ရက်တွေလတွေနှစ်တွေ တဖြည်းဖြည်းနဲ့ ကုန်ဆုံးလာတယ် Mrs.Jihyo က ကျွန်တော့ကို ကျောင်းတက်ဖို့ ခွင့်ပြုပေးခဲ့တယ် အလုပ် ကျောင်း ကိစ္စအားလုံးက်ို လုပ်ရိုုးလုပ်စဉ်အတိုင်း အမြဲလုပ်နေရတယ် တခါတလေ စိတ်ပျက်မိတယ် ငြီးငွေ့မိတယ် ဒါပေမဲ့ ကျွန်တော့ မကြာခင် ဒီကိစ္စတွေ အကုန်ပြီးသွားမှာပါ ဆိုတဲ့ အသိစိတ်လေးက ပြောပြပေးနေတယ် ...
ကျွန်တော်အရင်ကလို တအိမ်လုံးရဲ့အလုပ်တွေ မလုပ်ရတော့ဘူး သူမက ကျွနိတော့ကို မီးဖိုချောင်သို့ ပြောင်းပြီး အလုပ်ပေးတယ် သိပ်မပင်ပန်းတော့ဘူး
မနက်ကိုအစောကြီးထ မီးဖိုချောင်ထဲက တောင်လိုပုံနေသော ပန်းကန်တွေကိုဆေးပေးရတယ်
အလုပ်ပြီးသွားရင် ကျောင်းသွားဖို့ သူတို့ကျွေးသော ကိတ်မုန့်လေးကိုစား ဘာအရသာမှမရှိသော မသိမှန်းကော်ဖီကိုသောက် လွယ်အိတ်ကိုဆွဲပြီး ကျောင်းကိုအပြေးသွားရတယ် စာသင်ချိန်ဆို စာသင်
သူငယ်ချင်းကလည်းမရှိ အထီးကျန်လွန်းလှတယ် အဲလိုနဲ့ နေ့တွေ စာသင်နှစ်တနှစ် ကိုဖြတ်ကျော်လာခဲ့တယ်ဒုတိယနှစ်ရဲ့ ပထမဆုံးရက် ........................ .....
အရင်ပုံစံအတိုင်း မပြောင်းလဲပဲ ကျောင်းတက်ဖို့စတင်ခဲ့တယ် ...ကျောင်းဝင်းထဲကိုဝင်လာလိုက်သည်နဲ့ အရင်လို အေးစက်စက်မျက်လုံးတွေ ကဲ့ရဲ့ပြောဆို တီးတိုးနေသံတွေကို ကြားနေရတယ်"Hey! Jung Hoseok... ငါ့အရမ်းချစ်တဲ့ ညီလေးပဲ..."
ဆံပင်အနက် Body တောင့်တောင့် အသားညို ပြီး ကျောင်း ဘောလုံးအသင်းရဲ့ ခေါင်းဆောင်
Kim Namjoon
ကျွန်တော် နဲ့ ညီအစ်ကိုဝမ်းကွဲ သူက ကျွန်တော်ကို အိမ်မှာရော ကျောင်းမှရော အမြဲတမ်း မညှာမတာ နှိပ်စက်တယ်..ကျောင်းမှာဆိုရင် သူတယောက်တည်းမဟုတ် သူရဲ့ ဘောလုံးအသင်းထဲက လူတွေပါ အနိုင်ကျင့်တယ
်
" ငါတို့ မင်းကိုစောင့်နေတာ ... ဘာလို့အဲလောက်တောင်ကြာနေတာလဲ ကျောင်းတက်ရက်ပထမဆုံးနေ့ကို အဲလောက်မကြာသင့်ဘူး သြော်....အလှပြင်နေလို့ ကြာနေတာလား ဟား ဟား ဟား..."
" အလုပ်လုပ်နေရလို့ပါ "
" ထားလိုက်တော့ ...ထုံးစံ အတိုင်း မင်းရဲ့ပိုက်ဆံ ငါတို့ကိုပေးရမယ် .."
" ငါ့မှာ မင်းတိို့ကို ပေးစရာပိုက်ဆံမရှိသေးဘူး လခမရသေးလို့ပါ..."
" ဟေ့ကောင် မင်းအပိုတွေပြောမနေနဲ့ ပေးမှာလား မပေးဘူးလား မပေးရင် ငါ့လက်သီးစာတွေ့သွားမယ်"
" မရှိလို့မရှိိဘူး ပြောတာပေါ့ မင်းတို့ငါကိုအရမ်းအနိုင်မကျင့်နဲ့ .."
" ကလေးလေး ငိုတော့မလို့လား ငိုလေ ငိုလေ "
ကျွန်တော့ ရှက်ရမ်းရမ်းပြီး ဆောင့်တွန်းမိသွားတယ် Namjoon လဲကျသွားရာကနေ ချက်ချင်းပြန်ထလာပြီး လက်သီးနဲ့ ထိုးဖို့ရွယ်လိုက်စဉ် ......................................................
......................................................
......................................................
