" Real PCY "
ပန်းချီကားတစ်ချပ်လုံးကို လက်စသတ်ပြီးတော့ ပန်းချီထဲက မျက်နှာခန့်ခန့်ရဲ့ အောက်မှာ ကျွန်တော့်နာမည်ကို ဆေးမည်းဖြင့် ရေးလိုက်တယ်။
သူ့ပုံတူကိုဆွဲဖို့ အတွက် သူက ရှေ့မှာ ထိုင်ပေးနေစရာမလိုဘူး။
နှလုံးသားရဲ့ ဟိုးအတွင်းဆုံး အပိုင်းမှာ အလွတ်ကျက်ပြီးသား။
နေ့တိုင်း သူ့ဘဲ ထိုင်ကြည့်နေမိသည်ကိုး။
ကိုယ့်ပန်းချီကို တစိမ့်စိမ့်ကြည့်နေတုန်းမှာ နောက်ကနေ လာသိုင်းဖက်တဲ့သူရယ်။
သူ့ဆီက ရနေကျ ရေမွှေးမရောတဲ့ ကိုယ်နံ့လေးက နှာခေါင်းထဲ တိုးဝင်လာလို့။
သူရဲ့ အဲဒီ ကိုယ်နံ့သင်းသင်းလေးကိုလည်း ချစ်တယ်။
" ငါ့ပုံဘဲ ဆွဲနေတာလား?"
သူရဲ့ စကားသံမှာ ကျေနပ်မှုတွေ ပါဝင်နေတယ်။
" မဟုတ်ဘူး ငါ့ရဲ့ နှလုံးသားပုံ ဆွဲနေတာ "
ကျွန်တော့် အဖြေက သူ့ရဲ့ ရယ်သံလွင်လွင်လေးကို ဖြစ်ပေါ်စေပြီး သူ့ရဲ့ နှာတံနုနုက ကျွန်တော့်ပါးပြင်ကို လာရောက်နမ်းရှုက်တယ်။
ကျွန်တော့်ပါးပေါ် လာရောက် ခစားနေတဲ့ သူ့နှာခေါင်းထိပ်ကလေးနဲ့ နှုတ်ခမ်းသားနွေးနွေးတို့ ရဲ့ အထိအတွေ့ကို ကျွန်တော် ခဏလောက် မျက်လုံးပိတ်ကာ ခံစားနေမိတယ်။
နည်းနည်းလေးကြာတော့မှ..
" လာ ဒီကိုလာထိုင်!!"
ကျွန်တော့် ပေါင်ကို ပုတ်ပြတော့ သူပြုံးပြီး လာထိုင်တယ်။
ပြီးတော့ ကျွန်တော့် ခေါင်းကို သူ့ရင်ခွင်ထဲ ဆွဲခေါ်တယ်။
သူ့လက်တွေက ကျွန်တော့် ဦးခေါင်း နဲ့ ကျောပြင်မှာ နေရာယူလို့။
ကျွန်တော်လည်း သူ့ခါးကို ဖက်တွယ်လျက် ရင်ငွေ့နွေးနွေးကို ခိုလှုံမိတယ်။
တစ်ယောက်ကို တစ်ယောက် ထွေးပွေ့ထားရင်းနဲ့မှ
သူက ကျွန်တော်ဆွဲထားတဲ့ ပုံကို လက်နှင့် ထိတွေ့ရင်း" မင်းက တကယ် ပန်းချီဘက်မှာ ပါရမီပါတယ် ကျောင်းက ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ကြည့်ပါလား?"