Episode 5

567 64 13
                                    

ချစ်ဦးပုံပြင်
Episode 5

သူ အိပ်ပျော်သွားရာမှ နိုးလာတော့ ခေါင်းတွေ ကိုက်နေတာကြောင့် ခေါင်းကို လက်ဖြင့်ဖိကာ ထထိုင်လိုက်သည်

'အမေ့ '

သူ ရုတ်တရက် လန့်သွားသည်

ဘာလို့လဲ ဆိုတော့ သူ့ ကုတင်ခြေရင်းမှာ ခုံနဲ့ ထိုင်ပြီး သူ့ကို ကြည့်နေတဲ့ suho ကို တွေ့လိုက်လို့လေ

'မင်း ဘာလုပ်နေတာလဲ '

သူ လန့်သွားတဲ့ စိတ်ကို ဟန်ဆောင်လိုက်ပြီး အသံမာမာဖြင့် မေးလိုက်သည်

သူမ သူ့ကို ပြုံးပြလိုက်ပြီး

'Xing နိုးလာတာ စောင့်နေတာလေ Xing ထမင်းစားမလားဟင် '

'မစားးးး '

သူ့စကားတောင် မဆုံးသေး ဗိုက်ထဲက တဂြီဂြီ နဲ့ မြည်လာသည်

Su လဲ ကြားသွားပြီး

'ဒါဆို Su ထမင်းပြင်ထားလိုက်တော့မယ်နော် Xing မျက်နှာသစ်ပြီး ထွက်ခဲ့လ်ုက်နော် '

သူ ခေါင်းငြိမ့်တော့ မလို့ လုပ်ပြီးမှ သူမ သူ့ကို ခေါ်လာတာကို သတိရပြီး

'ငါ့ဘာလို့ သူပြောတာကို နားထောင်နေမိတာလဲ ... ဟာ  မသိဘူးကွာ '

သူ အိပ်ရာပေါ်က ထလိုက်ပြီး မျက်နှာသစ်ရန် ရေချိုးခန်းထဲသို့သာ ဝင်ခဲ့တော့သည် .....

~~~~~~~~~~~~~

ထမင်းစားတော့လဲ သူမက ဘေးကနေ ဘယ်ဟာလေး ကောင်းတယ် ဘယ်ဟာလေး ချိုတယ် ပြောနေလို့

'ငါတစ်ယောက်ထဲ စားချငိတယ် မင်း ထွက်သွား '

သူ ပြောလိုက်တော့ သူမ တစ်ချက် မျက်နှာ ပျက်သွားပြီးမှ ပြုံးလိုက်ကာ

'ဟုတ် '

သူမ အတွန့် မတက်ရဲပါ

ဘာပဲဖြစ်ဖြစ် အခု Xing က သူမချက်ကျွေးတဲ့ ထမင်းစားစားတယ်ဆိုတော့ သိပ်မဆိုးတဲ့ သဘောပဲ မလား

သူမ Xing အတွက် ရေဘူးနဲ့ ရေခွက် ချပေးခဲ့ပြီးမှ ထမင်းစားခန်းထဲက ထွက်ခဲ့သည် .....

~~~~~~~

ထမင်းစားပြီးတော့လဲ ဘာမှ လုပ်စရာ အလုပ်မရှိတာကြောင့် သူ အခန်းထဲပဲ ဝင်ခဲ့သည် 

You've reached the end of published parts.

⏰ Last updated: May 22, 2017 ⏰

Add this story to your Library to get notified about new parts!

ချစ်ဦးပုံပြင်Where stories live. Discover now