Part-3

13.4K 927 11
                                    

ChanBaek (Yaoi)
#Part-3

အခု ChanYeol နဲ့ BaekHyun အိပ်ဖို့ပြင်ဆင်နေကြတာရယ် ။ BaekHyunကတော့ ဗီရိုတစ်ခုထဲက စောင်တွေ ခေါင်းအုံးတွေ အိပ်ရာခင်းတွေ အသေအကြေထုတ်နေလေရဲ့။

" BaekHyun-ah !!! ခေါင်းအုံး တစ်လုံးဆိုရပြီလေ ... အိုက်နေတဲ့ဟာ စောင်မခြုံဘူးငါ ... !!! "

" ............ "

" အိပ်ရာခင်းကြီး က ဘာလုပ်တာတုန်း? "

" ငါ ဧည့်ခန်းထဲမှာ သွားအိပ်မလို့ "

ထိုသို့ပြောပြီး စောင်တွေခေါင်းအုံးတွေ တရွတ်တိုက်ဆွဲသွားသော BaekHyun ။ ရုပ်ကလေ တခုခု ဖြစ်နေသလို ရှုံ့မဲ့နေတာပဲ ဆိုတာများ ။ ChanYeol မှာ သူ့နောက်လိုက်လာပြီး ...

" ဘာဖြစ်သွားတာလဲ ... မင်းပဲ ငါနဲ့ တခန်းထဲအိပ်မယ်ဆို ?? "

" မင်း ကျပ်နေမှာစိုးလို့ "

" Yah... Byun BaekHyun ! ယုတ်တိရှိအောင်ပြော ... မင်း ခုတင်က King size ကြီး ကြပ်စရာအကြောင်းကို မရှိတာ ။ "

" ...... "

" ထွက်အိပ်မယ့်အတူတူဆိုလဲ ငါပဲ ဒီမှာအိပ်ပါမယ်ကွာ ။ အိမ်ရှင်ဖြစ်တဲ့ မင်းက မင်းခုတင်မှာ မင်းအိပ်မှပေါ့ ... "

" ရတယ် ။ ငါ ဒီမှာပဲ အိပ်မယ် "

" မရပါဘူး ... "

ဒီလိုနဲ့ အပြိုင်အဆိုင် ဧည့်ခန်းမှာ အိပ်ဖို့ ငြင်းခုန်ကြရင်း နောက်ဆုံးမှာတော့ ... BaekHyun က ။

" အိပ်မယ် !!! အတူတူအိပ်မယ်လို့ !!!! "

အော်လိုက်တာဆိုတာ အကျယ်ကြီးဘဲ ...

" ဘယ်သူမှ ဒီမှာမအိပ်နဲ့ ... နှစ်ယောက်လုံး အခန်းထဲမှာ အိပ်မယ် "

" ပြီးရော ... "

King size ခုတင် အဖြူရောင်အကြီးကြီးပေါ်မှာ ညအိပ် ဝတ်စုံလေး ကိုယ်စီဝတ်ထားပြီးတော့ရယ် ...ညအိပ်ဝတ်စုံမှာ နှစ်ယောက်လုံးက တိုက်ဆိုင်စွာ အဖြူဝမ်းဆက်ကလေး လာတူနေတာပါပဲ ။ မသိရင် ကြင်စဦးလင်မယားလေးတွေ ကျလို့ ... ဒါပေမယ့် နှစ်ယောက်လုံးကြားမှာ နောက်တစ်ယောက်ဝင်အိပ်လို့ရအောင်ကို ခြားနေတော့ကား ... ရန်ဖြစ်ထားကြသည့် လင်မယားတွေ လိုမယ် ။

Loveliest BOY //RatedM // (Completed)Donde viven las historias. Descúbrelo ahora