Jung Hoseok
သူအတွက် Kim Taehyung မဂှိတဲ့ နေရာမှာ နေနေလည်း အချည်းနှီး ဖြစ်သည် သူ တနေရာသို့ ထွက်သွား ရန် ဆုံးဖြတ်ချက် ချလိုက်သည် သူအတွက်ရော Taehyung အတွက်ရော အကောငး်ဆုံးနည်းလမ်း ဖြစ်တယ် မနက်စောစော ထ ကာ ဆေးရုံကို နောက်ဆုံး တခေါက် သွားဖို့ အတွက်
ပြင်ဆင်နေသည်ဆေးရုံကို ရောက်တော့ ပတ်ဝန်းကျင် ကို တချက်လှမ်းကြည့်လိုက်သည် လူနညး်နည်းသာ ရှိတယ် Mrs.soo ကို တော့ မမြင် Taehyung ရှိရာ အခန်းထဲကို သူ ဝင်လာမိသည်
ခုတင်ပေါ်မှာ အိပ်နေတဲ့ Taehyung
သူ အရမ်းချစ်ရတဲ့ Kim Taehyung
သူကြောင့် Taehyung ထိခိုက်ရသည့်ကို တွေးမိတို်င်း စိတ်မကောင်းဖြစ်မိသည်."Taehyung... ငါ မင်းအပေါ် စွပ်စွဲမိခဲ့တဲ့ အတွက် ငါတောင်းပန်ပါတယ် မင်းဘက်က မခွင့်လွှတ်နိုင်လည်း ရပါတယ် ငါက မင်းရဲ့ အချစ်တွေနဲ့ မထိုက်တန်ပါဘူး မင်းရဲ့ ဘေးနားမှာ နေချင်ပေမဲ့လည်း ငါ့ရဲ့အမှားတွေကြောင့် မင်းနဲ့ အဝေးဆုံးကို ငါထွက်သွားတော့မယ် ဒါပေမဲ့ မင်းနဲ့ ငါ ဘယ်လောက်ပဲ ဝေးနေပါစေ ငါ မင်းက လွဲပြီး ဘယ်သူကိုမှ မချစ်နို်င်တော့ဘူး ငါရဲ့အချစ်တွေကို မင်းနဲ့ အတူတူ ထားခဲ့လိုက်တော့မယ် Taehyung
နှုတ်ဆက်ခဲ့ပါတယ် "Jung Hoseok မပြောချင်ပေမဲ့လည်း နောက်ဆုံး
နှုတ်ဆက်စကားကိုပြောကာ အခန်းထဲက တိတ်တဆိတ် ထွက်လာခဲ့သည် စိတ်ထဲတွင် Taehyung အနားကနေ သူဘယ်ကိုမှ မသွားချင် မလှမ်းချင်ဘဲ လှမ်းနေရတဲ့ ခြေလှမ်း
တလှမ်းတွေက သူ့အတွက် အဓိပ္ပာယ် မဲ့နေသည် ထိုစဉ်"Jung Hoseok "
သူရဲ့ နာမည် လှမ်းခေါ်သံကြောင့် လျှောက်နေရင်း တုံ့ဆိုင်းသွားသည်
ဖြေးဖြေးချင်း လှမ်းကြည့်လိုက်သောအခါ
သူရဲ့ Taehyung........"Taehyung မင်း ငါကို မှတ်မိတယ်ပေါ့ "
"မမှတ်မိပဲ နေမလား ကျွန်တော့ အချစ်ဆုံးကို "
" မင်း မနေ့က ငါကို မသိဘူး မမှတ်မိဘူးဆို "
" အဲ့တာက ခင်ဗျားကို ပညာလေး နည်းနည်းပါးပါး ပေးချင််လို့ ဟန်ဆောင်လိုက်တာ "
" အာ့ဆို Mrs.soo နဲ့ Jimin ကရော ????? "
" မေမေနဲ့ Jimin နဲ့က ကျွန်တော့ကို ကူညီအားဖြည့်ပေးတာ မေမေက ကျွန်တော့တို့ကို သဘောတူပြီးသား
ခင်ဗျားက အမြဲ သဝန်တိုပြီး ကျွန်တော့အချစ်ကို မယုံသလိုဖြစ်နေတော့ အမြင်ကတ်ပြီး ပညာပေးလိုက်တာ "" မင်းကွာ ငါက တကယ်ထင်ပြီး ထွက်သွားတော့မလို့ "
" ခင်ဗျား ထွက်သွားစရာမလိုတော့ပါဘူး ကျွန်တော့ရင်ခွင်ထဲမှာပဲ တသက်လုံး ခိုလှုံသွားပါ
ဒီမှာ မနေ့က လွင့်ပစ်လိုက်တဲ့ လက်စွပ်လေး
ကျွန်တော့ မနည်း ပြန ်ရှာ ထားတာ
ရော့ ဝတ်လိုက်
ကျွန်တော့တို့ တသက်လုံး နားလည်မှုတွေ အပြည့်နဲ့ အတူတူ နေကြမယ်နော်
ချစ်တယ် "
" လူဆိုးလေး... ငါလည်း မင်းကို ချစ်တယ် "အချစ်တွေ က တဖန်ထပ်ပြီး ကောင်လေးနှစ်ယောက်ရဲ့ ရင်ထဲမှာ ပြန်လည်ရှင်သန်လာခဲ့လေသည်
တယောက်နဲ့ တယောက် ရာသက်ပန် သက်တဆုံး ချစ်ပြီး အနာဂတ်ကို လှပစွာ ဖြတ်သန်းကြလေသည်အချစ်တခုကို တည်ဆောက်မယ်ဆိုရင် တယောက်နဲ့ တယောက် သံသယ မဝင်ဘဲ နားလည်မှူတွေ အပြည့်နဲ့ တည်ဆောက်နို်င်ကြပါစေ
The End
Thank You
90° bow
YOU ARE READING
Forget Me Not(VHope)
Romanceချမ်းသာတဲ့ မိသားစု အသိုင်းအဝိုင်း ကနေ ကြီးပြင်းလာတဲ့ Kim Taehyung ငယ်စဉ်ကတည်းက မိဘနှစ်လုံးဆုံးပါးခဲ့ပြီး ကိုယ့်ခြေထောက်ပေါ် ရပ်တည်နေရတဲ့ Jung Hoseok မတူညီတဲ့ အခြေအနေတွေကြားက သူတို့နှစ်ယောက်ရဲ့ ဖြူစင်တဲ့ ချစ်ခြင်း Forget Me Not