ဟိုမိုတွေ ကြည့်မရပါဘူး တကဲကဲ ဖြစ်နေတဲ့ ထို ကလေးကို.. ပန်းစည်းပေး...ချောကလက် ကျွေးပြီး.. ဆွဲဆောင်ဖို့ ကျွန်တော် မကြိုးစားဘူး....။
အခန့်မသင့်ရင် ကျွန်တော် အသက်အန္တရာယ်ပါ ထိခိုက်သွားနိုင်တယ်လေ...။ ကလေးက စိတ်က ဆတ်ဆတ်နဲ့....။
အချစ်အတွက် အသက်ပေးတယ်... ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုတာ အလကား... ။သေပြီးသွားမှ... ထချစ်လို့ရမှာလဲ မဟုတ်ပဲ...။
အဲ့ဒီတော့ ကျွန်တော့်ဟာ ကိုယ့် အသက်ကို စောင့်ရှောက်ရင်း... ကလေးကို ချစ်ဖို့ ဆုံးဖြတ်ထားတယ်..။
ကျွန်တော့်ကို ရှောင်နေသလား... မသိနိုင်တဲ့ သူဟာ.. တနင်္ဂနွေနေ့တိုင်း.. လာနေကြ ကော်ဖီဆိုင်လေးကို ရောက်မလာခဲ့ဘူး...။
ကျွန်တော့်မှာ ရင်ပူရတော့တာပဲ...။
သွားတတ်တဲ့ နေရာဆိုလို့ စာကြည့်တိုက်က လွဲပြီး.. ကျန်တာ မတွေးတတ်ဘူး...။ကလေးဟာ... သိပ် စမတ်ကျတယ်...။
ရှုပ်ပွနေတဲ့ အညိုရောင် ဆံပင်ဖွာဖွာတွေနဲ့....။ ရက်အနည်းငယ် မအိပ်ရသေးတဲ့ ... မျက်တွင်းဟောက်ပက်နဲ့.....။ကျွန်တော့် မျက်စိထဲမှာ... သူဟာ.. အရပ်ရှည်နေတဲ့ ကိုအာလာ ဝက်ဝံပေါက်....။
စာကြည့်တိုက်ရဲ့ ပြတင်းပေါက် တစ်ခုဘေးမှာ....
ခုံပေါ်မှောက်လျက် စာဖတ်နေရဲ့... ။
ခပ်ဖြေးဖြေး ကျွန်တော် ချဉ်းကပ်သွားတော့... သူက ဖျတ်ခနဲ လှည့်ကြည့်တယ် ..။စာကြည့်တိုက်ထဲတော့ ... သူ စာအုပ်တွေနဲ့ ပစ်မပေါက်လောက်ဘူး... ထင်ရတာပဲ...။
ယုံကြည်မှုတွေ လောင်းထည့်ပြီး... ခပ်တည်တည်ပဲ... ကောင်လေးရှေ့က ထိုင်ခုံကို ဆွဲယူပြီး ထိုင်လိုက်တယ်...။ကျွန်တော့်ရှေ့က ကိုအာလာလေးဟာ... မကြည်သလို စိုက်ကြည့်ရင်း... သတိအနေအထားနဲ့....။
" ဘာလာလုပ်တာလဲ... "
ကြည့်... စွာနေတာပဲ... မိန်းကလေးလဲ မဟုတ်ပဲနဲ့....။
နှုတ်ခမ်းကထော်ပြီးတော့ ...။" ဘာဖြစ်လို့ ကော်ဖီလာမသောက်တော့တာလဲ... "
သူက မျက်မှောင်ကြုတ်တယ် ...။
" ခင်ဗျားကို လန့်လို့.... "
ကျွန်တော် စာကြည့်တိုက်ထဲ အားရပါးရ ရယ်မောမပစ်လိုက်မိဖို့... မနည်း ထိန်းချုပ်လိုက်ရတယ်...။
YOU ARE READING
Sunday..............
General Fictionတနင်္ဂနွေနေ့တိုင်းဟာ.. ကလေး ဖန်ဆင်းတဲ့ ချစ်ခြင်းမေတ္တာတွေပဲ ဖြစ်တဲ့အကြောင်း.....