Part 3

276 39 1
                                    

အခန်းပြတင်း​ပေါက်​မှ တစ်​ဆင့်
ဖြတ်​​ပြေးဝင်​လာ​သော ​နံနက်​ခင်း​နေ​ရောင်​ခြည်
ကြောင့်​ မျက်​လုံးအိမ်​တစ်​စုံ နိုးထလာသည်
Kim Tae တစ်​ခုခုကို တတိရသွားပုံရသည်
"ဒီ​နေ့ Yuna ကိုသွား​ခေါ်ရမယ့်​​နေ့ပဲ"
ု​ပြောပြီး ​ရေချိုးခန်းထဲသို့ဝင်​သွားသည်
ထို့​နောက်​ ​ရေချိုးခန်းထဲမှ ထွက်​လာပြီး ခပ်​မြန်​မြန်​ ပြင်​ဆင်​လိုက်​သည်
ဆောင်းရာသီ ဖြစ်​၍နှင်းများမှာ တဖွဲဖွဲ ကျဆင်းလျက်​ရှိသည်
Tae Hyung အိမ်​မှ Yuna ရှိရာသို့လာခဲ့သည်
လမ်းတစ်​​လျှောက်​မှာလဲ အဖြူ​ရောင်​နှင်းပွင့်​​ကော်​​ဇောကြ်ီး ဖြန့်​ခင်းထားလျက်
"Yuna-ya"
"Tae Hyung အ​စောကြီးပဲလာ​ခေါ်တာလား"
Tae Hyung ပြုံးပြပြီး
"အင်း...အခုလို မနက်​မျိုးမှာ နင်​နဲ့တူတူ
လမ်း​လျှောက်​ချင်​လို့"
Yuna မျက်​နှာတစ်​​လျှောက်​ ရှက်​​သွေးနီနီဖြာသွားသည်
"အဲ့ဒါဆိုလဲ သွားမယ်​​လေ"
Tae Hyung သူမလက်​အားလှမ်းဆွဲပြီး
"ခဏ​လေး ဦးထုပ်​​ဆောင်းသွား​အေးတယ်​"
သူ​ဆောင်းခဲ့​သော ဦးထုပ်​​လေးအား
သူမအား ​ဆောင်း​ပေးလိုက်​သည်
"​ကျေးဇူးပါပဲ Kim Tae သွားမယ်​​လေ"
သူမနှင့်​အတူ နှစ်​​ယောက်​အတူ​လျှောက်​လာခဲ့သည်

