Chapter 2

401 33 17
                                    

"Adam m m m" . . .

သူ့​ခွေး​လေးကို စွန့်​လွှတ်​လိုက်​ရပြီ အထင်​နဲ့ ​ကြောက်​လန့်​ပြီး အသားများပင်​ တဆတ်​ဆတ်​ တုန်​ခါ​နေသည်

"​ဟေး . . . Ok ရဲ့လား . . . ?"

ရုတ်​တရက်​ ထွက်​​ပေါ်လာတဲ့အသံ နဲ့ ပခုံးပြင်​ကို လှုပ်​ခတ်​ခံလိုက်​ရတဲ့ အထိအ​တွေ့​ကြောင့်​ အ​ကြောက်​ပိုကာ မျက်​စိအစုံကိုဖွင့်​ကြည့်​လိုက်​သည်​။

ရုပ်​ရည်​​ချော​မော​ပြေပြစ်​သူတစ်​​ယောက်​ သူ့ Adam ​လေးအားချီပြီး သူ့​ရှေ့တွင်​ရပ်​​နေ​လေသည်​။ ရုပ်​ရည်​က ​ချော​မော​ပြေပြစ်​သည်​ထက်​ပိုသည်​ သူရဲ့ မျက်​ခုံးထူထူမှာ ဝိုင်းစက်​ရွှန်း​တောက်​​နေတဲ့ညိုဖန့်​ဖန့်​မျက်​လုံး အစုံနဲ့လိုက်​ဖက်​စွာ ဆွဲ​ဆောင်​မှုရှိ​စေသည်​။ နှုတ်​ခမ်းအစုံတို့ကလည်း အနည်းငယ်​ ​ထော်​ဟန်​ရှိပြီး ​ဆောင်းရာသီ ​ကြောင့်​ အက်​ကွဲ​ကြောင်း​လေးများ ဖြစ်​​နေသည့်​တိုင်​​အောင်​ ပြီးပြည့်​စုံလွန်း​နေသည်​။ဘာ​ကြောင်​ရယ်​မသိ ပုခုံး​ပေါ်ကအထိအ​တွေ့​လေးကိုစမြုံပြန်​မိရင်း ​taemin တို့ရှက်​​သွေးဖြာမိသည်​။

"အို . . . Adam ​လေး လာ လာ ဘာဖြစ်​သွား​သေးလဲ hyung ကမင်း​တော့​သေပြီထင်​​နေတာ . . . ခင်​ဗျားကဘာကြီးလဲ ​ခွေးတစ်​​ကောင်​လုံးဖြတ်​​ပြေးတာမမြင်​ဘူးလား? တစ်​ခုခုဖြစ်​သွားရင်​ ဘယ်​လိုလုပ်​​ပေးမှာလဲ . . . ဟွန့်​"

ရှက်​ရန်း​တွေရန်းပြီး ထိုလူကြီးကိုပစ်​​ဟောက်​လိုက်​ပြီးကာမှ အ​ခြေအ​နေကသူ့​ခွေး​လေးအလွန်​ ဖြစ်​မှန်းသတိရမိသည်​။

"ဒီမယ်​ အမိ ခင်​ဗျား​လေး ​ခွေးက မြင်​ရ​လောက်​တဲ့ ​ပေမှီ​ဒေါက်​မှီ ဆိုဒ်​လည်းမဟုတ်​ အဲ့ပုတုတု​သေး​သေး​ကွေး​ကွေးက ကျွန်​​တော့ကား​ရှေ့ဖြတ်​​ပြေးတာ ဘယ်​လိုသတိထားမိမှာလည်း ဒါ​တောင်​ ဒီကသတိ​ကောင်းလွန်းလို့ ဘာမှမဖြစ်​တာ မဟုတ်​ရင်​​တော့ အမိ​ခွေးနင်းပြားဖြစ်​ပြီပဲ"

သူကို အမိလို့​ခေါ်ပြီး သူ​ခွေးကို မှိုချိုးမျှစ်​ချိုး​ပြော​နေတဲ့လူကြီးကိုတစ်​စစီဆွဲဖဲ့ချင်​​လောက်​​အောင်​ ​ဒေါသ​တွေမွှန်​ထူလာပါ​တော့တယ်​။

PuppyTempat cerita menjadi hidup. Temukan sekarang