>>Part-5<<

12.6K 815 9
                                    

ChanBaek (Yaoi)
#Part-Five

Coffee ဆိုင်လေးထဲမှာ ဖွင့်ထားတဲ့ အလွမ်းသီချင်း အေးအေးလေး ။

မှန်ပြင်ကနေ လှမ်းကြည့်လိုက်လျှင် ထီးလေးကိုယ်စီနှင့် သွားလာနေကြသော လူအချို့နှင့် သည်းထန်စွာ ရွာသွန်းနေသောမိုးကလိုက်ဖက်စွာ ။

ဆိုင်ထဲတွင် အတွဲ တစ်တွဲစနှစ်တွဲစသာရှိနေသည် ။ ဒီလောက် Romantic ဆန်လွန်းတဲ့အခိုက်အတန့်လေးမှာမှ ကျတော်နှင့် သူ ... ဘယ်သူလဲ BaekHyun ပါ ... သူနဲ့စကားများနေရသည်လေ ။သီချင်းသံနှင့်မို့ ကျတော်တို့နှစ်ယောက်ကို ဘယ်သူမှ သတိမထားမိတာ တကယ်တော်ပါသေးရဲ့ ။

စကားများရသည့် အကြောင်းရင်းကတော့ ... BaekHyun ကားကို ဆိုင်နှင့်အနည်းငယ် လှမ်းတဲ့နေရာမှာ ရပ်ထားတာကြောင့် မိုးတိတ်မှသွားရန် ChanYeol ပြောသော်လည်း အတင်းပြန်မယ် လုပ်နေသောကြောင့်ဖြစ်သည်။ ပါလာသောထီးကလည်း ကားပေါ်တွင်ကျန်ခဲ့သည်လေ ...

" မိုးစိုလဲ ဘာဖြစ်လဲ အိမ်ရောက်မှ အကျီလဲလိုက်ရင် ရတာပဲ "

" ကား​မောင်းရဦးမှာနဲ့ မင်းအ​အေးပက်​ပြီး ဖျားလိမ့်​မယ်​ Byun Baek Hyun .. "

" မင်း မပြန်ချင်ကျန်ခဲ့လေ ... ငါတယောက်ထဲပြန်မယ် "

" ............ "

ChanYeol ဘာမှ အတန်ကြာပြန်မပြောဘဲ BaekHyun ကိုသာကြည့်နေပြီး နောက်မှ ...

" ငါ့ကို စိတ်ဆိုးနေတာလား BaekHyun? "

" စိတ်​ဆိုးစရာဘာရှိလို့လဲ "

" မင်းတခုခုဖြစ်​​နေတာ​သေချာတယ်​ .. ဘာလို့လဲ ? ငါ အကြာကြီးNoona နဲ့စကားပြောမိသွားလို့လား ? မင်းကိုပစ်ထားသလို ဖြစ်သွားလို့လား ? "

ChanYeol သိချင်စိတ်ကလေးကြောင့် တိုးညင်းသော အသံလေးနှင့် BaekHyunကို မေးလိုက်မိသည် ။ Noona ဆိုသူက ကျတော့်အတွက် ဆက်ကျော်သက် အရွယ်မှာရင်ခုန်စေတဲ့သူတစ်ယောက်ဘဲ ဖြစ်ခဲ့တာပါ ။ ရင်ထဲမှာ ဒါဟယ် Noona နဲ့ပက်သက်လို့ ဘာခံစားချက်မှ မရှိတော့ဘူးဆိုတာ BaekHyun ကိုသိစေချင်ခဲ့ပေမယ့်လို့ မသိမသာသဝန်လေးတိုပြီး ဒေါသရိပ်ကလေးတွေ ပေါ်နေတဲ့ သူ့ရဲ့မျက်နှာလေးကိုလည်း ခနခနမြင်ချင်​​နေမိမိတာခက်နေတယ် ။

Loveliest BOY //RatedM // (Completed)Onde histórias criam vida. Descubra agora