Chapter-1

4.3K 167 15
                                    

ကျွန်​​တော်​ သူရှိရာ အခန်းကို ရှာ​ဖို့ ​ပြေးလာခဲ့ရတာ စိတ်​ထဲတွင်​ ​ဆေးရုံကြီးရဲ့ ခန်းမက. အဆုံးမရှိသလို ခံစား​နေရတယ်​. ​ပြေးရင်း​ပြေး
ရင်းနဲ့ ကိုယ့်​ ရင်​ဘတ်​က နှလုံးခုန်သံကို ကိုယ်​တိုင်​ ပြန်​ကြား​နေရတယ် ရှုပ်​​ထွေးလှ​သော လူသွားစကြန်​များကို ဘယ်​ချိုး ညာချိုးလိုက်​နဲ့ ​နောက်ဆုံး​တော့ အခန်း 408 ကို ​ရောက်​လာခဲ့တယ်​ တံခါး​ပေါ်မှာ ကပ်​ထား​သော နာမည်​ကို တချက်​ကြည့်​​၍ အခန်းထဲသို့ ဦးတည်​ခဲ့တယ်

ကျွန်​​တော်​ အခန်း ထဲဝင်​လာ​​သောအခါ သူ ခုတင်​​ပေါ်က ​နေ ထလာသည်​ ခန္ဓာကိုယ်​နှင့်​မျက်​နှာ ကို စစ်​​ဆေးမှုနှင့်အတူ ဒဏ်​ရာ များကို မ​တော်​တဆမှုမှ ရခဲ့တယ်​ဆိုတာ ကျွန်​​တော်​ ထင်​လိုက်​ပါတယ်​ ​ရောင်​ရမ်း​နေ​သောမျက်​နှာရဲ့ လက်​ယာဘက်​က ကုတ်​ခြစ်​ရာ​တွေ...... ​ကားတိုက်မှုမှရလာ​သော ထိခိုက်​မှုများမှာ မနည်းလှ​ပေ ကျွန်​​တော့မျက်​လုံးအကြည့်က သူ့ရဲ့​ခေါင်း​ပေါ်မှာ တင်း​ကျပ်​စွာ စည်းထား​သော ပက်​တီးဖြူဖြူဆီသို့ ​ရောက်​သွားခဲ့တယ်​ ပတ်​တီး​လေးမှ ​သွေးများစိမ့်နေသည်​ကိုကြည့်ရင်​ စိတ်​မ​ကောင်းဖြစ်​​နေမိတယ်
ငါ​တော်​​တော်​ မ​ကောင်းတဲ့ ​ကောင်​ပါလား...

မျက်​လုံး အိမ်​ထဲမှာ မျက်​ရည်​​တွေ အလိုလို ဝဲတက်​လာပြီး သူကို ​စကား​ပြောပြီး ဟန်​ပြင်​လိုက်​တယ်

'Baby' လို့​​ခေါ်ရင်း သူကို တင်းကျပ်​စွာဖက်​ဖို့ အနားကို ချဉ်းကပ်​လာခဲ့တယ်​. ကျွန်​​တော်​ သူရဲ့ အထိအ​တွေ့ ​တောင့်တင်း​သော ခန္ဓာကို​ယ် ကိုယ်​သင်းရနံ့ ကို သတိရ​နေမိတယ်​ ဒါဟာ တုံ့ပြန်​မှု တခုရဲ့ လွှမ်းမိုးခြင်းကို ​ခံစား​နေမိတယ်

သူရဲ့ ပါးပြင်​​လေးကို ကျွန်​​တော်​ရဲ့ စိုထိုင်း​နေသလိုဖြစ်​​နေ​သော လက်​ဖဝါးဖြင် ကိုင်​​နေခဲ့တယ်​ သူ ကျွန်​​တော်​ကို ကြည့်​​နေ​သော အကြည့်​ရိုင်း​တွေက ​ရော​ထွေး​နေသလို ခံစား​နေမိတယ်

