ပန်းမဟုတ်သော....ပန်းတစ်ပွင့်အကြောင်း...၁သူ့ခြေလှမ်းများမြေကြီး ကိုစတင်ထိတွေ့ချိန်မှာတော့ အမည်မဖော်တတ်သော ခံစားရသည့် အစိုင်အခဲများ ၀င်ကာလာသည်။ မရောက်တာကြာပြီးဖြစ်တဲ့ ငယ်ရပ်ဇာတိကို သူ လူမှန်သိတတ်စ လူလို့မိမိကိုယ်ကို သတ်မှတ်ပြီးပြီ မှပထမဦးဆုံးသော ပြန်လာခြင်းဖြစ်ပါသည်။
နေရာဒေသ ငယ်ဇာတိမြို့ကလေးကတော့ ဘာမှမပြောင်းလဲပါ။ ပြောင်းလဲသွားတာက သူနှင့်သူ၏ ဆိုးဖေါ်ဆိုးဖက်ငယ်သူငယ်ချင်းများပင် ဖြစ်တော့သည်။
မြို့ကလေးကတော့ သူကိုနွေးထွေးစွာ လက်ယက်ကြိုဆိုနေသည်။ မြို့ကလေးသည် သူကိုလွမ်းကြောင်း သတိရကြောင်းများ ပြောနေသည်။ သူကသာလျှင် မြို့ကလေးကို တမင်တကာမေ့ထားသည်ကိုတော့ သူသာလျှင်သိပေမည်။
ကြိုတင်တွက်ဆလို့မရသော် မထင်မှတ်ထားသည့် အကြောင်းရာများသည် သူ၏စိတ်များကို အများကြီးပြောင်းလဲစေခဲ့သည်။ သူတစ်ယောက်တည်းတော့ မဟုတ်ခဲ့ပါ၊ သူနှင့်အတူ သူ့၏အပေါင်းဖေါ်များ သည်လည်း ပြောင်းလဲစေခဲ့ပြီး။
"ကိုလေး လာပြီး...ကိုလေး...ဒေါ်ကြီးမယ် ဒီမှာ ဒီမှာ"
ငယ်ငယ်ကတည်းက ရို့ကျို့စွာနေလာခဲ့သော် ဒေါ်ကြီးမေ ကတော့ ဘယ်လိုပဲသင်သင် မပြောင်းလဲ ခေါ်ခဲ့သော သူအား ယခုချိန်ထိလည်း ကိုလေးပင် ခေါ်နေတုံးပင် ဖြစ်သည်။ သူဒေါ်ကြီးမယ် အနားသို့ ပြုံးပြလျှက်သွားလိုက်သည်။
"ဒေါ်ကြီးမယ် နေကောင်းတယ်နော်"
"ကောင်းပါ့တော်ကောင်းပါ့ ဒေါ်ကြီးတို့ကသာ သတိရလွမ်းနေတာပါတော်၊ ဒေါ်ကြီးတို့ကိုတော့ ဖုတ်လေသည့် ငပိရှိလေတယ်လို့တောင် မထားတော့ အဟင့်...
"အို...မဟုတ်တာ ဒေါ်ကြီးရာ လမ်းလယ်ကြီးမှာ လူတွေနဲ့ မရှက်ဘူးလာ ကလေးလေးကျနေတာပဲ ငိုနေတာ၊ ကျနော်လဲ လွမ်းတာပေါ့ဗျာ"
"လွမ်းတယ် ဟုတ်လား လွမ်းရင်တော့ ပြန်လာသင့်တာပေါ့ အနည်းဆုံး တစ်နှစ်တစ်ခေါက်လောက်၊ ခုတော့ဖြင့် ဆရာဝန်ကြီး ဖြစ်မှပြန်လာခဲ့တယ်ပေါ့လေ"
"အော်ဒေါ်ကြီးရယ်"
သူဒေါ်ကြီးမယ်ကို ဖက်ကာနှစ်သိမ့်ကာ သူဖြေသိမ့်စေသည်။ ဒေါ်ကြီးမယ်ပြောလဲပြောချင်စရာ သူနှင့်အပေါင်းပါ တွေအားလုံး ဒီမြို့မှခွာခဲ့ကြသည်။ တစ်နေရာ တစ်ဒေသဆီတွင် ကျင်လည်နေကြပြီး ဖြစ်သည်။ ထိုအကြောင်းရာများကို ဒေါ်ကြီးမယ် မသိမဟုတ် အားလုံးသိခဲ့သည်ဖြစ်ပါသည်။
လမ်းတလျှောက်ဒေါ်ကြီးကတော့ သူ့အားမည်သို့လွမ်းသည်၊ လွမ်းကြောင်းများကို စကားဖွဲ့ကာ ပြောပြသည်။ အဖေနှင့်အမေ သည်လည်း သူ့အားလွမ်းနေသည်အကြောင်းများကတော့ ထက်ကာနေသည်။ အမေနှင့်အဖေသည်သူအားလွမ်းနေမည်ဆိုသည်ကို အတတ်သိပါသည်။ ကျောင်းတက်နေစဉ် တလျောက်လုံးတွင် အကြောင်းအမျိုးမျိုးပြကာ သူ့ဆီသို့တပတ်တစ်ခါ ရောက်အောင်လာတတ်ကြသည်။
