Part-5

275 35 1
                                    

ကျွန်​​တော့မျက်​လုံးများ နိုးထလာပြီ
မှုန်​ဝါးဝါးနှင့်​ မြင်​​နေ​သောအရာများက မပြတ်​မသားနှင့်​ရှိသည်
ကျွန်​​တော့​ဘေးမှာ သူရှိမလားအထင်​နှင့်
ရှာ​ဖွေမိ​နေသည်
သို့​သော်​ သူမရှိခဲ့....သူဘယ်​မှာလဲ ကျွန်​​တော့မျက်​လုံးများ ​နေရာအနှံ့ဖြန့်​ကျက်​လျက်​လိုက်​ရှာ​နေခဲ့သည်
"ငါ့ကိုလိုက်​ရှာ​နေတာလား Kook"
အ​နောက်​မှထွက်​​ပေါ်လာ​သောအသံ​ကြောင့်​လန့်​သွားသည်
ဒါထက်​ အံ့သြ​သွားရသည်က
သူ ကျွန်​​တော့ကို​ခေါ်တာ Kook တဲ့
"အင်း...ဟို​လေ..ဟို"
သူကပြုံးပြလျက်
"ဘာလဲ အံ့သြသွားတာလား"
ကျွန်​​တော်​ဘက်​က​ခေါင်းကိုကုတ်​လျက်​သာငြိမ်​​နေသည်
သူကျွန်​​တော့​ဘေးသို့လာထိုင်​သည်
"ဒီ​နေ့​ကျောင်းပိတ်​တယ်​ သွားလည်​မလား"
ကျွန်​​တော်​ အလွန်​​ပျော်​သွားသည်
ခေါင်းကိုတဆတ်​ဆတ်​ညိတ်​လျက်
"အင်း...သွားမယ်​ ​ပျော်​စရာကြီး"
သူက​တော့ ကျွန်​​တော့်​ကိုကြည့်​ပြီး ဟားတိုက်​လျက်
"ဟားဟား...မင်းကတကယ်​ကိုက​လေး​လေးနဲ့သူတယ်​ တအားချစ်​ဖို့​ကောင်းတယ်​"
သူကကျွန်​​တော့ကိုချစ်​ဖို့​ကောင်းတယ်​တဲ့
ကျွန်​​တော်​ ​ပျော်​လွန်းလို့ စကားတစ်​လုံးပင်
တုန့်​ပြန်​ဖို့​မေ့​နေခဲ့သည်
သူက​တော့ ရှက်​သွားလို့ဖြစ်​မည်
မျက်​နှာကိုလွှဲကာ ​ခေါင်း​လေးကုတ်​​နေသည်
"ဒါနဲ့ ကျွန်​​တော်​တို့ဘယ်​ကိုသွားမှာလဲ"
သူခန စဉ်းစားပြီးမှ
"မြို့ပြင်​နားက ​ပျော်​ပွဲစားထွက်​တဲ့ ​တောကြီးရှိတယ်​​လေ အဲ့ကိုသွားမယ်​"
ကျွန်​​​တော်​က ဘယ်​​နေရာမှာဘာရှိတယ်​ဆိုတာမသိ​တော့
သူ​ပြောသမျှကိုသာ ​ခေါင်းညိတ်​လက်​ခံ​နေသည်
"အဲ့ဒါဆို လိုတာ​တွေပြင်​ဆင်​ရမှာ​ပေါ့
အိမ်​မပြန်​ချင်​ပါဘူးဆို"
နှုတ်​ခမ်းကို ​တစ်​​တောင်​​လောက်​ဆူလျက်
က​လေးတစ်​​ယောက်​လို ပြုမူ​နေ​သောသူ့ကို
Tae Hyung ကြည့်​​နေပြီး
"အဝတ်​​တွေ​ရော မင်းပစ္စည်းမှန်​သမျှ အကုန်​ပြန်​ယူခဲ့ ငါ့ဆီပဲလာ​နေ​တော့"
ကျွန်​​တော်​ မျက်​လုံးအပြူးသားနှင့်​ဖြစ်​သွားသည်
"ခဗျားကြီိး တကယ်​​ပြော​နေတာလား"
သူ​က ဟုတ်​တယ်​ ဟူ​သောအကြည့်​​များနှင့်​ကြည့်​လျက်
"ခဗျား​တော်​​တော်​ သ​ဘော​ကောင်းတယ်
ကျေးဇူးများကြီးတင်​တယ်​ ကျွန်​​တော်​​ကျေးဇူးပြန်​ဆပ်​မယ်​​နော်​"
"အခုသွားယူ​တော့ ငါလိုက်​ပို့​ပေးမယ်​"
"အင်း..သွားမယ်​"
ကျွန်​​တော်​တို့နှစ်​​ယောက်​သူ​နေ​သော တိုက်​ခန်းမှ ကျွန်​​တော့ဦး​လေးအိမ်​သို့လာခဲ့သည်
"Wow!!!ဒါ ခဗျားကားလား အလန်းပဲ
ဒါကို ဘာလို့​ကျောင်းလာရင်​ bus ပဲစီးတာလဲ"
သူက ဘဝင်​မကျစွာနှင့်​ပြန်​​ဖြေသည်
"မွန်းကြပ်​တယ်​ ငါက ဒီလို​လေး ​အေး​​အေး​ဆေး​ဆေး​နေရတာကိုကြိုက်​တာ
လာ သွားမယ်​"
ကျွန်​​တော်​ ဦး​လေးအိမ်​သို့​ရောက်​​တော့
"ခန​နော်​ နည်းနည်းကြာမယ်
ခဗျားလည်းလိုက်​ခဲ့​လေ ​စောင့်​​ရမှာကြာမှာ​ပေါ့"
သူ​ခေါင်းရမ်း ပြသည်
"Ok ​ကောင်း​ကောင်း​နေခဲ့​နော်​"
___________

Far Far AwayHikayelerin yaşadığı yer. Şimdi keşfedin