" Hyung ... !! "Hyung .. သိနိုင်မလား ? ကမာကြီးနဲ့ လက်တ
လုံးခြားသွားတဲ့ အချိန်ခဏလေး ။ ပန်းတွေကြွေ
ကျမလာပါဘူး ။ လိပ်ပြာတွေလည်း မပျံသန်းဘူး
။ အချိန်တွေလည်းရပ်တန့်မသွားခဲ့ဘူး ။ ဒါပေမဲ့
သီးခြားဖြစ်သွားခဲ့တဲ့ ကျွန်တော့်ရဲ့ ခန္ဓာနဲ့ ဝိညာ
ဉ်ကတော့ အဲ့အရာတွေထက် နူးညံ့မှု ပိုကောင်း
ပိုနိုင်တဲ့ ခံစားမှုတွေနဲ့ ထိတွေ့ခဲ့ရတယ်လေ ။ တကယ်ပါ ။ ခဏလေးဆိုတဲ့ အချိန်အတွင်းမှာပဲ နှလုံးသား .. အဲ အဲ့အချိန်မှာတုန်းကတော့ နှလုံး သားလို့ နာမည်မတပ်နိုင်သေးဘူးပေါ့လေ ။ အန က်ရှိုင်းဆုံးဆိုတာပဲသိခဲ့ရုံ ၊မှတ်ဥာဏ်တွေထဲ စွဲမြဲ သွားစေခဲ့တဲ့ ပုံရိပ်လေး ။" Hyung ... လာကြိုတယ် ။ သွားနှင့်တော့မယ်
Jun Myeon ရေ .. ။ "" အမ် .. အင်း ....... ။ "
Lu Han ရဲ့နှုတ်ဆတ်စကားကိုတောင် ဂရုမ
ထားမိတော့ပေ ။ ရင်ဘတ်တနေရာက တစုံ
တခုပြုတ်ကျသွားသံက ဘာများလဲ ဆိုသည်
ကို အပြေးအလွှားအဖြေထုတ်မိနေလျက်ကမှ
Lu Han ဘေးနားရပ်နေခဲ့သည့် ကျွန်တော့်ကို
ခပ်လှမ်းလှမ်းကားတစီးဘေးနား ရပ်နေလျက်
မှ သူက .. လှမ်းရီပြုံးပြနေခဲ့ခြင်းကို ကျွန်တော်
သတိလက်လွတ် ဖြစ်မိသည်လေ ။" ကောင်းကောင်းသွား ... "
ခပ်တိုးတိုးရေရွတ်မိတဲ့ နှုတ်ဆတ်စကားလေး
တခွန်းက ကျောခိုင်းသွားပြီဖြစ်တဲ့ Lu Han
တောင်မကြားနိုင်တော့တဲ့ အနေအထား ။" Hyung ... "
သြော် တကယ်တော့ သူ့အတွက်ဖြစ်ခဲ့တာကိုး
။ ကျွန်တော် တိတ်တခိုးလေး ကြိတ်ကာပြုံးမိ
သည် ။ ကျွန်တော့်ရဲ့ဝိညာဉ်ကတောင် ရှက်လန့်
နေသေး ။ ကျွန်တော့်ရဲ့ နှလုံးသားလွင်ပြင်ကျယ်
မှာ ပန်းရောင်စုံတွေ ဖူးပွင့်လာခဲ့ပုံပါပဲ ။ ကျွန်တေ
ာ် သိခဲ့ပြီ ။ ပြုတ်ကျသွားခဲ့တာ ... နှလုံးသားတစုံ
ဆိုတာ ..... ။ပွင့်အံလာတဲ့ ရင်ခုန်သံ ။
နွေးထွေးလှတဲ့ အကြည့်တို့အောက်မှာ ။
ရုန်းကန်မရအောင် ချည်နှောင်မိတဲ့ ကြိုးလေး
တချောင်း ။Hyung ... သိနိုင်မလား ? ကျွန်တော် Hyung
ကို စတွေ့ကတည်းက ချစ်ခဲ့တာ ။
![](https://img.wattpad.com/cover/72761781-288-k906005.jpg)