"ကိုယ်က တစ်ကယ်ဖြစ်စေချင်တယ်ဆိုရင်ရော. . ."/oh my god oh my asdffghjjkl ခုငါ့ကို ချစ်ခွင့်ပန်နေတာ. . . . . Heol l l l l . . . . .
ဟဲ့ lee taemin အိနြေ္ဒရှိစမ်း ခုမှတွေ့တဲ့လူတစ်ယောက်က ကြိုက်တယ်ပြောတာကို ပစ်ယုံလိုက်ရအောင်တော့ နင်မနုံသေးပါဘူးနော် သတိထားစမ်း . . . . ./
"Hyung က uni တုန်းကလည်း တော်တော်စွံခဲ့မှာပဲနော် ဒီရုပ်ဒီရည် ဒီအပြောနဲ့ဆိုတော့ ဝိုင်းဝိုင်းလည်နေမှာပဲ"
/ဟ. . .ဟ သင်းလေးကခေသူမဟုတ်တာ ကိုယ်သိပြီးသားပါကွာ
အဲ့လို ဂျစ်ကန်ကန်ပုံလေးကိုပဲ ဒီကကြွေနေရတာဆိုတာ မင်းလေးသိရင်သိပ်ကောင်းမှာပဲ/
"ကဲ tae လေးကကိုယ်ကိုယ်မယုံဘူးထင်တယ် ကောင်းပြီကိုယ် tae လေးကိုကိုယ့်ရဲ့ uni life ကိုပြောပြရတာပေါ့"
စိတ်ထဲမှာတော့ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုယုံကြည်ပြီးတစ်ခါလောက်မိုက်ကြည့်ရန်တွေးနေသော်လည်း minho အကြောင်းများကိုစပ်စုချင်သောကြောင်ဆိတ်ဆိတ်သာနေလိုက်သည်။
"ကိုယ့်မိသားစုတွေနဲ့ US ကို ပြောင်းသွားတော့ အလယ်တန်းပြီးကာစ ဟိုမှာပဲ အထက်တန်းဆက်တက်ရတာပေါ့
အဲ့မှာ Kim Jonghyun ဆိုတဲ့ကိုယ့်လိုပဲ korea လူမျိုးနဲ့ စခင်တဲ့ အခုထိလည်း သူငယ်ချင်းအရင်းကြီးတွေပါပဲ၊
သူနဲ့ပတ်သက်ပြီးတော့ သူ့ရဲ့ ယောက်ဖလောင်း Onew နဲ့ သူ့ bf Key ကိုသိခဲ့တယ် သူငယ်ချင်းအရင်းတွေကတော့ဒါပဲရှိတာ
ကိုယ်ကအားကစားဝါသနာပါတော့ ကျောင်းရဲ့ အားကစားအသင်းမှာဝင် ဝင်ပါတော့ ခင်တဲ့သူတွေတော့ရှိခဲ့တာပေါ့၊
အချစ်ရေးမှာတော့ ကိုယ်ဝန်ခံပါတယ် ဟိုလိုလို ဒီလိုလိုတွေ နဲ့ ကောင်မလေးတွေရော ကောင်လေးတွေရော ပတ်သက်ခဲ့ဖူးပေမယ့် တစ်ခါမှ gf / bf .f .f . "
"ဟီးးး ကိုယ်နည်းနည်း ဆိုးခဲ့တယ်ပေါ့နော်"
ရုတ်တရက် taemin ရဲ့မျက်စောင်းလေးကိုသတိထားမိလိုက်ပြီး မျက်နှာချိုသွေးလိုက်ရသည်။