ချစ်ဦးပုံပြင်
Episode 1'Su ရေ ပြီးပြီလား ဒီမှာ appa စောင့်နေပြီ '
'nae Omma လာပြီ '
သူမ အလှပြင်နေရာမှ လက်စသတ်လိုက်ကာ နံရံမှာ ကပ်ထားတဲ့ Poster ပေါ်က သူမချစ်ဦးသူ Xing ကို တစ်ချကိနမ်းလိုက်ကာ .
'ညကျ ပြန်တွေ့မယ်နော် Xing :) '
Xing ကို ပြုံးပြကာ အောက်သို့ဆင်းခဲ့သည် ..
အောက်ရောက်တော့ Omma ရော Appa ရော ထမင်းဝိုင်းမှာ ထိုင်နေပြီလေ. သူမလဲ Appa လက်ယာဘက်မှာ ဝင်ထိုင်လိုက်ပြီး
'မနေ့က နောက်ကျမှ အိပ်ရလို့လား သမီး '
'ဟုတ်တယ် Appa . နောက်ထပ် Busan မှာ ရုံးခွဲဖွင့်ဖို့ လုပ်နေလို့ အလုပ်များနေလို့ '
Appa ကို ပြောရင်း Appa အတွက် ပေါင်မုန့်ပေါ်မှာ Jam သုတ်ပေးပြီး Appa ကို ပေးလိုက်သည် ..ဒါက အမြဲ Su Appa အတွက် မနက်တိုင်း လုပ်နေကျ အကျင့်တစ်ခုပေါ့ .
'Oppa ရော ဘယ်တော့ ပြန်လာမယ်တဲ့လဲ '
ပေါင်မုန့်ကို တစ်ချက်ကိုက်ပြီး မေးလိုက်သည် ..ပါးစပ်ထဲတော့ ပလုတ်ပလောင်းနဲ့ xD
'နောက်တစ်ပတ် ပြန်လာမယ်ပြောတယ် သူ့သူငယ်ချင်း Wedding ရှိတယ် ပြောတယ် '
'ဟုတ်လား '
သူမ ငြိမ်သက်သွားပြန်တယ် .Oppa သူငယ်ချင်းဆိုတော့ Xing ပဲလေ ..Xing wedding လုပ်တော့မှာလား .ခုမှ ဆရာဝန်ဖြစ်ကာစပဲ ဖြစ်သေးတယ် .ယောကျာ်းလေးတွေများ ဟွန့် ..
'Su '
'nae Omma '
'ညနေကျ စောစော ပြန်လာပါလား omma မိတ်ဆက်ပေးစရာ လူရှိတယ် '
'omma ကတော့ လုပ်ပြီ Su မှာ ရည်ရွယ်ပြီးသား လူ ရှိတယ်လို့ဆို '
'ဘယ်သူလဲ ခေါ်လာပြလေ Omma လဲ ကြည့်ချင်တာပေါ့ '
'နောက်ဆို သိရမှာပါ omma နော် '
Omma ကို Aegyo တွေ လုပ်ပြပြီး
'Appa ဒါဆို Su အလုပ်သွားတော့မယ်နော် '
'အေး အေး သမီး '
Appa နဲ့ Omma ကို နှုတ်ဆက်ကာ Su ကားလေးပေါ်တက်ကာ Com ဆီသို့သာ ထွက်ခဲ့တော့သည် ...