တနင်္ဂနွေနေ့တွေကို ကျွန်တော် စတင်ချစ်တတ်သွားတာ သိပ်မကြာသေးဘူး.....။
လွန်ခဲ့တဲ့ နှစ်လလောက်က ဖြစ်လိမ့်မယ်....။
ကျွန်တော်နဲ့လဲ ဘယ်လိုမှ မပက်သက်တဲ့ Coffee ဆိုင်ကို အဲ့ဒီ့တနင်္ဂနွေနေ့တွေတိုင်း မနေနိုင် မထိုင်နိုင် ရောက်ရောက်လာရတာလဲ... ပြုစားခံရခြင်း တစ်မျိုးပဲ...။Coffeeဆိုင်လေးက သိပ်ဆွဲဆောင်မှုမရှိပါဘူး...။
ရိုးရိုးရှင်းရှင်းပဲ....။
တေးသံငြိမ့်ငြိမ့်ညောင်းညောင်းလေးတစ်ခုဖွင့်ထားတယ်.။အနည်းငယ် ကျဉ်းသလိုပဲ...။ ဒါပေမယ့် ချစ်စရာကောင်းတယ်....။
ကော်ဖီအရသာကလဲ ပုံမှန်.. ကောင်းတယ်ဆိုရုံပဲ..။ကျွန်တော့်ကို ဆွဲဆောင်နေတဲ့ သက်ရှိတစ်မျိုးဟာ... တနင်္ဂနွေနေ့တိုင်း ထို Coffee ဆိုင်လေးမှာ တွေ့ရလေ့ရှိတယ်....။
ထို သတ္တဝါလေးဟာ... သိပ်ချစ်စရာကောင်းတယ်...။
Coffee ဆိုင်ကျဉ်းကျဉ်းလေးထက်ကို....။
ကျွန်တော့်မျက်စိထဲက အရာအားလုံးထက်ကို....။သူ့မျက်လုံးတွေက ဝိုင်းဝိုင်းစက်စက်လေး...။
သူ့နားရွက်တွေက ဆင်ပေါက်လေးတစ်ကောင်လို...။ချစ်စရာကောင်းတဲ့ အဲ့ဒီအရာလေးက သေးသေးကွေးကွေး ညှက်ညှက်လေးတော့ မဟုတ်ဘူး...။ သူ့အရပ်က အတော်လေးမြင့်တဲ့ ကျွန်တော့်ထက် ၁လက်မ ၂လက်မလောက်ပဲ ပုပုံရတယ်....။
ပတ်ဝန်းကျင်ကို တစ်ခါမှ အဖက်မလုပ်တဲ့ ထိုကောင်လေးက.... တနင်္ဂနွေနေ့တိုင်း... သူ့ကို ကျွန်တော် အမြဲ လာငေးနေလေ့ရှိတာကို သတိမပြုမိရှာဘူး..။
တစ်ခေါက်တော့ ကျွန်တော်တို့ မျက်လုံးချင်း ဆုံသွားဖူးတယ်...။
ကျွန်တော့်ကို ကြောင်တောင်တောင်လေး ပြူးကြည့်ပြီး ရယ်ပြသွားတယ်....။အဲ့ဒီအပြုံးနဲ့ ထိုကောင်လေးဟာ.
ကျွန်တော့်ရဲ့ အိပ်မပျော်နိုင်တော့တဲ့ ညဘက်တွေကို စတင် ဖန်ဆင်းတော့တာပဲ...။ကျွန်တော် သူ့ကို သတိပြုမိသွားပုံက ရုပ်ရှင် ဇာတ်ကားတွေ ဝတ္တု စာအုပ်တွေထဲကလို သိပ်ဆန်းမကြယ်ဘူး....။
အဲ့ဒီနေ့က.. ရာသီဥတု သာယာတယ်...။
တိမ်တွေကင်းစင်လို့... ။ နေရောင်က ဖျော့ဖျော့လေး..။
ဖြာကျတယ် ဆိုရုံလေး...။ တနင်္ဂနွေနေ့...။
YOU ARE READING
Sunday..............
General Fictionတနင်္ဂနွေနေ့တိုင်းဟာ.. ကလေး ဖန်ဆင်းတဲ့ ချစ်ခြင်းမေတ္တာတွေပဲ ဖြစ်တဲ့အကြောင်း.....