မှောင်​ခို (ဇာတ်​သိမ်း)

5.5K 463 23
                                    

ခိုင်းအ်​နဲ့မ​တွေ့တာ၉လကြာသွားခဲ့ပြီ။ဒါ​​ပေမယ့်​ခိုင်းအ်​အဆင်​​ပြေ​နေမှာပါလို့​တော့ခရစ်​စ်​​မျှော်​လင့်​မိတယ်​။လူဆိုတာ သံ​ယောဇဉ်​ အမြစ်​အတွယ်​မြန်​တဲ့အမျိုးဆို​တော့ သူနဲ့ခိုင်းအ်​ရဲ့ထူးခြားတဲ့ဆက်​ဆံ​ရေးမှာ ​လေးနက်​တဲ့သံ​ယောဇဉ်​​တော့ကျန်​မိတာအမှန်​ပဲ။

သူ့ကိုမြင်​လိုက်​တိုင်းရုန်းထွက်​ဖို့ခက်​တဲ့သား​ကောင်​ဘဝလို၊သူ့အထိ​တွေ့​တွေမှာလွှတ်​​မြောက်​ခွင့်​ရ​နေတဲ့ငှက်​​မွှေးစလို အမှန်​တကယ်​​တော့ရင်​ခုန်​မိတာပဲအထူးသဖြင့်​ သူ့ရဲ့ချစ်​တယ်​ဆိုတဲ့စကား။ရင်​ဘတ်​ထဲက​မောဟိုက်​မှု​ကြောင့်​ခုန်​​ပေါက်​​နေတဲ့နှလုံးသား​တောင်​ရပ်​တန့်​လုမတတ်​ဖြစ်​ခဲ့တာ။

ချစ်​မိခဲ့တယ်​ဆို​ပေမယ့်​ အချိန်​မှီရပ်​တန့်​နိုင်​ခဲ့တဲ့သူ့ဖက်​ကမမှားဘူးလို့ တထစ်​ချယူဆထားတယ်​။ဖုန်းringtoneမြည်​လာတာနဲ့ အိုင်​ဒီကိုကြည့်​လိုက်​​တော့ အမည်​မသိနံ​ပေါက်​တစ်​ခု။ကိုင်​သင့်​လားမကိုင်​သင့်​လားဆုံးဖြတ်​ပြီး​နောက်​ ​ဖြေဆိုရန်​ဖုန်းကိုညာဖက်​သို့ပွတ်​ဆွဲလိုက်​သည်​။

:​နောက်​ဆုံး​တော့ခင်​များဖုန်းကိုင်​ပြီပဲ ခရစ်​စ်​:

တည်​ညိမ်​စွာခုန်​​ပေါက်​​နေတဲ့နှလုံးသား​လေး ရုတ်​ချည်းစက်​ရပ်​သွားသလို ဒီခပ်​ရှရှအသံကပြုစားနိုင်​တယ်​။
မေ့ဖို့ကြိုးစား​နေခဲ့တာ။

:ခင်​များကျွန်​​တော့်​ကိုပြန်​မ​ဖြေချင်​မှန်းသိ​ပေမယ့်​ ဖုန်း
တော့မချလိုက်​ပါနဲ့:

လေတိုးသံလိုမသဲမကွဲသူ့အသံကဖုန်းထဲဝင်​လာခဲ့သည်​။

:ခင်​များအသက်​ရှူ သံ​တွေမြန်​လာတယ်​။ကျွန်​​တော်
လွမ်း​နေခဲ့တာ:

ငါက​တော့မင်းကို​မေ့​နေနိုင်​ခဲ့တယ်​ ခိုင်းအ်

:ကျွန်​​တော်​အခုဘယ်​​ရောက်​​နေတယ်​လို့ခင်​များထင်​လဲ:

လေတဟူးဟူးတိုးသံကစပီကာအတွင်းဝင်​လာ​တော့
ခရစ်​စ်​မျက်​​မှောင်​ကျူံ့ လိုက်​မိသည်​။ခိုင်းအ်​​သေချာ
ပေါက်​​လေထန်​တဲ့အမြင့်​တစ်​​နေရာမှာရှိ​နေတယ်​။

မှောင်​ခိုOù les histoires vivent. Découvrez maintenant