" ရော့ ... "
ဆတ်ခနဲ စာအိတ်နဲ့ ဆင်ဆင်အရာကို လက်ထဲ ရောက်လာတဲ့အခါ.. ကျွန်တော် မော့ကြည့်လိုက်မိတယ်...။
စာအုပ်ထဲ အာရုံရောက်နေတာနဲ့ ကျွန်တော့် သတ္တဝါလေး....ခြံထဲ ဘယ်လိုရောက်လာသလဲတောင်.. မသိလိုက်ဘူး...။
မနက်ခင်းစောစောစီးစီးတောင် မှုန်ကုတ်နေတဲ့ ကလေးမျက်နှာက .... ဂါဖီးကြောင်နဲ့တူတယ်.. ။" ဒါက ဘာများလဲ.. "
ခုံတစ်ခုံကို ဆွဲယူပြီး.. ကလေးဟာ.... သက်ပြင်းလေးလေးတစ်ခုချတယ် ...။
" ကျောင်းဆင်းပွဲအခမ်းအနားအတွက် လက်မှတ်... "
ကျွန်တော် မျက်ခုံးပင့်ကြည့်တော့.. သူက မျက်နှာလွှဲတယ်...။
" မနက်ဖြန်ည ၆နာရီ.. အိမ်ကို လာခေါ်.. ကျွန်တော် ခင်ဗျားနဲ့ သွားမလို့.. "
ပြောပြီးတာနဲ့ .. ခပ်မြန်မြန် ထထွက်သွားတဲ့ ကလေးနောက်ကျောကို ကြည့်ပြီး.. ကျွန်တော် ပြုံးမိတယ်...။
ကျွန်တော့်ရဲ့ ရေခဲတုံးလေး အရည်ပျော်စပြုပြီ ထင်ပါရဲ့..။ဆူညံနေတဲ့ စကားသံတွေနဲ့ .. လှုပ်လှုပ်ရွရွ လူတွေကို ကလေးက အလိုမကျသလို ကြည့်တယ်...။
ကျွန်တော့်ကိုလဲ မကြာခဏ လှမ်း အကဲခတ်သေးတယ်..။" စိတ်ရှုပ်လို့လား.. "
ကျွန်တော် မေးတော့မှ.. ခေါင်းညိတ်ပြပြီး..
" ကျွန်တော်က Piano တီးရဦးမှာ.. "
ဩော်... အဲ့ဒါကြောင့် .. ငြိမ်နေတာကိုး..။မဟုတ်ရင်.. လက်တစ်ဆစ်တောင် မရှည်တဲ့ စိတ်နဲ့ ကျွန်တော့်ရဲ့ ဒေါသအိုးဟာ ထပြန်လာမှာ သေချာနေသလောက်ပဲ..။
အစီအစဉ်ကြေညာသူက တစ်စုံတစ်ခု ပြောနေတုန်း.. ကလေးက သူ့အလှည့်မလို့ .. ဘေးက ထသွားပုံရတယ်...။
စန္ဒယားရှေ့မှာ ထိုင်နေတဲ့ ကလေးဟာ.. ကျွန်တော့်အတွက်.. အသက်ရှူမှားစရာကောင်းတယ်.. ။
ပျင်းရိငြီးငွေ့စရာလို့ ကျွန်တော် သတ်မှတ်ထားတဲ့ စန္ဒယားသံလေးလေးဟာ..သာယာချိုမြိန်စွာပဲ.. နားထဲ ဖြတ်သန်းစီးဆင်းတယ်...။
ကလေးကို ပြုံးပြီး ကြည့်နေမိတာ.. သီချင်းဆုံးတဲ့ အထိပဲ..။
YOU ARE READING
Sunday..............
General Fictionတနင်္ဂနွေနေ့တိုင်းဟာ.. ကလေး ဖန်ဆင်းတဲ့ ချစ်ခြင်းမေတ္တာတွေပဲ ဖြစ်တဲ့အကြောင်း.....