ခုတော့ အဖေကျမ္မားရေးကြောင့် သူပြန်လည်ရောက်ရှိခဲ့သော ဒီမြို့လေးကို မပြစ်မကင်းသူ သူ့အတွက်တော့ မွေးရပ်ဇာတိလေသည် နွေးထွေးစွာ ကြိုဆိုသော်ငြာလည်း အရာအားလုံးဟာ တိတ်ဆိတ်နေသလို ခံစားရသည်။
အိမ်၏ ခြံထဲသို့ ၀င်လိုက်တော့ အရင် ၁၀ နှစ်ကလို သာယာပျော်ဖွယ်မကောင်းပဲ တိတ်ဆိတ်ကာ နေသည့်ခြံဝန်းကြီးက သူအားခြောက်သွေ့စွာ ပြုံးပြနေသည်။
သူအိမ်ထဲကို တစ်ယောက်တည်းဝင်လိုက်သည်။ ဒေါ်ကြီးနှင့် အိမ်က အကူလေးများက သူ့အိတ်များကို ယူကာ သူ့၏အခန်းထဲသို့ ယူဆောင်သွားကြသည်။ သူခြေလှမ်းများက အဖေနှင့်အမေ အခန်းသို့ ၀င်လိုက်သည်။
အဖေသည် ကုတင်ပေါ်တွင် မှိန်းနေပြီး အမေက ဘုရားစာအုပ်လေးဖွင့်ကာ အဖေကိုအသံထွက်စာ ဖတ်ပြနေသည်။ သူတိတ်တဆိတ် ၀င်လိုက်ပြီး အမေကိုဖက်ကာနမ်းလိုက်သည်။ အမေကတော့ စာဖတ်မပျက်ပဲ သူ့အားဖက်လျှက်ဆီကြိုသည်။ သားတစ်ယောက်၏ သူ့အမေလက်သည် အရင်လို သန်မားမနေတော့ အနည်းငယ် ပျော့ပြောင်းနေသည်။
အမေ၏လက်များသည် အိုမင်သွားသည့်လက်ချောင်းကလေးများက အရင်လိုမလှပတော့၊ အနည်းငယ် ခြောက်သွေ့နေသော အမေလက်များသည် အရင်လို သွေးရောင်သန်မနေတော့ပါ။ အဖေနှင့်အမေကို သူထိုင်ကာ ကန်တော့လိုက်ပြီး မနှောက်ယှက်ပဲ အသာအယာ အခန်းအပြင်သို့ထွက်လာလိုက်သည်။
ခြေလှမ်းများက အိမ်၏ ဧည့်ခန်းသို့ဖြတ်ပြီး မိမိအခန်းသို့အကူတွင် ဧည့်ခန်းတွင်ချိတ်ထားသော မိသားစု ဓါတ်ပုံကလေးသည် သူ့အားပြုံးကာ ကြည့်နေသည်။ သူထိုဓါတ်ပုံကလေး အနားသို့တိုးကာ သွားကြည့်ပြီး တယုတယ လက်ဖြင့်ပွတ်သပ်ကာ ကြည့်နေမိသည်။
ဓါတ်ပုံထဲမှ ကောင်လေးနှစ်ယောက်ကတော့ သူအားပြုံးပြလျှက် ကြည့်နေသည်။ သူမျက်ဝန်းမှ မျက်ရည်ဥများ သီးကာ ဝေ့၀ယ်လည်လာပါတော့သည်။
"ကိုလေးက ညီလိုမျိုးအသားလဲ မဖြူဘူးနော် တကယ်ဆိုကိုလေးက မှမွေးစားသားဖြစ်ရမှာ သားကအမေတူလေ ဒါကြောင့်အသားဖြူတာ"
ထိုသို့သော စကားအရာမှာအနိုင်ယူတတ်သော ညီငယ်လေးကို ပြန်ပြောင်းကာ သတိရမိသည်။
"ညီငယ်ရယ် ဒီအချိန်မှာ မင်းရှိနေရင်လေ ကိုလေးမေးချင်ပါတယ်၊ ကိုလေးကို အရင်လိုပဲချစ်တုံးလား လို့"
YOU ARE READING
ပန်းမဟုတ်သော...ပန်းတစ်ပွင့်အကြောင်း
Novela JuvenilAll Cr. To >>> နှင်းဆီဆူး ( fb acc name )