Imperfection-02

1K 98 14
                                    

မြန်မာပြည်ရဲ့ရာသီဥတုလို့မပြောရဖူး ပူလိုက်အိုက်တာဆိုတာလေ ခုမှ နေထွက်ခါစရှိသေးတယ် လူတစ်ကိုယ်လုံးလည်း ရေချိုးထားသလားမှတ်ရတယ် ချွေးတွေကိုနစ်ရောပဲ...

***Jonginရေ ရှင့်ဆီသာခေါ်ထားပါတော့
ပူတာဆိုတာလေ တော်သေးတာပဲ ရှင့်လိုလူက ဒီမြန်မာပြည်မှာမွေးဖွားမလာတာ ရှင်သာဆို အပူဒဏ်မခံနိုင်လောက်ဖူး အဲ့တော့ ကျွန်မပဲ ရှင့်ဆီရောက်အောင်လာခဲ့မယ် စောင့်နေနော် ခိ ခိ***

"မယ်မင်းကြီးမ အစောကြီးရှိသေးတယ် ဘာတွေစိတ်ကူးယဉ်နေတာလဲ မျက်နှာကိုက စပ်​ဖြီးဖြီးနဲ့ ခိုင်းထားတာတွေလုပ်ပြီးပြီလား"

***ဒီOmma အဲ မေမေနဲ့တော့ခက်နေပါပြီ သူ့သမက်လောင်းလေးအကြောင်း
တွေးနေတာကိုတော့***

"ပြီးပါပြီ မေရဲ့ ဘုရားသောက်တော်ရေလဲဖို့ပဲကျန်တော့တယ်"

"အေး အေး မောင်လေးကိုလည်းနှိုး ကျောင်းချိန်နီးနေပြီ"

"ဟုတ် မေ... မေမေ ဒီနေ့ပူတာနော်"

"အေး ညနေမိုးရွာတော့မယ်နဲ့တူတယ်"

"ဟာ မေမေကလည်း ဒီလောက်ပူနေတာ ရွာမလားမိုးက"

"အမေကိုမယုံသင်္ကာနဲ့"

"ဦးထွန်းလွင်မှမကြေညာထားတာ ယုံပေါင်"

"အမလေးအေ ဦးထွန်းလွင်မကြေညာတာနဲ့ မိုးမရွာတော့ဖူးလား မယုံစောင့်ကြည့် ... လေများမနေနဲ့ မနက်စာကူပြင် အဖေရုံးသွားတော့မယ်"

"ဟုတ်..."

***ဟွန်း ဒီလောက်ပူတာ မိုးကရွာမလား
အဟီး အဲ့မိုးနဲ့Jonginပါလာရင်လည်း အကောင်းသား...ဒါစိတ်ကူးလေးပါပဲ ဒါအိပ်မက်လေးပါပဲ...ခိ...ခိ...သြော် ငါလည်း အရွယ်နဲ့မလိုက်ရူးတုန်း...ဘယ်သူ့ဂရုစိုက်ရမှာလဲ ရူး ရူး ပဲ ဟုတ်တယ်မလားJongin***

ကျွန်မက ကိုရီးယားဘာသာစကားသင်တန်းကျောင်းက သင်တန်းဆရာမတစ်ယောက်ပါ ကျောင်းပြီးကတည်းက ကိုယ်ကိုယ်တိုင်က ကိုရီးယားရူးလွန်းလို့ သင်တန်းတက်ခဲ့တယ်
သင်တန်းဆင်းတဲ့ရက်မှာပဲ ဆရာဆရာမတွေက ဝါသနာပါရင် ဆရာမအနေနဲ့ပြန်ဝင်ပါလားဆိုတာနဲ့ တစ်ခါထဲဝင်လုပ်ဖြစ်တာပေါ့ အလုပ်လည်းရပညာလည်းရတာမို့ ကျွန်မကတော့ ခုလုပ်နေတဲ့အလုပ်ကိုအရမ်းချစ်တယ်

Perfect Imperfection  (Completed)Where stories live. Discover now