ဘယ်လောက်ညှိုးနွမ်းနေတဲ့ ပန်းခြောက်လေး
ဖြစ်ပါစေ......တယုတယ သိမ်းထားသူအတွက်
တော့ အမြတ်နိုးဆုံးအရာတစ်ခုဖြစ်မှာပါလေ...
ကိုယ်မလိုချင်လို့ နင်းချေသွားတဲ့ ပန်းခြောက်
လေးဟာ....တစ်ပါးသူရဲ့ တန်ဖိုးထားရတဲ့
အရာတစ်ခုမဖြစ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်
မှာလဲ.....
အချစ်ဆိုတဲ့အရာဟာလည်း ပိုလို့တောင်
တန်ဖိုးချပြလို့ရတဲ့ အရာတစ်ခု မဟုတ်ပါဘူး..
အမြတ်တနိုး တန်ဖိုးထားတတ်သူအတွက်တော့
ကိုယ့်ရဲ့ပစ်ပယ်ခဲ့မှုက နောင်တတစ်ခု ဖြစ်လာနိုင်
တာကိုလည်း သင်သတိပြုမိသင့်တယ်...
<<Just a slave>>
ကိုယ့်ကို ချစ်လား တဲ့...hk..ဘယ်လိုများ မေးရက်
တာလဲ Oh Sehunရယ်...တစ်နေ့တစ်နေ့
မျက်ရည်ဆိုတဲ့အရာကို သူငယ်ချင်းလို
အဖော်ပြုနေရတဲ့ ကျွန်တော်က ခင်ဗျားအနား
ကပ်တွယ်နေရတဲ့ အကြောင်းအရင်းက
ဘာဖြစ်နိုင်မှာလဲ....ခင်ဗျားဆိုတဲ့လူက
ကျွန်တော်နဲ့ ပက်သတ်လာရင် ထက်မြက်ခြင်း
ဆိုတဲ့ ဂုဏ်ပုဒ်ပိုင်ဆိုင်ထားသူလို့ ပြောရမှာတောင်
ရှက်သင့်တယ်....ကောင်းပါတယ်...ခင်ဗျား
အတွက် ကျွန်တော့တန်ဖိုး ဗလာနဲ့ပဲ ကျေနပ်
ရမှာပေါ့....သုံးနှစ်တောင် ပေးလာတဲ့ ကြင်နာမှု
တစ်ချို့တစ်လေအတွက် ပြုံးရယ်ကျေနပ်ခွင့်
ရခဲ့ပြီးပြီမဟုတ်လား...လောဘဆိုတဲ့စကားနဲ့
မလိုက်ဖက်တဲ့ ကျွန်တော့အခြေအနေနဲ့
ŞİMDİ OKUDUĞUN
Just a slave
FanfictionSekai Boys love,,angst & Romance We did make love But I'll not be able to touch your❤