Part 4

248 34 4
                                    

ကျွန်​​တော်​က သူ့အတွက်​ ဘာမှမဟုတ်​ခဲ့​ပေမယ့်
သူ့အတွက်​ ကျွန်​​တော်​ ဖြစ်​ချင်​မိတယ်
သူ့ရဲ့ အိပ်​မက်​​တွေမှာ ကျွန်​​တော်​သာ စိုးမိုးထားသူဖြစ်​ချင်​မိတယ်
သူ့ရဲ့ အချစ်​ဆုံး ချစ်​သူဟာလည်း ကျွန်​​တော်​ပဲဖြစ်​ချင်​ခဲ့မိတယ်​.......
________________________________
ကျောင်းကိုဘယ်​​သောခါမှ အ​စောကြီးလာသူမဟုတ်​​သော်​လည်း
Jung Kook တစ်​​ယောက်
ဒီ​နေ့​တော့ ​ကျောင်းသို့ထွက်​လာမိသည်
ကျောင်း​ရောက်​​တော့အခန်းထဲမှာ တစ်​​ယောက်​မှပင်​မရှိ​သေး
ထိုင်​ခုံဆီသို့သွားပြီး လွယ်​အိတ်​​ပေါ်​ခေါင်းချလျက်​အိပ်​​နေမိသည်
နေမ​ကောင်းသည်​က လဲတစ်​​ကြောင်းပါသည်
ဦး​လေးနှင့်​ ​နေရသူဖြစ်​၍
သူများ မိသားစု မျက်​နှာကြည့်​​နေရသူဖြစ်​တာ​ကြောင့်
အိမ်​မှာ သိပ်​မ​နေချင်​ခြင်းဖြစ်​သည်
"Jung Kook အဆင်​​ပြေလား"
ဒီအသံ ကျွန်​​တော်​ အကြားချင်​ဆုံး​သောအသံ
ကျွန်​​တော်​ အိပ်​​​နေရာက ထပြီး သူ့ကို​မော့ကြည့်​လိုက်​သည်
ထကာစ မို့လို့နဲ့ထင်​ပါရဲ့ သူ့ကို ဝါးတားတားသာမြင်​ရသည်
"Kim Tae Hyung ကျွန်​​တော်​ 
ဒီ​နေ့​ကျောင်းမတက်​လည်း​ရတယ်​မလား"
"ဘာဖြစ်​လို့လဲ ​နေမ​ကောင်းလို့လား"
သူ့ရဲ့ လက်​ဖဝါးနုနု က ကျွန်​​တော့်​ရဲ့ နဖူးပြင်​​ပေါ် ကျ​ရောက်​လျက်​ရှိသည်
"အား...ကိုယ်​​ကလည်း ပူကျက်​ ​နေတာပဲ
ဒါကို ​ကျောင်းလာရလား သွား အိမ်​ပြန်​​တော့"
"ဟင့်​အင်း...ကျွန်​​တော်​ အဲ့ဒီကို မပြန်​ချင်​ဘူး"
ကျွန်​​တော်​ ခါးခါးသီးသီး ငြင်းဆန်​လိုက်​​သောစကားကို သူအံ့သြသွားပုံရသည်
"ကျွန်​​တော်​ သူတို့မျက်​နှာကြည့်​ပြီးမ​နေချင်​​တော့ဘူး
အဲ့အိမ်​မှာ နည်းနည်း​လေးမှဆက်​မ​နေချင်​​တော့ဘူး"
Tae Hyung ဘာ​ပြောရမှန်းမသိ ​ကြောင်​​တောင်​​တောင်​ဖြစ်​လျက်​...
"အဲ့ဒါဆိုလည်း......ငါ့အိမ်​လိုက်​ခဲ့​တော့
ဒီပုံစံနဲ့​ကျောင်းမှာဆက်​​နေလို့မဖြစ်​ဘူး
လာ..လိုက်​ခဲ့"
ကျွန်​​တော်​သူ့​နောက်​ကို ချက်​ချင်းပင်​လိုက်​သွားသည်
တကယ်​​တော့ ကျွန်​​တော်​​ပျော်​​နေမိခြင်းဖြစ်​သည်
----------------------------------------
သူ့အိမ်​ကို ​ရောက်​​တော့
"​ရော့...​ဆေးအရင်​​သောက်​အုံး"
သူလှမ်း​ပေး​သော ​ဆေးများကိုကျွန်​​တော်​ယူရင်
"မ​သောက်​လို့မရဘူးလား ကျွန်​​တော်​က ​ဆေး​သောက်​ရမှာ​ကြောက်​တယ်​"
ဆေးများကိုကြည့်​လျက်​ မျက်​နှာကိုရှုံ့မဲ့မဲ့နှင့်​​ပြော​နေ​သောကျွန်​​တော့်​ကိုကြည့်​ပြီး သူရယ်​​နေသည်
သူက ဘာလို့ အဲ့​လောက်​ထိချစ်​ဖို့​ကောင်း​နေမှန်းမသိ...
