"သဘက်ခါ Basket ball ပြိုင်ပွဲနော် A နဲ့ B နဲ့ အချင်းချင်းပြိုင်တာမို့လို့ သိပ်ပြင်းပြင်းထန်ထန်ကြီးတော့ လုပ်စရာမလိုပါဘူး!! ကြိုးတော့ကြိုးစားကြပေါ့ ဟုတ်ပြီလား?"
အတန်းပြီး ခေါင်းလောင်းခေါက်တော့ ဆရာလည်း ကျောက်သင်ပုန်းဖျက်ရင်း မှာစရာရှိတာ မှာတော့တယ်
သဘက်ခါဆိုတော့ နီးတောင်နီးနေပြီဘဲ။
A နဲ့ B ပြိုင်တိုင်း ကျွန်တော်က A ခန်းကပေမယ့် Aခန်းနဲ့ ရန်သူ။
ကျွန်တော့် Fan Fan ဘောလုံးပစ်သွင်းလိုက်တိုင်း ကျွန်တော်က ထထအော်တာကိုး xD
ကျွန်တော်က ကျွန်တော့်ရဲ့ Fan Fan ကိုဘဲ အားပေးတာပေါ့လို့။
အခန်းတူရင် သိပ်ကောင်းမှာကို။
အခုတော့ အတန်းထဲက လူတွေကိုလည်း နည်းနည်း မျက်နှာပူရတယ်လေဗျာ xD
"ကဲ ဒီနေ့တော့ ဒီလောက်ဘဲ အမှတ်စာရင်းတွေကို Notice board မှာ ကပ်ထားတယ် သွားကြည့်လိုက်ကြ"
ဆရာပြောပြီး ထွက်သွားတော့ ကျွန်တော်တို့ တစ်တန်းလုံး ထနှုတ်ဆက်ပြီး အမှတ်စာရင်း ကြည့်ဖို့ ထွက်လာခဲ့တယ်။
ကျွန်တော် စိတ်ဝင်စားတာ Wu Yi Fan အဆင့်။
ဒီတစ်ခေါက်လည်း အဆင့် ၁ ကနေ ၁၀၀ အတွင်း မဝင်ရင် ရိုက်သတ်တော့မှာ။
ကျွန်တော် Notice board ကို ကြည့်လိုက်တော့ အဆင့် ၃ နေရာမှ ကျွန်တော်ရှိနေတယ်။
၅ ကနေ တက်လာတာဘဲ မဆိုးပါဘူး။
ကဲ ဘယ်မလဲ Wu Yi Fan!!!
အင်း....
60 ကျော်နေပြီ Wu Yi Fan ကို မတွေ့သေး..
90 ကျော်လာပြီ...
ဟင်းးး ဟင်းးး ဒင်းတော့လားးး
စာရွက်ဆုံးသွားပြီ Wu Yi Fan နာမည်ပါမလာဘူး။
ကဲ သေဖို့သာပြင်ထားတော့!!!
ကျွန်တော် လက်ဆစ်တွေ တဂျွတ်ဂျွတ်ချိုးပြီး နောက်လှည့်လိုက်တော့ အအေးထုတ်တဲ့ စက်ဘေးမှာ အတောင့်လိုက်လေး ရပ်နေတဲ့ Wu Yi Fan က ဆတ်ခနဲ တူန်သွားတယ်။
အော် သူက ဒီရောက်နေတာကို..
ွကျွန်တော်သူ့ဆီလျှောက်သွားတော့ လည်ပင်းကို ပွတ်လိုက် မရဲတရဲရယ်ပြလိုက်နဲ့။