On the way
...............
"Tae Hyung ဟိုတစ်​​နေ့က ​ကျောင်းမှာ Yoon Gi နဲ့ ရန်​ဖြစ်​တယ်​ဆို"
Tae Hyung နှုတ်​ဆိတ်​လို့သာ​နေသည်
"ရန်​မဖြစ်​ပါနဲ့လို့​ပြောထားတာကို
ငါရန်​ဖြစ်​တာကိုမကြိုက်​တာ သိရဲ့သားနဲ့"
Tae Hyung မျက်​နှာငယ်​​လေးလုပ်​ကာ
"ငါ​တောင်းပန်​ပါတယ်​ အဲ့လိုဖြစ်​ဖို့ မရည်​ရွယ်​ပါဘူး ဒါ​ပေမယ့်​ သူကအရင်​..."
Tae Hyung စကားမဆုံးခင်​ ပင်
"​တော်​ပြီ ဘာမှမ​ပြောနဲ့​တော့ နင်​လုပ်​လိုက်​တဲ့
လုပ်​ရပ်​​တွေ ကငါ့ကိုနင်​ တန်​ဖိုးမထားမှန်း သိသာလွန်းပါတယ်​ အဲ့ဒါမို့​လေ ငါနင့်​ကို
ပြန်​မချစ်​တာ နင်​သိသင့်​တယ်​"
သူမ စိတ်​ဆိုးဆိုးနဲ့ ​ပြောပြီး​ပြေးထွက်​သွားသည်
Tae Hyung တားမြစ်​ချိန်​ပင်​ မရလိုက်​။
----------------------------------------------
နင့်​ကို ဟိုးငယ်​ငယ်​တည်းကချစ်ခဲ့ရတာပါ
သူငယ်ချင်း သံ​​ယောဇဉ်​​​ကြောင့်​တစ်​မျိုးချစ်​ရပြန်​တယ်
အဲ့ထက်​ပိုတဲ့ အချစ်​​တွေနဲ့လည်း ချစ်​ခဲ့ရပြန်​တယ်​ နင်​ဆိုတာ ငါ့အတွက်​​တော့
မရှိမဖြစ်​ပဲ ဘယ်​သူမှငါ့အနားမှာရှိစရာမလိုပါဘူး
နင်​ရှိရင်​ ငါ့ဘဝက အလိုလို ပြည့်​စုံ​နေပြီ
ငါအခု အသက်​ရှင်​​နေတာ ငါ့အတွက်​မဟုတ်​ဘူး
နင့်​အတွက်​ပဲ...။
ကျွန်​​တော်​ သူမကို အဲ့​လောက်​ထိ ရူးရူးမူးမူး
ချစ်​ခဲ့တာပါ။
------------------------------------------------------
ကျောင်းသို့ ​ရောက်​​​တော့ ဘယ်​ကိုမှမသွား​တော့ပဲ
အတန်းထဲသို့သာ လာခဲ့သည်
ကျွန်​​တော်​ထိုင်​​နေကျ ခုံ​ဘေးမှာ မိန်းက​လေးတစ်​စု အုတ်အုတ်​ကျက်​ကျက်
ဖြစ်​​နေကြသည်​။
ယ​နေ့ ​အ​​တော်​ပင်​ထူးဆန်း​နေသည်​။
အရင်​​နေ့​တွေက ကျွန်​​တော့်​ခုံနားပင်​ မ​ပြောနှင့်​ သူတို့ခုံမှာထိုင်​​နေရင်​​တောင်​ ကျွန်​​တော်​ဝင်​လာရင်​ အကုန်​တိတ်​ဆိတ်​သွားကြသည်​ ဒီ​​​​နေ့​တော့ ဘယ်​လိုဖြစ်​သည်​မသိ
သို့​သော်​ ကျွန်​​တော်​ သ​ဘော​ပေါက်​သွားခဲ့ရပြီ
Jeon Jung Kook တစ်​​ယောက်​လုံးရှိ​နေခဲ့လို့ဆိုတာကို​ပေါ့
ကျွန်​​တော်​ ထိုမိန်းက​လေး အုပ်​စု​ဘေးမှ ကပ်​ပြီး
ကျွန်​​တော့်​ ခုံတွင်​ဝင်​ထိုင်​​နေသည်
သူတို့က​တော့ ကျွန်​​တော့်​ ကိုဂရုစိုက်​မိပုံမရ
Jung Kook က​တော့ ကျွန်​​တော့်​ကိုမြင်​သည်​နှင့်
"ဒါ​တွေကို ​နောက်​မှပဲ တွက်​ပြ​တော့မယ်​​နော်
ကျွန်​​တော်​ မအားလို့ "ဟု​ပြောပြီး အနုနည်းနှင့်
နှင်​ထုတ်​လိုက်​မှ ထိုမိန်းက​လေး တစ်​စု ကိုယ့်​​နေရာကို ပြန်​သွားကြသည်
"​ဝေ့... Kim Tae Hyung ​ရောက်​လာတာ​တောင်​နှုတ်​မဆက်​ဘူး"
"မင်းကိုယ်​မင်း​တောင်​ မအားဘူး ငါကဘယ်​လိုနှုတ်​ဆက်​ရမှာတုန်း"
Jung Kook က က​လေးဆန်​ဆန်​ ရယ်​ပြပြီး
"ဟုတ်​သားပဲ သူတို့က စာလာ​မေး​နေတာကိုးဗျ
ဒါနဲ့ ​မေးစရာရှိတယ်​ ခဗျားကြီးက စာ​မေးပွဲ
တစ်​နှစ်​ကျထားတာဆို ဟုတ်​လား"
ကျွန်​​တော့်​ စိတ်​ထဲတွင်​ ဒီ​ကောင်​​လေး ​တော်​​တော်​ စပ်​စပ်​စုစု နိုင်​သည်​ဟု​တွေးမိသည်
"အင်း.."
"အဲ့ဒါဆို ကျွန်​​တော့်​ထက်​ကြီးတာ​ပေါ့ ပြီး​တော့
ခင်​ဗျားကြီး က သင်္ချာ အရမ်း​တော်​တာဆို
အဲ့ဒါလဲဟုတ်​လား"
သူက ​တော်​​တော်​ သိချင်​ပုံနှင့်​​မေး​နေသည်
"ငါဘယ်​သိမလဲ ဒါနဲ့ မင်းက အဲ့ဒါ​တွေ ဘယ်​လိုလုပ်​သိတာလဲ"
"ကျွန်​​တော်​ စုံစမ်းထားရတာ​ပေါ့"
သူ့ ပါးစပ်​မှ လွှတ်​ခနဲ ထွက်​​သွား​သော စကား​ကြောင့်​ Tae Hyung အံ့သြ သွားရသည်
"ဘယ်​လို ဘယ်​လို စုံစမ်းထားတာဟုတ်​လား"
Jung Kook တစ်​​ယောက်​ ကိုယ့်​ရှူးကိုယ်​ပတ်​ကာ ​ခေါင်းကုတ်​လျက်
ဘာပြန်​​ပြောရမှန်းမသိ ဖြစ်​​နေသည်
"အာ..ဒီလိုပါပဲ ဒီအတိုင်းပဲ သိတာပါ"
Tae Hyung က​တော့​ကြောင်​​တောင်​​တောင်​နှင့်
ခေါင်းတဆတ်​ဆတ်​ ငြိမ့်​ကာ မျက်​နှာလွှဲသွားသည်
Jung Kook က​တော့ ရှက်​သွားသည်​လားမသိ
------------------
Jung Kook' POV

