စာသင်နှစ် တနှစ်ပြီး တနှစ် ပြီးဆုံးပြီး
Yoongi နဲ့ Hoseok ဘွဲ့ကိုယ်စီ ရသည့်အထိ သူတို့နှစ်ယောက်ရဲ့ ခင်မင်မှု အတိုင်းအတာ လျော့နည်းမသွားပေ Hoseok နဲ့ Yoongi တယောက်နဲ့တယောက် ခွဲလို့မရအောင် ခင်မင်လာသည် Yoongi သည် Hoseokရဲ့မျက်နှာပေါ်က နှစ်များစွာ ပျောက်ဆုံးနေသည့် အပြုံးတွေကို ပြန်လည်သယ်ဆောင်ပေးနိုင်သူ
Yoongiတယောက်ပဲ သူကို ကြင်ကြင်နာနာ နဲ့ ဂရုစိုက်ပေးတယ် သူ စိတ်အားငယ်နေတဲ့ အချိန်တိုင်း Yoongi အလိုလိုရောက်လာပြီး နှစ်သိမ့်မှုပေးသည် Hoseok တယောက် Yoongi သူ့ဘေးနားမှာ မရှိရင် ရင်ဘတ်ထဲမှာ တခုခုလိုနေသလို ဟာတာတာကြီး ခံစားနေရတယ် Yoongi သူ့ဘေးနားက ပျောက်ကွယ်သွားမဲ့အဖြစ်ကို သူသေလောက်အောင် ကြောက်ရွံ့နေမိတယ် ဘာကြောင့် ခံစားနေရလဲ သူစဉ်းစားလို့ မရခဲ့ပေ သူငယ်ချင်းဆိုတဲ့ သံယောဇဉ် ကြောင့်လား
ဒါမှမဟုတ် အချစ်လို့ခေါ်တဲ့ အရာကြောင့်လား မေးခွန်းပေါင်းများစွာ သူ့အတွေးထဲမှာ ••••••လှပနေသော တနင်္ဂနွေ မနက်ခင်း....
Hoseok သူ့ရဲ့ တိုက်ခန်းအောက်လေးမှာ Yoongi လာခေါ်မည့်အချိန်ကို ထွက်စောင့်နေသည် Yoongi တို့အိမ်က ဘွဲ့ရသည့် အထိမ်းအမှတ်အဖြစ် ထမင်းစားဖိတ်ထားသည် သူတို့ ခင်တာကြာပမဲ့လည်း ပထမဆုံးအကြိမ် Yoongi မိသားစုနဲ့တွေ့ရမည့်ဖြစ်သဖြင့် စိတ်တွေ အရမ်းလှုပ်ရှားနေသည်
" Hey ,Yoongi ..."
Hoseokတယောက် Yoongiကို လှမ်းခေါ်ရင်း လက်လှမ်းပြလိုက်သည်"မင်းစောင့်နေရတာကြာပြီလား ငါနည်းနည်းနောက်ကျသွားတယ် Sry..,Hoseok"
" ကိစ္စမရှိပါဘုး ငါက စောနေတာပါ "
" လာ ကားပေါ်တက် သွားရအောင် "Yoongi အိမ်ရောက်သည့်နှင့် အိမ်ရှေ့တွင် Mrs.Min က အသင့်စောင့်ကြိုနေသည်
"သားတို့ကို စောင့်နေတာ စားဖို့သောက်ဖို့ အကုန်ပြင်ဆင်ပြီးပြီ "ထမင်းစားပွဲဝိုင်းတွင်
Mr.Min က တော့ အေးအေးဆေးဆေး သမားဖြစ်ပုံရသည် Hoseokကို နေကောင်းလား လို့မေးရုံပဲ ပြောသည်
Mrs.Min က ပိုပြီး နွေးနွေးထွေးထွေးဆက်ဆံသူ တယောက်လို့ပြောစရာမလိုပေ
YOU ARE READING
Forget Me Not(VHope)
Romanceချမ်းသာတဲ့ မိသားစု အသိုင်းအဝိုင်း ကနေ ကြီးပြင်းလာတဲ့ Kim Taehyung ငယ်စဉ်ကတည်းက မိဘနှစ်လုံးဆုံးပါးခဲ့ပြီး ကိုယ့်ခြေထောက်ပေါ် ရပ်တည်နေရတဲ့ Jung Hoseok မတူညီတဲ့ အခြေအနေတွေကြားက သူတို့နှစ်ယောက်ရဲ့ ဖြူစင်တဲ့ ချစ်ခြင်း Forget Me Not