Part-6

399 41 10
                                    

သစ်​ပင်​တစ်​ပင်​ရဲ့ အသက်​ဟာ​ရေ​သောက်​မြစ်​​ကြောင့်​ဖြစ်​တည်​လာသည်​ဟုဆိုလျှင်
ကျွန်​​တော့်​ဘဝရဲ့ အသက်​ဟာလည်း
သူ့​ကြောင့်​သာရှင်​သန်​ခဲ့ရသည်
ပထမဆုံး​သော နားခိုရာ ရင်​ခွင်​တစ်​စုံကို
ပိုင်​ဆိုင်​ရယူဖို့ ​မျှော်​လင့်​ချက်​မရှိ​သော်​လည်း
ဆန္ဒ ​တွေ​တော့ရှိသည်
ပိုင်​ဆိုင်​ရယူခြင်းထက်​ ​ပေးဆပ်​ခြင်းသာ
ပို၍တန်​ဖိုးရှိခဲ့လျှင်​ သူ့အတွက်​ ကျွန်​​တော့်​ဘဝ
ကို​ပေးဆပ်​ဖို့ရာ လွယ်​ကူလွန်းလှသည်
ကျွန်​​တော့်​ နှလုံးသားမှ  အချစ်​ဟု​ခေါ်​သော
အဓိပ္ပါယ်​ သတ်​မှတ်​ခွင့်​မရှိ​တဲ့ နယ်ေ​မြတစ်​ခု
ကို သူ နယ်​ချဲ့​နေပြီ........။
~~~~~~~~~~~~~~~~~
"Kim Tae Hyung"
သူ့ကိုအသာအယာလှုပ်​နိုး​နေခဲ့သည်
သူ့မျက်​လုံးများတဖြည်းဖြည်းပွင့်​လာသည်
ူအိပ်​​နေရာမှ ထပြီိး အိပ်​ချင်​မူးတူး ဖြစ်​​နေ​သော သူ့မျက်​နှာ​လေးက ကျွန်​​တော့်​ကို
အရူးတစ်​ပိုင်းဖြစ်​​အောင်​ ပြုစားနိုင်​လွန်းသည်
အခန်းထဲမှာ မအိပ်​ပဲ အပြင်​မှာအိပ်​​​ပေး​သော
သူ့ကို​ အားလည်း​နာမိပါရဲ့
"မ​နေ့က အပြင်​မှာ အိပ်​တာလား"
သူဘက်​မှ တုန့်​ပြန်​ခြင်းမရှိပဲ အခန်းထဲသို့ဝင်​သွားသည်
ဘာလို့လဲ???
ကျွန်​​တော်​ အမှားလုပ်​မိလို့လား
စိုးရိမ်​စိတ်​​တွေက ဦး​နှောက်​နှင့်​တကွ နှလုံးသား အထိ ပြည့်​နက်​လာသည်
သူ စိတ်​ဆိုးမှာကို ​သေ​လောက်​​အောင်​ပင်​​ကြောက်​သည်
သူ့အခန်းဆီသို့ ကျွန်​​တော်​ တန်းတန်းမတ်​မတ်
လျှောက်​လှမ်းခဲ့သည်
အခန်းတံခါးကို အကြိမ်​ကြိမ်​ ​ခေါက်​​သော်​လည်း
အထဲမှ အသံမကြားရသဖြင့်​ အထဲသို့ဝင်​သွားသည်
ကိုယ်​​တော်​​ချောက အဝတ်​လဲရန်​ပြင်​ဆင်​​နေခြင်းဖြစ်​၍
အ​ပေါ်ပို​င်းမှာ အဝတ်​ဗလာနှင့်​ဖြစ်​​နေသည်
ကျွန်​​တော်​ဘာလုပ်​ရမှန်းမသိ မျက်​နှာ တစ်​​လျှောက်​ ရှက်​​သွေးဖြာသွားရသည်​မှာ​တော့
အမှန်​ပင်​ဖြစ်​သည်
"မြန်​...မြန်​မြန်​ လာခဲ့​နော်​ ​ကျောင်း​နောက်​ကျမယ်​"
ရှက်​ကိုးရှက်​ကန်းထွက်​လာ​သောစကားတို့က
အစီအစဉ်​ မကျ ဖရိုဖရဲ နှင့်​..
"ကြယ်​သီး တပ်​လို့မရလို့ ကူညီပါလား"
သူ့ စကားကို ငြင်းဆန်​ရမည်​လား
ငြင်းဆန်​ဖို့ အဓိပ္ပါယ်​ မှမရှိဘဲ
ကူညီမည်​ဟု ဆို​သော်​လည်း နီတွတ်​​နေ​သော
မျက်​နှာကိုဘယ်​နားထားရမှန်းမသိ
သို့​သော်​ နှုတ်​ခမ်းဖျားမှ ထွက်​လာ​သော
စကားလုံးတချို့က လက်​ခံခြင်း သဏ္ဌာန်​..

Yayımlanan bölümlerin sonuna geldiniz.

⏰ Son güncelleme: Sep 29, 2016 ⏰

Yeni bölümlerden haberdar olmak için bu hikayeyi Kütüphanenize ekleyin!

Far Far AwayHikayelerin yaşadığı yer. Şimdi keşfedin