/တစ်ခုပြန်လုပ်ပေးရမယ်. . .ဘာကြီးလဲဟ/
"Hyung ကဘာလုပ်ခိုင်းမို့လဲ?"
ပြူးတူးတူး ကြောင်တောင်တောင်ရုပ်လေးနဲ့ Lee Taemin ကိုကြည့်ရင်း Minho အသည်းယားမိသည်။
"Aigoo. . .ညနေဘက် Tae လေးပြန်ရောက်ရင် ကိုယ်နဲ့အတူ လျောက်လည်ပေးပါလားလို့ပြောမလို့ ပါကွာ အဲ့လောက်လည်း လန့်မနေပါနဲ့ ရုပ်လေးက ရမ်းးး ချစ်ဖို့ကောင်းနေတယ်"
ပြောပြောဆိုဆို နဲ့ Taemin ရဲ့ပါးဖောင်းဖောင်းလေးနှစ်ဘက်ကို ဖွဖွလေး ဆွဲညှစ်လိုက်တော့တယ်။
ထိန်းမနိုင် သိမ်းမနိုင်နီမြန်းတက်လာတဲ့ ရှက်သွေးလေးတွေက taemin ရဲ့ဖောင်းအစ်အစ် ပါးလေးနှစ်ဖက်ကို နှင်းဆီရောင်လွှမ်းခြုံလိုက်သည့်နှယ်
taemin မျက်နှာလေးကြောင့် minho ခမျာရင်တွေဟာတက်လာတော့တယ် နှစ်ဦးထိုင်နေရာ ခုံတန်းကြားကကွက်လပ်လေးကို စွေ့ကနဲ ရွှေ့ပြီး taemin နားကပ်ပလိုက်သည်။
Taemin ကတော့သတိထားမိပေမယ့် ရှက်ရှက်နှင့်ခေါင်းလေးငုံးပြီး တုတ်တုတ်ပင် မလှုပ်နှိုင်
နေရာရွှေ့သည်သာမက တစ်ရွေ့ရွေ့ ရှေ့ထပ်တိုးလာတဲ့ minho ခေါင်းကြီးကိုလည်း မသိစိတ်က Taemin ခံစားမိသည်။
♪ ♬ Ring ding dong
ring ding dong ♪ ♬Taemin ph လေးရုတ်တရတ်မြည်လာ တော့နှစ်ယောက်သားလန့်ဖြန့်ပီး ရှေ့တိုးလာတဲ့ minho ခေါင်းကြီးလည်းသူ့နေရာသူပြန်ရောက်သွားတော့တယ်။
/တောက် . . . အရေးအကြောင်းဆိုအဲ့ သောက်ဖုန်းတွေပဲ သာသနာဖျက်တာ/
Minho တစ်ယောက်ရှက်ရှက်နဲ့ပင်စိတ်ထဲကကျိန်ဆဲလိုက်တော့သည်။
Tae-"Hello . . . Umm. . . Umma . . . ရောက်သွားပြီလား? ကျွန်တော်အဆင်ပြေပါတယ် . . . Adam လေးသာ နေမကောင်းလို့ အခုဆေးခန်းလာပြတာ"
Umma- 'အော်ဒုက္ခပါပဲ . . . ခုအဲ့မှာ မိုးချုပ်နေပြီ မှတ်လား ဆေးခန်းဘယ်လိုလာတာတုန်း'