ChanBaek (Yaoi)
Part-sixနံနက်ခင်း ဖြာထွက်လာသောနေရောင်ခြည်အလင်းတန်းလေးရဲ့အပူချိန်ဖျော့ဖျော့လေးနှင့် နေပူလိုက် မိုးရွာလိုက် ဖြစ်နေတဲ့ ပူလွန်းလှသောရာသီဥတုကိုအံတုကာ အိပ်ရာထဲတွင် တစ်ယောက်ကို စောင်တစ်ထည်စီနှင့် ခုတင် ဘယ်နဲ့ ညာ တစ်ဖက်တချက်စီတွင် ပြုတ်ကျမတတ်အိပ်နေကာ တယောက်နှင့်တယောက် ဖင်ချင်းပေါက်ပြီ်းပုစွန်လုံးတွေလိုကွေးပြီးအိပ်နေသူနှစ်ယောက်မှာ ChanYeol နဲ့ BaekHyun ..
" ဟင်းးးးးး ... "
ပထမဆုံး BaekHyun ညည်းသံလေးဖြင့် အရင်နိုးလာသည် ။
" Chan .. ChanYeol-ah "
အသက်ကိုမနည်းပြင်းပြင်းရှူကာ ChanYeol ကိုမျက်လုံးစုံမှိတ်ပြီး လှမ်းနိုးနေသည် ။ သို့သော်လည်း ChanYeol ကတုတ်တုတ်တောင်မလှုပ် ။
အဖြေမှန်ကတော့ နှစ်ယောက်သားမနေ့က အရှိန်တွေကြောင့် အအေးမိကာဖျားကုန်ကြခြင်း ။
" Channie-ah "
" ဟင် ?? BaekHyun "
ChanYeol ရှိသမျှအားလေးနဲ့ ပက်လက်လန်လိုက်ကာ စောင်ကို ခေါင်းမူးခြုံပြီးထူးလိုက်သည် ။
" ငါ လှုပ်လို့မရဘူး ChanYeol ။ တကိုယ်လုံးကိုင်ရိုက်ခံထားရသလို "
" ကိုယ်ကောပဲ ။ တုပ်ကွေးဖြစ်နေတာများလား "
နှစ်ယောက်သား စကားပြောရင်း လည်ပင်းမှာ တစ်ဆို့ သွားသော အသံကို ဖျစ်ညစ်ထုတ်ပြီး ပြောနေကြသည် ။
မနေ့က နှစ်ယောက်သား အိမ်ပြန်ရောက်တာနဲ့ အကျီချက်ချင်းမလဲဘဲ Pizza တွေမှာစား/ တီဗွီကြည့်ပြီး သောင်းကျန်းနေခဲ့တာ ။ အခုတော့ နေမကောင်း တုပ်ကွေးမိ အစာမကြေတွေဖြစ်နေကြပြီရော် ။
" Yah ... Park ChanYeol ငါ့ကိုထပြီးဆွဲထူပါဦး မင်းကငါ့ထက်အားရှိသေးတယ်ထင်တာပဲ ။ "
" အင် ? Baby ကလဲ ...!! ကိုယ်ချမ်းနေတယ် ကွေးချင် သေးတယ် "
" ငါလဲ ချမ်းတာပဲ Park Chan... "
" အာ့ဆို ဒီလိုလေးနေမယ်လေ နွေးတယ်မလား ? "
ChanYeol ... BaekHyun ကို လှမ်းဖက်ပြီး ရင်ခွင်ထဲ အတင်းထည့်ထားလိုက်သည် ။
KAMU SEDANG MEMBACA
Loveliest BOY //RatedM // (Completed)
RomansaChanYeol And BaekHyun MYANMAR VER [YAOI] Mature Content @Dollyjulli_9394