**18**

4.3K 432 30
                                    

"Ummm...."

"နိုးလာပြီလား..."

နူးညံ့အိစက်သော မွေ့ရာပေါ်မဟုတ်။မာကျော
နေတဲ့ ကြမ်းပြင်လည်းမဟုတ်။ နွေးထွေးနေသော ရင်ခွင်တစ်ခုပေါ်လား??
ရှတတအသံလာရာဘက်ကို မိန်းမောနေချင်
သေးတဲ့ မျက်လုံးတွေအတင်းဖွင့်ကြည့်ပါမှ။သူ။
ဘယ်လိုလုပ်ပြီး။ ည...ညက။

ညက အဖြစ်အပျက်များ တစ်ဖြည်းဖြည်းချင်း
တရေးရေးပေါ်လာမိတော့မှ။aishh...kim jongin မင်းသေသင့်တယ်။

"ဟိတ်...ဘာလို့ကိုယ့်ခေါင်းကိုယ်အဲ့လောက်ထုနေရတာလဲ...ကိုယ်ဗိုက်ဆာနေပြီ...တစ်ခုခုသွားစားရအောင်.."

"အိမ်ပြန်မယ်..."

"ဘယ်အိမ်လဲ..."

ရုပ်တည်ကြီးနဲ့ ။

"ဘယ်အိမ်ရမှာလဲ....ခင်ဗျားအကို ကျွန်တော့ရဲ့
အနာဂတ်ခင်ပွန်းလောင်းအိမ်ပေါ့.."

နည်းနည်းများလှုပ်လှုပ်ရှားရှားဖြစ်မလားလို့
ပြောမိလိုက်ပေမယ့် ထင်တာနဲ့တက်တက် ဆင်အောင်လွဲတာပဲ။အပြုံးဟုဆိုလို့မရသော
စက္ကန့်မျှ လှုပ်ရှားသွားတဲ့နှုတ်ခမ်းတွေ။

                 **Just a slave**

"ဘယ်အချိန်ထဲက ကိုယ့်ကိုချစ်နေခဲ့တာလဲ.."

ဟင်။ အေးစက်စက်အသံနှင့်အတူ အဆက်အစပ်မရှိ မေးလာသောမေးခွန်းက
အိပ်ချင်စိတ်တောင် ကြက်ပျောက်ငှက်ပျောက်။

"ဘာ...ဘာကိုလဲ..."

"Oh အိမ်တော်ကို စရောက်ထဲကလား..."

"အဟင်း....အဲ့ဒါတွေ ခင်ဗျားသိတော့ ဘာလုပ်
မလို့လဲ..."

"ဟုတ်ပါပြီ....ကိုယ်မမေးတော့ပါဘူး...ဒါပေမယ့်
ကိုယ့်ကြောင့် မင်းအများကြီးနာကြင် ခဲ့ရတယ်မဟုတ်လား.."

"အစထဲက ခင်ဗျားအပေါ် ကျွန်တော်မျှော်လင့်
ချက်မှမထားခဲ့တာ...ထင်သလောက်မနာကျင်
ခဲ့ရပါဘူး..."

တိမ်ဝင်လာသောအသံနှင့်အတူလက်အချင်းချင်းတင်းကြပ်နေအောင်စုပ်ကိုင်ထားတဲ့
ကလေးကိုကြည့်ရင်း ကိုယ့်ရဲ့ဖြစ်တည်မှုတောင်
ရွံရှာလာမိသည်။စကားအထစ်အငေါ့ တစ်ခါ
တစ်လေ ပြန်ပြောတတ်တာကလွဲ အမြဲ
သူရဲ့ အနိုင်ယူမိတွေ လက်ခံပေးခဲ့သူ မဟုတ်လား။

Just a slaveHikayelerin yaşadığı yer. Şimdi keşfedin