ခဗျားကြီး​ဟာ​လေ ကျွန်​​တော့်​ကို အ​နှောက်​အယှက်​​ပေးလွန်းတယ်
ဘာလို့ ကျွန်​​တော့်​ ရဲ့ ရင်​ဘတ်​ထဲကိုမှ ခိုးဝင်​လာရတာလဲ
ခဗျား​အ​ကြောင်း​တွေကို စုံစမ်းရတာ
လူလဲ ​ခြေကုန်​လက်​ပမ်း ကျ​နေပြီ
ကျွန်​​တော်​ ​ပြောပစ်​လိုက်​ချင်​တယ်
ဖြစ်​နိုင်​ရင်​​ပေါ့​လေ
ခဗျားကြီးကို ကျွန်​​တော်​ အရမ်းကိုချစ်​တာလို့...။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဘလ..ဘလ.. ​ရေးရင်း​ရေးရင်း
ဇာတ်​လမ်းကြီး​ပြောင်းသွားတာ
ဆက်​မ​ရေးတတ်​​တော့ဘူး
😁😁😁😁😁😁
ရေးတာ​တော့ ​ရေးတာပဲ အ​ရေးအသားက
တိုးတက်​မှုမရှိဘူး
Viewer လဲ တက်​မလာတာသိတယ်
အ​နော်​ အသုံးမကျလို့ပါ ဒီထက်​​ကောင်း​အောင်​ကြိုးစားလိုက်​ပါ့မယ်

Far Far AwayHikayelerin yaşadığı yer. Şimdi keşfedin