"မရဘူး ​သောက်​ရမှာ  မင်းမ​သောက်​ရင်
အိမ်​ပြန်​ပို့လိုက်​မှာ​နော်​"
သူ ခြိမ်း​ခြောက်​တာလား သူ့ကိုချစ်​လာ​အောင်
တမင်​လုပ်​ပြ​နေလားမသိ​တော့
ကျွန်​​တော်​သိတာက​တော့ သူ့ကိုအရမ်းချစ်​တာပါပဲ
"အဲ့ အိမ်​ဆိုတာကြီးကို ထည့်​မ​ပြောနဲ့ဗျာ
ဆေးပဲ​သောက်​မယ်​​နော်​"
သူသ​ဘောကျစွာ ပြုံးရင်း
"အင်း..​ က​လေးက လိမ္မာတယ်​"
ကျွန်​​တော့ဆံပင်​များကို သူလက်​နဲ့ဖွ​ပေးရင်း​ပြောသည်
ကျွန်​​တော်​သူ့မျက်​နှာကိုကြည့်​ရင်း
လက်​ထဲမှာရှိ​သော​ဆေးကို ​ရေနှင့်​​မျောချလိုက်​သည်ု
သူ့မျက်​နှာကြည့်​ရင်း​သောက်​ရသည်​မို့ထင်​သည်
ခါးသက်​သက်​​​ဆေး​တွေ​တောင်​ ချိုကုန်​သည်
သူသာရှိရင်
ကျွန်​​တော့ဘဝမှာ နာကျင်​စရာဆိုတာမရှိနိုင်​​တော့တာ​သေချာသွားပါပြီ
ကျွန်​​တော်​တို့နှစ်​​ယောက်​ TV ​ရှေ့တွင်​ထိုင်​ကာ
တစ်​​ယောက်​နှင့်​တစ်​​ယောက်​ ဘာစကားမှမ​ပြောဖြစ်​ကြပါ
ခဏကြာ​တော့
ကျွန်​​တော့မျက်​လုံး​တွေ တဖြည်းဖြည်း ​လေးလံလာသည်
ဆေးရှိန်​​ကြောင့်​ဖြစ်​မည်​ထင်​သည်
ကျွန်​​တော်​ သူ့ကို​ပြောဖို့စကားပင်​မထွက်​နိုင်​​တော့​​လောက်​​အောင်​ အိပ်​ချင်​​နေမိတယ်
ကျွန်​​တော့မျက်​လုံးထဲဘာမှမမြင်​ရ​တော့
မဲ​မှောင်​လို့သွားသည်
~~~~~~~~~~~~~~~~~~~~~~~~
တစ်​ဖက်​ကလူတစ်​​ယောက်​မှာ​တော့

ကျွန်​​တော့်​ ပခုံးထက်​ကို ကျ​ရောက်​လာတဲ့
သူ့ရဲ့​ခေါင်းကို အသာအယာ ပွတ်​သတ်​​ပေး​နေမိသည်
ဘာ​ကြောင့်​ရယ်​မသိပါ
သူနဲ့ရှိ​နေရတဲ့အချိန်​​တွေဆိုကျွန်​​တော်​​ပျော်​​နေမိသည် 
သူ့ရဲ့မျက်​နှာ​လေးကို​တွေ့တိုင်း ​ကျေနပ်​​နေမိတဲ့ကျွန်​​တော့်​ကိုယ်​ကျွန်​​တော့်​တောင်​မယုံမကြည်​ဖြစ်​လာသည်
ကျွန်ေ​တာ့်ပခုံး​​ပေါ်အိပ်​​ပျော်​​နေ​သော
သူ့ကိုကြည့်​ရတာ အပြစ်​ကင်းလွန်းတယ်
ချစ်​ဖို့​ကောင်းလွန်းတယ်
သူ့ကိုကြည့်​ရင်းကြည့်​ရင်း ကျွန်​​တော့်​ရင်​​တွေထိန်းမရ​အောင်​ ခုန်​လာသည်
တဖြည်းဖြည်း ကျွန်​​တော့်​အကြည့်​​တွေက
သူ့ရဲ့ ပန်းနု​ရောင်​ နှင်းဆီဖူးနှုတ်​ခမ်း​လေးဆီသို့
ဦးတည်​ချက်​ကျ​ရောက်​သွားသည်
နှလုံးသားရဲ့နှိုး​ဆော်​ချက်​​တွေက အနမ်း​တွေလား......
ကျွန်​​တော့့်နှုတ်​ခမ်း များက သူ့ရဲ့ နှုတ်​ခမ်းပါးနုနု
ပေါ်သို့ကျ​ရောက်​သွားသည်
သူ့ရဲ့နှုတ်​ခမ်း​လေးကို အသာအယာ နမ်းရှိုက်​​နေမိသည်
ကျွန်​​တော်​မသိပါ
ကျွန်​​တော်​​တောင့်​တ​နေမိတာ
သူ့အ​ပေါ် ဒီလိုဖြူစင်​တဲ့ အနမ်း​တွေလား.......
___________________________

Far Far AwayHikayelerin yaşadığı yer. Şimdi keşfedin