အချစ်မှာ ရင့်ကျက်ပြီးသား
လူတစ်ယောက်အတွက်
သူပေးတဲ့ နာကျင်မှုတွေကလည်း
အဆန်းတဝင့် ခံစားနေစရာမှမလိုတော့ပဲလေ
အပိုဆုအနေနဲ့ ထိုနာကျင်မှုရဲ့ တရားခံက
သူ၏ ကျွန်တော့အပေါ်သက်ရောက်မိသော
အချစ်ကြောင့် မဟုတ်လား...
အတ္တကြီးစွာဖြင့် သူ့လုပ်ရပ်အား အမှားဟု
မမြင်ဖြစ်ခဲ့ပါ......
<<Just a slave>>
လေခပ်ပြင်းပြင်းနဲ့ သည်းထန်သော မိုးရေစက်
တွေကြား အကာအကွယ်မဲ့ အိမ်ရှေ့ ခုံတန်း
လေးမှာ ထိုင်နေမိသည်....သူနိုးလာလို့
ရလာမယ့် တန်ပြန်သက်ရောက်မှုအတွက်
မည်သို့ဖြစ်လာမည်နည်း...ကျေးဇူးတရားကို
တန်ဖိုးထားသော ကလေးအတွက် ကျွန်တော့
လုပ်ရပ်သည် သူ့အတွက် အရှက်ရစရာ
ကျေးဇူးကန်ရာရောက်နေလိမ့်မည်...သို့သော်
တစ်ကိုယ်ကောင်းဆန်သော ကျွန်တော့
အချစ်အတွက် ကျွန်တော်သည်လည်း
ရင်နှင့်အမျှ ယနေ့တိုင် နာကျင်မှုနဲ့အဖော်
ပြုနေရမြဲဖြစ်သည်...."ဒီမှာ ဘာလုပ်နေတာလဲ...."
အရှိန်ပြင်းစွာ တိုက်ခတ်လာသော လေနဲ့အတူ
သူသည်လည်း အဖြူရောင်ရှပ်အကျီင်္ိပါးလေးနှင့်.."ဘာလို့ထွက်လာတာလဲ ကလေးရဲ့...ဖျားအုံး
မယ်...လာ...အိမ်ထဲဝင်ရအောင်.."နူးညံ့စွာ တွယ်ဖက်လာသော လက်တစ်စုံနဲ့
အတူ နူးညံ့သောအမိန့်သံသည်လည်း
တစ်သားတည်း....."Sehun..."
အားမရှိ တိုးလျနေသောအသံလေးကြောင့်
ုမျက်နှာတော်အား ဖူးကြည့်မိတော့ နာကျင်နေသော
မျက်ဝန်းမှ မျက်ရည်များ ပိုးပိုးပေါက်ပေါက်..
ညင်သာစွာ ပါးပေါ်သို့ လှမ်းလာသော
ကျွန်တော်၏ လက်များကို သူငြင်းပယ်လိုက်
သည်...ထိုအခြေအနေသည် ကျွန်တော့အတွက်
သိပ်တော့အဆင်မပြေလှ...Kim Jonginသည်
မဝေးလွန်းသေးသော အတိတ်နေ့များတွင်ကမှ
ကျွန်တော့စကားအား ဘုရားလိုကိုးကွယ်ခဲ့ရသူ
မဟုတ်လား...
ŞİMDİ OKUDUĞUN
Just a slave
FanfictionSekai Boys love,,angst & Romance We did make love But I'll not be able to touch your❤