**5**

6.6K 636 30
                                    

သူ​ပျော်​ဖို့အတွက်​ ကျွန်​​တော့ရင်​ကို

တံတားခင်းပြီး နင်းဖြတ်​သွားခိုင်းတာ မဟုတ်​ပါဘူး

အရင်​ထဲက ကျွန်​​တော့ဘဝက သူ့ရဲ့

ခြေ​တော်​ရင်းမှာပါ...ပိုင်​ဆိုင်​မှုဆိုတဲ့ ​ဝေါဟာရက

ခင်​​ဗျားနဲ့မှအကျယ်​တဝင့်​သုံးတတ်​ချင်​လာတာ

ကျွန်​​တော်​ အရမ်းမှား​နေပြီထင်​တယ်

Oh Sehunရယ်​....

ခေါင်းအုံးအစား သူ့လက်​​မောင်း​ပေါ်​နိုးထလာ

ရတဲ့ မနက်​ခင်း.....ကြင်​နာမှုလို့ ​ခေါင်းစဉ်​တပ်

လို့​တော့ မရ​ပေမယ့်​ ပထမဆုံး သူ့လက်​​မောင်း

ပေါ်က​နေ နိုးထရတဲ့မနက်​ခင်း.....

Oh Sehunနဲ့မှ ကျွန်​​တော့အတွက်

ပထမဆုံး​သောအရာ​တွေ သိပ်​များလွန်းတယ်...

သူ့မျက်​နှာကို ​ပေါက်​ထွက်​မတတ်​စိုက်​ကြည့်

နေတဲ့ ကျွန်​​တော့ရဲ့မျက်​ဝန်းထဲမှာ သူ့ရဲ့

ချော​မောမှု​တွေကိုမနာလိုအူတို ချီးကျူး​နေမိတယ်

ခင်​ဗျားပြည့်​စုံလွန်း​နေတာကို ကျွန်​​တော်

မုန်းတယ်​ Oh Sehunရယ်​....

ခွင့်​ပြုချက်​ မရလည်း အပြစ်​​ပေးခံပြီး နမ်းချင်​တဲ့

ဒီနှုတ်​ခမ်း​လေး...ကျွန်​​တော်​ တစ်​​ယောက်​ထဲသာ

ပိုင်​ဆိုင်​ခွင့်​ရမယ်​ဆို ဘယ်​​လောက်​​ကောင်းလိုက်

မလဲ....တိတ်​တဆိတ်​​တော့ ငါ့ကို​လောဘကြီး

ခွင့်​​ပေးပါ.....သူ့နှုတ်​ခမ်း​ရဲရဲ​လေး​တွေကို

ကျွန်​​တော့ လက်​​လေးနဲ့ဖွဖွ​လေးတို့ထိ​နေ​တော့

သူ့ရဲ့မျက်​လုံး​တွေ ​​ဖြေးညှင်းစွာပွင့်​လာတယ်​...

Oh!!!!! သူ့ရဲ့မျက်​လုံး​တွေထဲ နူးညံ့ခြင်း​တွေ

ရောယှက်​​နေတာကို ဘာလို့ခံစားမိ​နေတာလဲ..

Just a slaveHikayelerin yaşadığı yer. Şimdi keşfedin