" Taehyung, My Love,My life...
ငါကို ​ကြောက်​​နေတာလား မ​ကြောက်​ပါနဲ့ ​နောက်​တခါ ဒီလိုမျိုး အကြည့်​​တွေနဲ့ မကြည့်​ပါနဲ့ ငါ မ​နေတတ်​လို့ပါ... ငါ​ပြောတာ မင်းကြားရဲ့လား?
Oh, Taehyung ..မင်း ဘယ်​လိုခံစား​နေရလဲ ငါ ငါ သူနာပြု ​ခေါ်​ပေးရမလား ဒါမှမဟုတ်​ ဆရာဝန်​လား? ဘယ်​နား နား​နေလို့လဲ ?
သူ မထိခိုက်​ထား​သောလက်​တဖက်​ကို သုံးပြီး သူ့မျက်​နှာ​ပေါ်က ကျွန်​​တော့ လက်​တဖက်​ကို ဖြည်းဖြည်းချင်း ဖယ်​ချလိုက်​တယ်​ သူ့ ခုတင်​​ပေါ်ပြန်​သွားပြီး ​ခေါင်းအုံး​လေးကို သူ့​နောက်​မှာမှီဖို့ ထားလိုက်​တယ်​ သူ ဘာဖြစ်​​နေတာလဲ ကျွန်​​တော်​လည်း မသိ​တော့ဘူး...

မင်း ဘယ်​သူလဲ ? မင်း ငါကို သိလို့လား ? သံသယ အပြည့်​ ​ပါ​သော စကားနဲ့ ​မေးလိုက်​​သော ​ သူကို ကျွန်​​တော့ အံ့သြ​နေမိတယ်​ ..
ဒါက ငါ့​မေးခွန်းရဲ့ အဓိက အချက်​ပဲ ဟုတ်​တယ်​..
ငါလည်း မင်းကို မသိဘူး..

" Uh.. ငါက Jung Hoseok." လို့​အ​ဖြေကို ​ဖြေခဲ့လိုက်​တယ်​ စိတ်​ဓာတ်​ကျသွားခဲ့တယ်​ အကူကညီ လိုအပ်​​နေသလို လည်း​ ထင်​မိတယ် သူ ဘာလို့ အဲလို​ပြောရတာလဲ သူ ကျွန်​​တော်​ကို စ​နေတာလား ...
" မင်း စချင်​ရင်​လည်း အခြားနည်းနဲ့ စကွာ....ဒါက လုံးဝ ရယ်​စရာမ​ကောင်းဘူး "

သူမျက်​​မှောင်​ကုတ်​သွားတယ်​.. " ငါ​နောက်​​နေတာ မဟုတ်​ဘူး ဒီလိုမျိုး ဖြစ်​​နေတဲ့အချိန်​မှာ ငါက ဘာလို့​နောက်​နိုင်​ရမှာလဲ ငါ့ဘဝမှာ ဒီ​လောက်​ကြီးမားတဲ့ ထိခိုက်​မှုမျိုးကို တခါမှ မခံစားရဖူးဘူး မင်း စဉ်းစဉ်းစားစား​ပြောသင့်​တယ်​ "

" ​တော်​ပါ​တော့ Taehyung. "
ကျွန်​​တော်​ သူ​ပြော​သော စကား​ကြောင့်​ ​သေ​လောက်​​အောင်​ခံစားရတယ်​ သူ ကျွန်​​တော့ကို တခါမှ အဲ​လောက်​ ရင့်​ရင့်​သီးသီး မ​ပြောဖူးဘူး ဒီလိုကြားရတာ ကျွန်​​တော်​ အတွက်​ ပထမဆုံးပဲ...
သူဘာ​တွေ ဖြစ်​​နေတာလဲ ?????
" ​ကျေးဇူုးပြု၍ ငါကို အဲလို မ​ပြောပါနဲ့ကွာ..
ငါက JungHoseok ပါ ငါက မင်းရဲ့...."

Forget Me Not(VHope)Where stories live. Discover now