Imperfection-07

738 71 11
                                    

သူဆိုတာ တကယ် ခန့်မှန်းလို့မရတဲ့သူ
သူ့အကြောင်းအကုန်သိတယ်ထင်ရပေမယ့်လည်းတကယ့်တကယ်ကျ ကျွန်မ သိခဲ့တာတွေက အပေါ်ယံလောက်သာ။

ခက်တယ် ရှင်တယ်
တော်ကြာ ရောဂါပေးလိုက်
တော်ကြာ ကုစားလိုက်
ရှင်ဟာလေ
အတော် မုန်းစရာကောင်းတဲ့လူ

ခုလည်းကောက်ခါငင်ခါ dateမယ်ဆိုပဲ။
သူဘာတွေကြံနေလဲ သူဘာတွေတွေးနေလဲ သိလို့ရရင်သိချင်ပါရဲ့။

"အရင်ဆုံး တစ်ခုခုသွားစားရအောင် ဘယ်ဆိုင်ကောင်းလဲ ခဗျားသွားချင်တဲ့နေရာရှိလား"

"ရှင်...အင်း"

"ဘာလဲ ဘာအင်းတာလဲ"

"ခဏ စဉ်းစားလိုက်ဦးမယ်"

သူနဲ့dateဖို့ဆိုပြီးထွက်လာပေမယ့် ကားပေါ်ရောက်တဲ့အထိ ဘယ်သွားလို့ဘယ်လာရမှန်းမသိ။
ဘာကစလုပ်ရမယ်လဲမသိ။
တကယ့်တကယ်စဉ်းစားကြည့်ရင် သူနဲ့လုပ်ချင်တာတွေ သွားချင်တဲ့နေရာတွေက အများဆိုမှအများကြီး
ရုတ်တရတ်မို့ ဘာမှစဉ်းစားလို့လည်းမရ။

"အရင်ဆုံး Oceanသွားရအောင် ရှင့်ကိုအဝတ်အစားဝယ်ပေးမယ် ပြီးရင်
Young Na Ya မှာ မနက်စာ...အင်း...ခုတောင် ၉နာရီကျော်နေပြီဆိုတော့ နေ့လည်စာဖြစ်တော့မှာပေါ့ အဲမှာ နေ့လည်စာစားမယ်
အဲ့ဆိုင်လေးက ကိုရီးယားဆိုင်လေ ရှင်စားလို့အဆင်ပြေမှာပါ စားပြီရင် အင်းယားကန်ဘောင်သွားမယ် အဲ့မှာအချိန်ဖြုန်းပြီး...
လေဆိပ်ကိုသွားရုံပဲ"

"ကောင်းပြီလေ ခဗျားပြောသလိုလုပ်ကြတာပေါ့ ဒါနဲ့ ကျွန်တော်တို့နိုင်ငံမှာတော့ dateလုပ်ရင် movieကမပါမဖြစ်ပဲ ခဗျားတို့နိုင်ငံက အဲ့လိုမဟုတ်ဖူးလား ခဗျား ကျွန်တော်နဲ့အတူ ရုပ်ရှင်မကြည့်ချင်ဖူးလား"

"ရုပ်ရှင်ကဘာလုပ်ရမှာလဲ ရှင့်မျက်နှာပဲထိုင်ကြည့်မှာပေါ့"

"ခုမှပဲ အမှန်တိုင်းပြောတော့တယ်"

အမှန်က လွှတ်ကနဲထွက်သွားခြင်းသာ။ သူနဲ့ဆိုထိန်းထားဖို့ရာ မဖြစ်နိုင်ပါလားနော်။

Oceanရောက်တယ်ဆိုရင်ပဲ လူတွေရဲ့အာရုံကကျွန်မတို့ဆီရောက်လာသည်။
Kim Jonginဆိုသည်မှာလည်း ဘယ်လောက်မျက်နှာကိုmaskနဲ့ကာထားထား ဦးထုပ်ပဲဆောင်းထားထား သူ့ရဲ့hotbodyနဲ့ကိုက လူအများသတိထားမိချင်စရာ။ ကောင်မလေးတွေက တိုးစိတိုးစိ ဘယ်သူအတိုင်းပဲ မိုက်လိုက်တာ ဆိုသည်များသာ။ ဘေးနားကကျွန်မအလိုလိုနေရင်း ကိုယ်ပျောက်လူသားဖြစ်သွားရသည်။ ဒီအချိန်သူဆိုတာ ဘယ်သူမှန်းသိသွားကြည့်ပါလား။
အမလေး မတွေးဝံ့စရာ။ Kim Jongin က အဲ့လောက်တောင် ဆွဲဆောင်မှုရှိတာလား။
သိပြီးသားမေးခွန်းကိုကိုယ့်ဘာသာပြန်မေးမိပြီး ပြုံးမိသည်။ သူ့ကိုတစ်ချက်မော့ကြည့်လိုက်ပြီး...

Perfect Imperfection  (Completed)Where stories live. Discover now