ့စိတ်ကို ခပ်ပေါ့ပေါ့နေတတ်တဲ့ သူ့အစ်ကိုလုံးဝ နားလည်နိုင်မှာမဟုတ်ပေ....
" ကျွန်တော် ဒီကျောင်းကိုတတ်ရဖို့ နှစ်တွေအများကြီး ကြိုးစားခဲ့ရတာ "
highway လမ်းမထက်ကားမောင်းနေရင်း ပြောလိုက်တဲ့ Kyungsoo စကားကြောင့် MyungSoo မျက်လုံးတေ သူ့ညီဘက်လှည့်ကာ...
" ငါသိပါတယ် kyung, မင်းရှင်းပြဖို့မလိုပါဘူး မင်းလိုမျိုး စာကြိုးစားသင့်ကြောင်း ဆုံးမစကားကိုပါ ဖေဖေ နဲ့ မေမေ ဆီက ထပ်ခါတလဲလဲ ကြားရတာလဲ ငါငြီးငွေ့နေပါပြီ "
Myungsoo မျက်နှာကို ရှုံမဲ့ရင်း ဆက်ပြောသည်...
" မင်းစာတွေပဲ ကြိုးစားမနေဘူး ဆိုရင်ခုလောက်ဆို ကောင်မလေးတယောက် ရလောက်တယ် "
Kyung Soo သူ့အစ်ကိုစကားကို လက်မခံနိုင်... အမှန်တော့အခုချိန်မှာ စာကြိုးစားတဲ့သူ့ အတွက်အဝေးဆုံးအရာက ကောင်မလေးတေပဲ ဆိုတာ Kyungsoo သိသည်..
" ကျွန်တော်ဒီလိုသာ စာမကြိုးစားခဲ့ဘူးဆိုရင်လည်း ဒီလို ထူးချွန်တဲ့ scholarship ကိုရမှာမဟုတ်ဘူးလေ "
JE LEEST
Progressive Education
FanfictieKaiSoo fic တွေထဲက နာမည်အကြီးဆုံး fic ကို translate လုပ်ထားတာပါ .. All the credits go to the original author