Far Far Away

646 42 2
                                    


"မင်း...မင်း ကိုဘာလုပ်​မိလို့လဲ"

"ဟား...ဟား ဘာလုပ်​မိလို့လဲ ဟုတ်​လား"
ခေါင်းကိုနံရံနှင့်​​ဆောင့်​လိုက်​တာ​ကြောင့်
လည်​ပင်းထိတိုင်​​အောင်​ကျလာတဲ့​သွေး​တွေ..
"မင်းလဲ ငါ့အ​ကြောင်းမသိ​သေးဘူးပဲ
OK ခု​တော့သိဖို့အချိန်​တန်​ပြီ"
မျက်​နှာ​ပေါ်သို့အဆင့်​ဆင့်​ကျ​ရောက်​လာတဲ့
လက်​သီးချက်​​တွေ
"Min Yoon Gi မင်းအဆင့်​​လောက်​နဲ့ငါ့ကို
ပြသနာလာမရှာနဲ့ က​လေးက က​လေးအဆင့်​ပဲ​ပေါ့ကွာ"
ခပ်​ယဲ့ယဲ့ ပြုံးပြီး​ပြောလိုက်​တဲ့စကားက
Yoon Gi အတွက်​ သံရည်​ပူ​တွေလိုပဲ
ပူ​လောင်​ခဲ့တယ်​ဆိုတာ သူမသိခဲ့
"Ya- Kim Tae Hyung"
ဒေါသ​​တွေပြည့်​​နေတဲ့ ​ခေါ်သံ
"ဒီ​နေ့က မင်းငါ့ကိုနိုင်​တဲ့​နေ့ဆို
နောက်​​နေ့​တွေက ငါမင်းကိုအနိုင်​ပိုင်းတဲ့​နေ့ပဲ"
Tae Hyung က​တော့ ဂရုစိုက်​ဟန်​မရှိတဲ့
အကြည့်​​တွေနဲ့​ပေါ့
သူအ​နောက်​သို့လှည့်​ကာ
သူ့ရဲ့ဘက်​​တော်​သား ​နောက်​လိုက်
ရှင်းရှင်း​​ပြောရရင်​​တော့
သူ့ကို​ကြောက်လို့ ​ခွေးဖြစ်ခံ​​နေရတဲ့သူ​တွေ
"မင်းတို့ ရှင်းလိုက်​​တော့"
"​နေဦး မ​သေ​စေနဲ့ ငါသူနဲ့ ရှင်း​ရမယ့်​ပြသနာ​တွေကျန်​​သေးတယ်​"
သူထို​နေရာမှ လှည့်​ထွက်​ခဲ့သည်
ဆန့်​ကျင်​ဘက်​​ကျောဘက်​မှာ​တော့
အော်​ဟစ်​ သံ​တွေ သာ ​နေရာယူသွားသည်
--------------------------------------------
"Kim Tae Hyung"
ဆရာ့ရဲ့ ​ခေါ်သံကိုကြား​တော့ ​မှောက်​အိပ်​​နေရာမှ
ထလာသည်
"ရုံးခန်းလာခဲ့"
မျက်​နှာထားက​တော့ ဘယ်​သူ့ကိုမှ
ဂရုမစိုက်​တဲ့ပုံနဲ့ဆရာ့​နောက်​လိုက်​သွားသည်
" ကဲ ​ပြောစမ်းပါအုံး မင်းနဲ့Yoon Gi
မ​နေ့က ရန်​ဖြစ်​ကြတယ်​ဆို ဘယ်​လိုဖြစ်​တာလဲ"
"​ကျောင်းသား​နှစ်​​ယောက်​ရန်​ဖြစ်​တာ အဲ့​လောက်​ကြီးကျယ်​တဲ့ ကိစ္စလားဗျာ
ဟာသ​တွေပါ"
"ဘာ...မင်းက ​​ကျောင်းသား​အချင်းချင်း​တောင်​မဟုတ်​ဘူး
ဆရာကို​တောင်​ မ​လေးစားပါလား"
"Kim Tae Hyung"
တံခါးမှ လာတဲ့အသံ
ဒီအသံ ဒီအသံကို သူရင်းရင်းနှီးနှီးကြားဖူးတယ်
သူအရမ်းမုန်းတဲ့သူ သူ့ဘဝကိုရစရာမရှိ​အောင်
ရိုက်​ချိုးပစ်​သူ
"မင်း ရန်​ဖြစ်​ပြန်​ပြီလား"
"ကျွန်​​တော်​ရန်​ဖြစ်​တယ်​ဟုတ်​တယ်
ဒါ​ပေမယ့်​ ဒီကိစ္စက ခဗျားနဲ့မဆိုင်​ဘူး"
"မင်းကငါ့ရဲ့သား ငါနဲ့ဆိုင်​တယ်
ခုလဲဆရာ​တွေ​ခေါ်လို့လာတာ"
ထိုလူက ဆရာ့ကိုကြည့်​ပြီ
"ဆရာ ကျွန်​​တော့သားအစားကျွန်​​တော်​​တောင်းပန်​ပါတယ်​ ခုပြသနာကို​ပြေလည်​​အောင်​ရှင်း​ပေးပါ့မယ်​"
"ခုလိုပြသနာ ​နောက်​ဆုံးအကြိ​မ်​လို့သ​ဘောထား​ပေးလိုက်​ပါ့မယ်​ ​နောက်​တခါဆိုရင်​​တော့ မရ​တော့ဘူး​နော်​"
"ဟုတ်​ကဲ့ပါ ​ကျေးဇူးတင်​ပါတယ်​ ကျွန်​​တော်​တို့ကိုခွင့်​ပြုပါ"
ရုံးခန်းအပြင်​သို့အ​ရောက်
"Kim Tae Hyung မင်းက ငါ့မျက်​နှာနဲ့လုပ်​ချင်​တိုင်းလုပ်​​နေရ​အောင်
မင်းကိုယ်​မင်း​တော်​လှပြီ​ထင်​​နေတာလား"
"ကျုပ်​က ခဗျား မျက်​နှာနဲ့ လုပ်​​နေတာမဟုတ်​သလို ​တော်​လဲမ​တော်​ဘူး
ပြီး​တော့ ကျုပ်​ဟာကျုပ်​ ဖြစ်​ချင်​ရာဖြစ်​မယ်
ခဗျားဝင်​ပါစရာအ​ကြောင်းမရှိဘူး"
သူ​ပြောချင်​ရာ​ပြောပြီး လှည့်​ထွက်​ခဲ့သည်
Kim Tae Hyung --
သူက တစ်​​ကျောင်းလုံးမှာ လူဆိုးဂိုဏ်း​ခေါင်း​ဆောင်
ကျောင်းသူ​တွေကအစ သူ​ရှေ့ဖြတ်​မ​လျှောက်​ရဲဘူး
တွေ့သမျှ​ကျောင်းသား ​တွေကို
သူအမြဲအနိုင်​ကျင့်​တယ်
ဒီလို​တွေဖြစ်​လာရတာ သူ့ရဲ့အ​ဖေ
သို့မဟုတ်​ သူအရမ်းမုန်းရတဲ့သူ
တစ်​​ယောက်​​ကြောင့်​........။

Far Far AwayHikayelerin yaşadığı yer. Şimdi keşfedin