နူးညံ့သည့်ဖဲမွေ့ယာပေါ်မှာ အနီရဲရဲခပ်တိုတိုဂါဝန်နဲ့
လျောင်းစက်နေတဲ့သူမရဲ့အလှကလိုချင်သွေးကြွချင်
စရာ။လှပလွန်းတဲ့သူမမျက်နှာ၊ရင်ဖိုစရာခန္ဓာကိုယ်၊
ယိုင်လဲချင်စရာ စကားသံတို့က အခုအချိန်မှာအတု
အယောင်တွေမှန်းသိခဲ့ပြီ။
သူမညာရက်တယ်။သူမလှည့်စားရက်တယ်။ပလက်စ
တစ်တွေဖုံးပြီး ကျွန်တော်ရဲ့အချစ်တွေကိုလိမ်ညာလု
ယူရက်တယ်။"ပြန်လာပြီလာ မောင်။" လိမ်ခွေခွေ ရွှေအိုအောင်ဆံနွယ်လေးတွေကို ဖယောင်းလက်တစ်ဖက်နဲ့သပ်
ပြီး ဖဲမွေ့ယာပေါ်ကသူမကြွကြွလေးထလာသည်။
မြွေတစ်ကောင်လိုရစ်ပတ်လာတဲ့ကျွန်တော့်လည်ပင်း
ပေါ်ကသူမလက်တွေက အသက်ရှူ ကြပ်ချင်စရာပါ
လား။ နီစွေးစွေး ပလက်စတစ်နှုတ်ခမ်းတို့က နူးညံ့
စိုစွတ်တဲ့ ဂျယ်လီလို ကျွန်တော့်နှုတ်ခမ်းမှာလာကပ်
တယ်။ဒီအနမ်းတွေကရော အစစ်အမှန်တွေဟုတ်ပါ့မလား ကျွန်တော်စိုးရိမ်မိတယ်။သူမဘယ်အထိကျွန်တော့်ကိုလှလှပပလိမ်ညာထား
သလဲ?ပလက်စတစ်တွေနဲ့ထုတ်ပိုးထားတဲ့သူမခန္ဓာကိုယ်အိအိလေးကိုလက်မောင်းအပြည့်ထွေးပွေ့ကာ ဖဲမွေ့
ယာပေါ်အသာချလိုက်သည်။ ရေမြုပ်ထည့်ထားတဲ့
ခေါင်းအုံးတစ်လုံးလိုအိစက်တဲ့သူမအသားစိုင်တွေက
မက်မောဖို့ကောင်းပါတယ်။သူမကိုယ်ပေါ်ကအနီရောင်အခွံကိုဆွဲခွာလိုက်ပြီး
အတွင်းသားတွေကိုထိတွေ့လိုက်တယ်။မင်းတော်ပါ
တယ် အဖြေမသိရသေးတဲ့အချိန်အတွင်း မင်းငါ့ကို
ယစ်မူးစေတယ် Elsa။"သူ့ကိုပြင်ပေးတဲ့ဒေါက်တာက သိပ်လျှို့ ဝှက်တယ်။
မှတ်တမ်းကိုရှာတွေ့ဖို့ကသိပ်မလွယ်ဘူး။""လွယ်လွန်းရင်မင်းဆီကိုလာအပေးအယူမလုပ်ဘူး။
ခိုင်းအ် ""ခင်များကျူ ပ်နာမည်ကိုမှတ်မိနေတာပဲ ခရစ်စ်" စူးရဲရဲ
မျက်ဝန်းတစ်ဖက်ကိုလက်တစ်ပြတ်မှိတ်ရင်း မြောက်
ကိုင်ထားတဲ့ ဖန်ခွက်ထဲကရွှေရောင်အရည်တို့ကမီး
ရောင်အောက်မှာလင်းလက်သွားသည်။
KAMU SEDANG MEMBACA
မှောင်ခို
Fiksi Penggemarမနွေးထွေးသော ➳ အေးစက်နေသော မလှပသော ➳ အကျည်းတန်သော အချစ်တို့ကို မှောင်ခိုဆန်ဆန် ရောင်းဝယ်ယစ်မူးခဲ့သည်။ Paring: KK ||kris x kai || (မကြိုက်ရင်မဖတ်ပါနဲ့)