Imperfection-08

702 65 6
                                    

✏ ✏ Real Perfection ✏ ✏
----------------------------------

နေခြည်ဖျဖျတိုးဝင်လာတဲ့မနက်
ဆောင်းရဲ့အငွေ့အသက်လေးကလည်း မပီပြင်သေးသည့်တိုင် ရုပ်
လုံးပေါ်စပြုသည့်အချိန်
ငှက်ကလေးတွေရဲ့တေးသံမကြားနိုင်တဲ့ ဒီလိုမြို့ပြကြီးမှာနေသူအဖို့ မနက်ခင်းအလှတရားဆိုတာ
သီချင်းတစ်ပုဒ်ထဲနဲ့တင်ပြည့်စုံနေသည်။

Play listထဲထည့်ထားတဲ့ သီချင်းလေးတွေကို soundboxခပ်သေးသေးလေးနှစ်လုံးနဲ့ တစ်ကိုယ်ကြားရုံလေး ဖွင့်ထားသည်။
တိုက်ခန်းကနေအပြင်ကိုကြည့်မိပြန်တော့ လေးဘက်လေးတန် မြင့်မားတဲ့တိုက်ခန်းတွေချည်းမို့ ငြီးငွေ့စရာကောင်းပေမယ့် မြင်နေကျမို့ နွေးထွေးသလိုတော့ရှိနေပြန်သည်။ ပြတင်းတခါးကနေ အောက်ကိုငုံ့ကြည့်မိပြန်တော့ မနက်ခင်းလေ့ကျင့်ခန်းလုပ်သူတချို့နဲ့ အလုပ်သွားကြတဲ့ဖြတ်သွားဖြတ်လာ
တို့ကိုလှမ်းမြင်ရသည်။

ကျွန်မရဲ့နေ့သစ်သည်လည်း ဒီလိုနဲ့တစ်ရက်စခဲ့ပြန်သည်။

★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★

ဒီနေ့ တနင်္ဂ​နွေနေ့ ရုံးပိတ်ကျောင်းပိတ် လူစုံအိမ်မှာရှိတဲ့အချိန်
ကျွန်မလို ၁၀၉ ၁၁၀အတွက်တော့ ပိတ်ရက်ဆိုတာမရှိ
နေ့တိုင်းအလုပ်ရှုပ်နေသည်သာ

~~~ooh oh lotto...ooh oh lotto~~~

"ဟယ်လို"

"မရောက်သေးဖူးလား ခုထွက်ခဲ့တော့လေ"

"လာပြီ လာပြီ ထွက်လာနေပြီ အင်း ဟဲ့ ငါ့စောင့်ကြဦးနော်...အေး..အေး...ဒါပဲ ချ"

ဒီနေ့ သူငယ်ချင်းတွေနဲ့ချိန်းထားသည်။ မစုံတာကြာတာကတစ်ကြောင်း တယောက်နဲ့တယောက် ကပ်ဖဲ့ကြဖို့
သူ့အလုပ်ကိုယ့်အလုပ်ကြွားဖို့
သူ့ရည်းစားကိုယ့်ရည်းစားသာကြောင်း လျှာအရသာခံကြဖို့အတွက်သာ...
ဒီသူငယ်ချင်းတစ်စုကြားမှာ
ကျွန်မတစ်ယောက်သာ အရာရာနောက်ကောက်ကျနေခဲ့သည်။
အလုပ်မရှိ
ရည်းစားမရှိ
ဝင်ငွေမရှိ
အဲ့တော့ သူတို့နားပူသမျှ လိမ့်ပိတ်ခံပေးရပေဦးမည်။

အမှန်က ကျွန်မ အလုပ်မရှိတာတော့မဟုတ်
Online shopping လေးတစ်ခုလည်း လုပ်နေသလို
chibi cartoonလေးတွေလည်း အခကြေးငွေယူပြီး တစ်နိုင်ဆွဲသည်။ ကြုံရင်ကြုံသလို ဘာသာပြန်တာလေးလည်းလုပ်သေးသည်။
ဒါပေမယ့် တည်တည်တံ့တံ့အလုပ်တွေမဟုတ်တော့ ကျွန်မ Joblessအမည်ခံဖြစ်လာသည်။

Perfect Imperfection  (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