......................................................" ဟေ့ မင်းတို့ အဲလိုပဲ အားနည်းတဲ့သူတွေကို အနိုင်ကျင့်နေကြတာလား ...."
Namjoon သူငယ်ချင်းတယောက်က သူ့လက်ကိုကိုင်ရင်း
" Namjoon... Namjoon သွားရအောင် ကျောင်းထွက်မခံချင်ရင် မြန်မြန်လစ်တာကောင်းမယ်........"
" ဒီတခေါက် မင်း သက်သာသွားတယ်မှတ်ပါ နောက်တခါဆို မလွယ်ဘူး " သူလက်ညိုးထိုးပြီး ကျွန်တော့ကို ပြောသွားတယ် ...
ဝမ်းသာရမလား ဝမ်းနည်းရမလား ကျွန်တော့အဖြစ်က....ထိုစဉ် တစုံတယောက် ကျွန်တောပခုံးပေါ်ကို လက်ကလေးလာတင်လေသည်
" မင်း အဆင်ပြေရဲ့လား "အသံထဲမှာ စိုးရိမ်မူတွေပြည့်နှက်နေသည် အသံကြားရာဘက်သို့ ကျွန်တော့ခေါင်းလေးလှည့်ပြီး ကြည့်မိလိုက်သည်
ကောင်လေးတယောက် တည်ငြိမ်သောမျက်နှာမှာ အပြာရောင်မျက်လုံးတစုံ တောက်ပနေတယ် စဉ်းစားကြည့်မှ ကျွန်တော် သူကိုသိတယ် သူကို အမြဲတမ်း ကျောင်းလမ်းမှာ သတိထားမိတယ် စကားတော့ တခါမှသွားမပြောမိဘူး..." ဘာမှမဖြစ်ပါဘူး ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ် "
" ကိစ္စမရှိပါဘူးကွာ ကျောင်းသားအချင်းချင်းပဲ ငါ့နာမည်က Min Yoongi ဒါနဲ့ မင်းနာမည်ကရော ??? "
" Jung ..Hoseok "
" ငါ မင်းကိုသိတယ် "
" ငါကို သိတယ် ≥O-O≤ ??? Hehe ငါတော့ မသိဘူး မင်းကိုတခါမှမမြင်ဖူးဘူး "
ကျွန်တော ညာပြောမိသွားပြီ မရည်ရွယ်ပါဘူး အဲလိုပြောဖို့ ဘာလို့ပြောမိသွားလဲ မသိဘူး" မင်းကို စာအုပ်တွေထဲမှာပဲ ခေါင်းနှစ်ထားတာကို အဲတော့ ဘယ်သိမလဲ ငါ မင်းကို တွေ့လိုက်တိုင်း မင်းစာဖတ်ရင် စာဖတ် မဟုတ်ရင် စာရေးတာပဲ လုပ်နေတာ ငါမင်းကို လာမိတ်ဆက်မလို့ပါပဲ အခွင့်မကြုံတာနဲ့ မလုပ်မိတာ.."
သူအဲလိုပြောတော့ ကျွန်တော့စိတ်ထဲ ဘယ်လိုဖြစ်သွားလဲ ဆိုတော့ နွေးထွေးမှုကို ခံစားမိသလိုလို ပျော်သွားသလိုလို
" ငါ မင်းနဲ့ သူငယ်ချင်းလုပ်လို့ရမလား "
" ရ..ရပါတယ် "
" နောက်အတန်းက ?"
" ပန်းချီပါ "
"အာဆို့ နေ.လည်စာ စားချိန် ကျရင် တွေ့မယ် "
" ငါက နေ့လည်စာ စားလေ့မရှိဘူး "
" ဟုတ်လား "
" ဒါပေမဲ့ ဒီနေ့တော့ စားဖြစ်မယ် ထင်တာပဲ "
" ငါ စောင့်နေမယ် bye bye Hoppie "ကျွန်တော့ ဘဝအတွက် ပထမဆုံး သူငယ်ချင်းဆိုတဲ့သူ ဝင်ရောက်လာပြီ စိတ်လှုပ်ရှားဖို့ကောင်းတယ်
Min yoongi ဆိုတာ
ဘယ်လိုလူမျိုးလဲ ????
မေးခွန်းပေါင်းများစွာ အတွေးတွေထဲ ပြည့်နေပြီ သူက ကျွန်တော့ အပေါ် ကောင်းမလား ဆိုးမလား...
သူ.......90° bow
Thank you
YOU ARE READING
Forget Me Not(VHope)
Romanceချမ်းသာတဲ့ မိသားစု အသိုင်းအဝိုင်း ကနေ ကြီးပြင်းလာတဲ့ Kim Taehyung ငယ်စဉ်ကတည်းက မိဘနှစ်လုံးဆုံးပါးခဲ့ပြီး ကိုယ့်ခြေထောက်ပေါ် ရပ်တည်နေရတဲ့ Jung Hoseok မတူညီတဲ့ အခြေအနေတွေကြားက သူတို့နှစ်ယောက်ရဲ့ ဖြူစင်တဲ့ ချစ်ခြင်း Forget Me Not