ChanBaek (Yaoi)
Part - 10ChanYeol နဲ့ BaekHyun ..မိဘတွေအိမ်က ပြန်ရောက်ကတည်းက အဆင်ပြေနေတယ်လို့ပင် ဆိုရမည် ။ တခါတခါတော့ ရန်ဖြစ်လိုက် ပြန်တည့်လိုက်ပေါ့ရယ် ....
Yeol ... Baekကိုတောင်းထားသည့် အဖြေကိုတော့ Baek ပေးခြင်းမရှိသေးပါ ။
ကျတော်စောင့်နိုင်ပါတယ် ။ ကလေးကို အတင်းကျတော့်ကိုချစ်ရမယ်ဆိုပြီး မတိုက်တွန်းချင်ပါ ... သူ ကျတော့်ကိုတဖြည်းဖြည်း ချစ်လာနိုင်အောင် ကျတော်ကြိုးစားချင်ပါသေးတယ် ..
"Yeol !!!!"
"အင်း ..လာပြီ"
"Coffeeဖျော်နေတာ ကြာလိုက်တာ.."
"ရော့..ဒီမှာရပါပြီဗျ.."
"ရေကျဲကြီးတော့မဟုတ်ပါဘူးနော်..ရေတွေများလိုက်တာ..."
BaekHyun တငုံသောက်ကြည့်ပြီးတော့ တော်တော်လက်လန်သွားသည် ။ Coffeeသောက်နေရတာမဟုတ်ဘဲ ရေသောက်နေရသလိုပင် ။
"ရေအတိုင်းဘဲ.."
"ဟုတ်လား........ထွီး အဟွတ် အဟွတ်...ဟုတ်ပ Baek ။ ကိုယ်ထပ်ဖျော်ပေးရမလား ?"
"ဟင့်အင်း...တော်တော့ ဒီမှာလာထိုင်."
Baek..Yeolကို သူဘေးနား လာထိုင်ရန် ပုတ်ပြတာကြောင့်...Yeol ကလေးမုန့်ရသွားသော မျက်နှာဖြင့် ချက်ချင်းထိုင်လိုက်ကာ BaekHyun ပခုံးကို ဖက်လိုက်သည် ။
"Yeol.."
"Immm ပြောလေ Baek"
"ငါလေအခု ဆံပင်ပုံစံ ပြောင်းချင်လို့"
"ဘယ်လို ????? Baek မပြောင်းရပါဘူး ။ ကိုယ်ဒီပုံစံလေးကို ဘယ်လောက်ချစ်လဲ Baekသိသားနဲ့ ဒီအဖြူရောင် ဖွာဖွာလေးနဲ့ပဲနေပါ Babyရာ"
"မင်းက ငါ့ဆံပင်ကို ချစ်တာလား ငါ့ကိုချစ်တာလား ChanYeol ??"
"ကိုယ်..မင်းကို ချစ်တာလေ BaekHyun..ဒါပေမယ့်...."
"မသိဘူး..မသိဘူး...လုပ်မှာပဲ.."
"Baek...ကိုယ်မကြိုက်ဘူး မလုပ်ရဘူးလို့ ပြောနေတယ်နော်"
"ငါ့ဆံပင်...ငါလုပ်ချင်သလို လုပ်မယ်...လာမတားနဲ့...Park ChanYeol"
BaekHyun...ပြောပြီး ကားသော့ယူကာ အပြင်ထွက်သွားသည် ။ လိုက်ဆွဲချင်ပေမယ့်လို့ အိတ်ကပ်ထဲက မြည်လာသော Phone ringtone သံကြောင့်....
YOU ARE READING
Loveliest BOY //RatedM // (Completed)
RomanceChanYeol And BaekHyun MYANMAR VER [YAOI] Mature Content @Dollyjulli_9394