ပန်းမဟုတ်​​သော...ပန်းတစ်​ပွင့်​အ​ကြောင်း (4) Final

1.6K 92 6
                                    

ပန်းမဟုတ်သော....ပန်းတစ်ပွင့်အကြောင်း....ဇာတ်သိမ်းပိုင်း

သူတို့ရောက်မှပင် အားလုံး ကျောင်းကြီးဆီသို့ပြန်ခဲ့ကြပါတော့သည်။
အခြေအနေတွေက ရုတ်တရက်ပြောင်းလဲသွားတော့ ညီညီငယ် နှင့်နန္ဒ အနေဝေးသွားသလို ဖြစ်သွားတော့သည်။ ကျောင်းကို ပြန်ရောက်တော့ နှင်းဆီတို့ မိန်းခလေးတွေကတော့ စိုးရိမ်စွာ စောင့်နေကြသည်။
ညီညီငယ် ကားပေါ်မှဆင်းဆင်းခြင်း နှင်းဆီ သည် ညီညီငယ်ဆီပြေးလာသည်။
"ညီငယ် ဘာဖြစ်သွားသေးလဲ"
"အော်နှင်းဆီ အင်းဘာမှမဖြစ်ခဲ့ပါဘူး အားလုံးအေးဆေးပါပဲ"
"အင်းဟယ် ငါကတော့ တညလုံး စိုးရီမ်ပြီး အိပ်တောင်မအိပ်နိုင်ဘူး ငါ့ကြောင့်လို့ တွေးပြီးစိတ်တောင်မကောင်းဘူး"
"အော် ဘာမှမဖြစ်ပါဘူး နှင်းဆီရယ် အားလုံးကောင်းပါတယ်၊ နင့်ကြောင့်လဲ မဟုတ်ပါဘူး"
ထိုအချိန်နန္ဒကားပေါ်မှဆင်းလာသည်ကို တွေ့လိုက်တော့ နှင်းဆီ နန္ဒကို ပြုံးပြလိုက်ပါသည်။
"နန္ဒ ကျေးဇူးတင်တယ်သိလာ"
"ဟင်.."
"ညီညီငယ်ကို စောင့်ရှောက်ပေးလို့ပါ၊ နင်သာမလိုက်သွားရင်လေ ညီညီငယ်တစ်ယောက်တည်းဖြစ်နေမှာ"
"အော်ရပါတယ် ငါ့ကြောင့်သာ ညီညီငယ် နှောင့်နှေးပြီးခုလိုဖြစ်သွားတာပါ၊ ငါသွားတော့မယ်နော်"
နန္ဒမျက်နာ တွင်ဖြစ်ပေါ်နေသော စိတ်မကောင်းမှု့တွေကို တွေ့ရတော့ နှင်းဆီပင် စိတ်ထဲတစ်မျိုးဖြစ်သွားသည်။
"နန္ဒဘာဖြစ်သွားတာလဲ မသိဘူးနော် မျက်နာလည်းမကောင်းဘူး"
"မသိဘူးလေ သူ့သွားမေးပေါ့"
ညီညီငယ်၏ အလိုမကျသော ဖြေသံကြောင့် နှင်းဆီ ညီညီငယ်ကို နာမလည်စွာကြည့်လိုက်သည်။
"နင်က နန္ဒကို ကျေးဇူးမတင်ဘူးလာ"
"ဘာဖြစ်လို့ တင်ရမှာတုံး အလာကားနေနင်က ကျေးဇူးတွေ တင်နေတာ နင်သာ အဲဒီကျေးဇူးတွေနဲ့ပိနေမယ်"
ညီညီငယ် နှင်းဆီကို စိတ်ဆိုး၍ပြောနေခြင်းမဟုတ်ပါ။ နန္ဒအကြောင်းပါလာသဖြင့် မကျေနပ်ပဲပြောခြင်းဖြစ်ပါသည်။
ညီညီငယ်နှင့် နှင်းဆီမကျဉ်းပင်အောက်သို့ရောက်တော့မှ တွယ်တာလည်းရောက်လာသည်။
