ချစ်ဦးပုံပြင်
Episode 4'ဘယ်လိုလဲ လှရဲ့လား Oppa တို့ '
'အင်း လှတာပေါ့ '
ဒီနေ့တော့ သူမ ဒီမှာ အလုပ်လုပ်ရင် လာနေဖို့ အိမ်လေးကို လာကြည့်ကြတာလေ .Xing ရယ် Oppa ရယ် Su ရယ်ပေါ့ ..
အိမ်လေးက တငယ့်နေချင်စဖွယ်လေးပါ ..တစ်ထပ်အိမ်လေးကို အိမ်ရှေ့မှာ ပေါ်တီကို ပါပြီး အိမ်ဘေးမှာ ဝရန်တာ ထုတ်ထားသေးသည်လေ ..ဝရန်တာက အရှေ့ဘက်ကို ထုတ်ထားတာဆိုတော့ မနက် နေလာတာနဲ့ အတော်ပဲလေ ..ဝရန်တာလေးကို သစ်သားတွေနဲ့ ဆောက်ထားတာဆိုတော့ တကယ့်ကို နေချင်စရာပါ ..
'Su က ဒီမှာ တစ်ယောက်ထဲပေါ့ ':)
'အင်းပေါ့ Wae '
'ဘာမှမဖြစ်ပါဘူး ဒီအတိုင်း မေးကြည့်တာပါ '
သူတို့ အိမ်ကို လှည့်ပတ်ကြည့်ပြီး Hotel ပြန်ခဲ့ကြသည် ..
မနေ့ကလဲ သူမ လုပ်လိုက်လို့ Xing တို့ အတွဲ ရန်ဖြစ်ကြတယ် ထင်တယိ ..စားသောက်နေတုန်း Xing ဖုန်းလာတော့ ပထမတော့ Xing က သူမတို့ရှေ့မှာပဲ ပြောနေသေးသည်.နောက်တော့မှ ပြောလို့မရမှန်းသိတော့ သူမတို့ကို အားနာပြီး စားနေရာကနေ ထထွက်သွားသည် .ပြန်လာတော့လဲ မျက်နှာက မကောင်း ...
ဒီနေ့တော့ သူမတို့လဲ ပြန်တော့မယ် Xing လဲ ပြန်တော့မယ်လေ .ဒါကြောင့် သူမနေမယ့်အိမ်လေးကို ခဏလိုက်ကြည့်ပြီး ပြန်ဖို့ ပြင်ဆင်နေကြပီလေ ..
Hotel ကနေ Check Out လုပ်ခဲ့ပြီး Taxi နဲ့ သူမနဲ့ Oppa Airport ဆင်းခဲ့သည် .Xing ကတော့ သူတို့အဖွဲ့နဲ့ပဲ ပြန်မှာလေ .
လေယာဥိပေါ်ရောက်တော့ ပင်ပန်းတာနဲ့ သူမလဲ အိပ်ပျော်သွားသည်လေ ...
~~~~~~~~
'Oppa ဘယ်သွားမလို့လဲ '
'ငါ့သယ်ရင်းတွေနဲ့ ခရီးသွားမလို့ '
'Xing ရောလား '
'မပါဘူး သူက wedding ကိစ္စ စီစဉ်နေပြီလေ '
'ဘယ်တော့တဲ့လဲ '
'နောက်တစ်ပတ် လို့ ပြောတာပဲ မနက်ဖြန် ဖိတ်စာ လာပို့မယ်တဲ့ '
'အငိး '
သူမလဲ စိတ်မပါစွာ Oppa အခန်းထဲက ထွက်ခဲ့ပြီး အခန်းထဲ ဝင်ခဲ့သည် ..အိပ်ရာပေါ် လှဲချလိုက်ပြီး နံရံပေါ်က Xing ပုံကို ကြည့်ကာ