"Taemin . . . သားရေ ခဏလာပါအုံး"
Lee Taemin တစ်ယောက် အကကျင့်နေရာမှအသံကြားရာသို့ပြေးသွားလိုက်တယ်
"umma ဘာလဲ? ဘာပြောမလို့လဲ ? "
ဧည့်ခန်းထဲတွင် သူ့အမေ သူ့အဖေ သူ့အကို လူစုံတက်စုံ စုဝေးနေသည်နှင့် ပြောစရာအထွေအထူးရှိနေပြီဟု Taemin နားလည်လိုက်သည်။
" ဟုတ်တယ် ပြောစရာရှိလို့လာ ထိုင်ပါ အုံး သား "
စွတ်ကနဲပင် သူ့အမဘေးကလွတ်ရာ ဆိုဖာ ပေါ်ဝင်ထိုင်ပြီး လက်ကလည်း သူ့အလိုလို အမေ့လက်ကို ဆွဲဖက်ပြီး ဆော့ကစားရန်ဟန်ပြင်လိုက်သည်။
" Umma တို့ ဒီလကုန် London ကိုပြောင်းရတော့မှာသားရဲ့ . . . မင်း Appa က အဲ့မှာပဲအခြေချဖို့ဆုံးဖြတ်ထားတယ် သားရဲ့ . . . "
ဒီလကုန် ဆိုလျှင် သိပ်ကိုနီးကပ်နေပြီ သူ့အကသင်တန်းက ကလေးတွေကလည်း လူရွေးပြိုင်ပွဲအတွက်အရေးကြီးတဲ့ အခြေအနေရောက်နေပြီ။ သူ့သင်တန်းသားလေးတွေမှာ အားကိုးစရာဆိုလို့သူပဲရှိတာ သူတို့တွေကိုလည်း လူရွေးပွဲအောင်မြင်အောင်ကူညီပေးမယ်လို့ ကတိပေးထားနှင့်မိလေပြီ။
"ကျွန်တော် မလိုက်နိုင်သေးဘူး umma ရာ . . . "
Taemin က ခပ်ပြတ်ပြတ်ပဲပြောလိုက်သည်။
"ဘယ်လိုဖြစ်လို့လဲ သားရယ် မင်းကဒီမှာတစ်ယောက်တည်း ကျန်ခဲ့ရလောက်တဲ့ ဘာကိစ္စ အကြီးကျယ်များရှိလို့လဲ? "
Taemin ဘယ်လိုပြောရမှန်းမသိငေးမှိုင်သွားသည်။
"ဘာလဲ မင်းမှာ မခွဲနိုင် မခွာရက်ဖြစ်နေတဲ့ ချစ်သူရှိနေပြီမို့လို့လား? "
အခြေအနေကပိုဆိုးတော့မည့်အဖြစ်
"ဟာ ... မဟုတ်ပါဘူး umma ရာ ကျွန်တော့် ကလေးတွေ အကလူရွေးပွဲရှိနေလို့ပါ သူတို့ကို နိုင်အောင်လုပ်ပေးမယ်လို့လဲကတိပေးထားပြီးသားဖြစ်နေပြီ "