"ဟယ် ညီငယ်ရယ်ငါတို့တွေ နင့်ကိုစိုးရီမ်လိုက်ရတာ ဘာမှမဖြစ်လို့တော်သေးတယ်၊ နှင်းဆီဆို တညလုံးငိုနေတာ သူ့ကြောင့်ဆိုပြီးတော့"
တွယ်တာစကားကြောင့် နှင်းဆီကို ညီညီငယ်ကြည့်လိုက်သည်။
"အေးဟာ ငါ့ကိုနင်တို့ပဲဂရုစိုက်ကြတာ တချို့တွေကတော့ ငါမပြန်မလာရင်ကောင်းမယ် လို့တောင် တွေးချင်တွေးနေမှာ"
"အို အဲလိုလည်းမဟုတ်ကြပါဘူး၊ ကျောင်းက သူငယ်ချင်းဆိုတော့ အားလုံးလဲ စိုးရီမ်နေကြတာပါ"
"နှင်းဆီရယ် ငါ့ကို မနှစ်သိမ့်ပါနဲ့ ငါလည်းမြင်တတ်ပါတယ်"
ညီညီငယ်၏ အားငယ်သံကြောင့်နှင်းဆီဘာမှထက်မပြောတော့ပါ။ ပြောလျှင်ပိုဆိုးလာမည် စိုးသောကြောင့်ဖြစ်ပါသည်။
ညီညီငယ် နှင်းဆီတို့နှင့်စကားပြော့ပီး နေ့လည် စာကြည့်တိုက်တွင်ဆုံရန်တိုင်ပင်ကာ အဆောင်သို့ပြန်လာခဲ့တော့သည်။ အခန်းတံခါးကို အသာဖွင့်ပြီးချောင်းကြည့်လိုက်သေးသည်။ သူမျှော်လင့်ထားတာက နန္ဒခရီးပန်းလို့အိပ်နေလောက်ပြီးဟုထင်ထားသည်။ ညကလဲ တစ်ညလုံး သူတို့နှစ်ယောက် မအိပ်ခဲ့ကြဘူးဆိုသည်ကို တစ်ယောက်နှင့်တစ်ယောက် သိရှိထားသည်မဟုတ်လား။
နန္ဒက ညီညီငယ် ထင်သလို အိပ်မနေပဲ တစ်စုံတရာကို အသဲသန်ရှာနေသည်။ ညီညီငယ်စာအုပ်စင်တွေရော ကုတင်ပေါ်တွေရော ရှာနေသည်။ ညီညီငယ်လည်း သိချင်လာသဖြင့် မ၀င်သေးပဲတံခါးအသာဟကာ ကြည့်နေမိသည်။
ကုတင်အောက်သို့ကုန်းရှာနေပြန်သည့် နန္ဒကတော့ ၀မ်းသာ သွားကာ စာရွက်လေးတစ်ရွက် လက်ထဲပါလာသည်။
"စာကဒီမှာကို ဘယ်လိုဖြစ်ပြီး ကုတင်အောက်ကျနေလဲ မသိဘူး၊ အော်..ငါပြတင်းတံခါးဖွင့်ထားတာကြောင့် လေနဲ့ပါသွားပြီး ကုတင်အောက်ရောက်သွားတာကို၊ ဒါကြောင့် ညီငယ်မမြင်တာပဲ"
နန္ဒအသံထွက်ပြောဆိုနေသောကြောင့် ညီညီငယ်လည်းကြားပါသည်။ နန္ဒတစ်ချက်ပြုံးလိုက်ကာ
"အကယ်၍ဒီစာသာ အဲဒီတုံးက ညီငယ်တွေ့ခဲ့ရင် သိပ်ကောင်းမှာပဲ၊ ငါနဲ့ညီငယ်လည်း ဒီလိုမျိုးပြဿနာဖြစ်လာမှာလဲ မဟုတ်ဘူး၊ ပြီးတော့ ညီငယ်လဲ ငါ့ကိုလာကြိုမှာ"
"ဘာကြောင့်ညီညီငယ်က မင်းကိုလာကြိုရမှာတုံး"
"အောင်မလေး"

ပန်းမဟုတ်​​သော...ပန်းတစ်​ပွင့်​အ​ကြောင်းWhere stories live. Discover now