Imperfection-01

1.7K 91 3
                                    

💙Kim Jongin💙

"ဟေ့ Jongin ဒီမှာ လာကြည့် စိတ်ဝင်စားဖို့ကောင်းတယ်"

"ဟင် ဘာလဲ"

"ဒီမှာ ဒီappလေးလေ ဒာလေးက ​ကိုယ့်မွေးသက္ကရာဇ်​ကိုရိုက်ထည့်လိုက်ရင် ဖူးစာရှင်ကဘယ်နိုင်ငံမှာရှိနေတယ်ဆိုတာ
တွက်ပြပေးတယ်"

"ကလေးကလား Hyungကလဲ ယုံသလား"

"အပျော်ပေါ့ကွာ ငါ့ဖူးစာရှင်ကတော့ ကိုရီးယားမှာပဲတဲ့ မှန်းစမ်း Jongin မင်းမွေးနေ့က ၁၉၉၄ ၁ ၁၄ ok..."

စိတ်မဝင်စားဖူးဆိုပေမယ့် လက်တွေ့တွက်ကြည့်တော့သိချင်မိသည်။
ဒီလိုappဆိုတာမျိုး ကျွန်တော်တွေ့ဖူးမြင်ဖူးပေမယ့် အယုံအကြည်မရှိလို့ တခါမှ မတွက်ကြည့်ဖြစ်ခဲ့
ခုလိုကျတော့လည်း ရင်ခုန်ရသား...

"အမ် ဟေ့ကောင်ရေ မင်းတော့ တိုင်းတပါးသူလေးနဲ့အကြောင်းပါတယ်ဗျာ"

"ဘယ်နိုင်ငံတဲ့လဲ Hyung"

"မြန်မာ"

မြန်မာတဲ့လား ကြားဖူးသလိုလိုတော့ရှိသား။

"Chanyeol Hyung ကလည်းဗျာ အဲ့လိုappတွေ ယုံကြည်လို့မှမရတာ ကျွန်တော့်ဖူးစာရှင်က အဲ့လောက်အဝေးကြီးမှာရှိမတဲ့လား
နာမည်ပဲကြားဖူးတဲ့နိုင်ငံ... ကျွန်တော်လည်း
သွားစရာအကြောင်းမရှိပာဖူးဗျာ"

"Jongin ဖူးစာမှန်ရင် တွေ့ရမယ့်ကံပါကိုပါလာတတ်တယ် ဘယ်သူသိနိုင်မှာလဲ မင်း မနက်ဖန်ဆိုရင်ကို မြန်မာနိုင်ငံရောက်နေမလားဆိုတာ"

"အဓိပ္ပါယ်​မရှိတာဗျာ ကဲတော်ပြီ Hyung
KBS ကိုသွားရမှာ နောက်ကျနေမယ် သွားကြစို့"

အဲ့နေ့က LOTTO comeback stageတွက် KBSမှာrecordingလုပ်ဖို့ သူတို့
အစောကြီး ထွက်ခဲ့သည်။KBS ရဲ့
music bankတွက်ရိုက်ကူးရေးstudio
ထဲရောက်ရင်ပဲ မနားတမ်းဆိုလိုက်ကလိုက်နဲ့ အချိန်တွေကုန်သွားသည်။
ရိုက်ကူးရေးပြီးပြီလည်းဆိုရော အချိန်က နေ့ခင်း၁နာရီကျော်နေပြီ။ မနက်ဖန်လည်း မနက်အစောထပြီး လေဆိပ်ဆင်းရမှာမို့ ဘယ်တွေညာတွေထပ်မထွက်တော့ဘဲ dormမှာပဲနားနေခဲ့သည်။

★ ★ ★ ★ ★ ★ ★ ★ ★ ★ ★

memberတိုင်းအလုပ်ရှုပ်နေသည်။ လေဆိပ်ဆင်းဖို့အရေး ထည့်ရမယ့်ပစ္စည်း ဝတ်မယ့်အဝတ်အစားရွေးကြနဲ့ အတော်တော့ ရှုပ်ရှတ်ခတ်နေသည်။

Perfect Imperfection  (Completed)Where stories live. Discover now