•5°

3K 326 27
                                    

အိမ်ကနေ ကားဂိတ်ကို တက်ကြွတဲ့ ခြေလှမ်းတွေနဲ့ လျှောက်လာတော့ ကားဂိတ်မှာ ရပ်စောင့်နေတဲ့ ချစ်သူက အမောပြေစေတယ်.....

ကျောင်းယူနီဖောင်းက ဘာလို့ သူနဲ့ကျမှ ဒီလောက်ကြည့်ကောင်းနေရတာလဲ?

ရာသီဥတုအရ အပေါ်က ထပ်ဝတ်ထားတဲ့ အညိုရောင် Long coat ကြောင့် ပိုပြီး ခန့်ညားနေတာလား?

ရုပ်ရည် အရပ်အမောင်း ခန္ဓာကိုယ်အချိုးအစား အကုန် perfect!!

လုံးဝ model ဘဲ။

သူ့အားကစားဖိနပ်ကလေးကိုသူ အခုမှမြင်ဖူးတဲ့ပုံစံနဲ့ ငုံ့ကြည့်နေတာ ကျွန်တော်လာတာတောင် မသိဘူး။

စဦးမှ...

ကျွန်တော် အနောက်ခပ်လှမ်းလှမ်းကနေ သွားလိုက်ရင်း သူ့ကို ခြောက်ဖို့ ခြေသံခပ်ဖွဖွလှမ်းလိုက်တယ်။

မနက်စောစောစီးစီး Wu Yi Fan ရဲ့ အသံကြီးကို ကြားချင်သေးတယ်။

သူ့နောက်ကို အသာလေး...

သူ့ကျောကုန်းကို လက်နဲ့....

" Chan! မင်းရောက်နေတာ ငါသိတယ်!"

အင်?

feel တောင် ပျက်တယ်။

" ဘယ်လိုသိတာလဲ?"

ခြောက်မရတဲ့အဆုံး သူ့ပခုံးကိုဖက်ကာ ပုခုံးပေါ်မေးတင်ရင်း မေးလိုက်တယ်။

သူမမြင်ဘူးလို့ ထင်တာပါဘဲ!

ခေါင်းငုံ့ထားပြီးတော့ အကြားအမြင်များနေတာလား?

" Channie ရဲ့ အနံ့လေးရနေတာလေ"

ပြောကာ ပါးကို ခပ်ဖွဖွလာနမ်းတဲ့သူရယ်။

" Eek!! ကားဂိတ်ကြီးမှာ!!"

" ချစ်တယ်!!"

ပြောကာမှ ပိုဆိုး။

မေးဖျားကို တစ်ချက်ထပ်နမ်းပြန်တယ်။

ထို့နောက် သူ့ခါးကို သိုင်းဖက်ထားတဲ့ ကျွန်တော့်ရဲ့ အေးစက်စက်လက်နှစ်ဖက်ကို လှမ်းကိုင်ကာ

သူ့ coat အင်္ကျီက အိတ်ကပ်ကလေးတွေထဲ ထည့်ပြီး သူ့လက်နွေးနွေးလေးတွေကပါ အုပ်ကိုင်ပေးထားသည်လေ။

နွေးထွေးလိုက်တာ။

အခုနေ အန္တာတိကတိုက်တောင်သွားနေရဲတာ။

All Of YouWhere stories live. Discover now