Imperfection-05

676 72 6
                                    

"မိုးမရွာပါစေနဲ့လို့လေ"

***ကျွန်တော့်တွက်ဒီတစ်မိုးနဲ့တင် လုံလောက်ပါတယ်***

"သွားရအောင်လေ...ဟိုဘက်မှာ ဆိုင်တန်းတွေရှိတယ် အမှတ်​တရလက်ဆောင်တွေ ဝယ်လို့ရတယ်"

"အင်း...သွားရအောင်...ဒါနဲ့ ခဗျားကရော ဘာနေ့သမီးလည်း ခဗျား ရေမသပ္ပါယ်ဖူးလား"

"မသပ္ပါယ်တော့ဖူး ကြာနေလိမ့်မယ်"

"ဆုမတောင်းဖူးလားဗျ"

"စောစောက ရှင်ဆုတောင်းတုန်းက တောင်းပြီးပြီ"

"ဟုတ်လား ဘာဆုတောင်းတာလဲ"

"ကျွန်မ ပြောလိုက်ရင် ဆုတောင်းမပြည့်ပဲနေမှာပေါ့"

"မပြောချင်ဖူးဆိုပါတော့"

"အင်း"

***သူ ဆုတောင်းတာမှန်သမျှ ပြည့်ပါစေ လို့
ကျွန်မ ဆုတောင်းခဲ့မိတယ်
တကယ်လို့များ မိုးသာမရွာခဲ့ရင်
အဓိကတရားခံက ကျွန်မပဲပေါ့***

လှေကားတစ်ထစ်တိုင်း တစ်ထစ်တိုင်း အသာအယာကျသွားတဲ့ သူ့ခြေလှမ်းတိုင်းက
ကျွန်မနဲ့ပိုဝေးရာကို ခေါ်ဆောင်သွားသယောင်ရှိသည်။
ကိုယ့်ရှေ့မှာ သူရှိနေသည့်တိုင် အမီလိုက်ဖို့က အတော်မောမည့်အဖြစ်။ မလိုက်နိုင်တဲ့အဆုံး သူ့ကျောပြင်ကျယ်ကြီးကိုသာ ငေးကြည့်ရင်း...

***ရှင်နဲ့ကျွန်မကြားမှာ ဒီလိုပဲ ကိန်းဂဏန်းအနေနဲ့သာကွာချင်ကွာမယ် အနေအထားတစ်ခုကတော့ အမြဲတမ်းဝေးကွာနေတာပဲနော်
အရင်ကဆို ကျွန်မခြေလှမ်းတစ်ထောင်လှမ်းတောင် ရှင့်ဆီရောက်ဖို့မဖြစ်နိုင်ခဲ့ဖူး
ခု ကျွန်မသာ ကြိုးစားပမ်းစားနဲ့ ခြေလှမ်းဆယ်လှမ်းလောက်လှမ်းလိုက်ရင်ကို ရှင့်ဆီရောက်နေပြီ
ဒါပေမယ့် ကျွန်မကြောက်မိတယ် ကျွန်မ ခြေလှမ်း၁၀လှမ်း လှမ်းလို့မှ ရှင့်ကိုမမီခဲ့ရင် ကျွန်မပဲအမောဖောက်မှာ...
ရှင့်ဘက်ကသာ ရပ်နေပေးမယ်ဆို ကျွန်မ အပြေးလေးလာချင်ပါရဲ့...
ရှင့်ဘက်ကသာ...***

"ဘာလုပ်နေတာလဲ လာ... အတူမသွားချင်ဖူးလား"

***ကျွန်မဆုတောင်းတိုင်းကို မြတ်​စွာဘုရားရှင်က ကြားဟန်တူပါရဲ့...သူရပ်နေတဲ့အပြင် ကျွန်မကိုပါ အတူသွားဖို့ခေါ်နေလေရဲ့...ကျွန်မတစ်ဆင့်တိုးပြီး ဆုတောင်းခွင့်ရမလားရှင်...ဘဝတသက်တာ ကျွန်မ သူနဲ့အတူ လျှောက်လှမ်းခွင့်ရပါစေ***

Perfect Imperfection  (Completed)Wo Geschichten leben. Entdecke jetzt