ချစ်ဦးပုံပြင်
Episode 2'Su နင် ဘာတွေ လျောက်လုပ်နေတာလဲ '
Ph ကြီး ကိုင်ပြီး သူမ အခန်းထဲကို ဝင်လာပြီး မျက်စိမျက်နှာပျက်စွာ မေးနေတဲ့ သူ့မအစ်ကို Siwon ကို ကြည့်ပြီး ပြုံးလိုက်ရင်းး
'ဘာလို့လဲ Oppa ရဲ့ '
'Xing ခုလေးတင် ဖုန်းဆက်တယ် မနက်ဖြန် တွေ့ဖို့ အဆင်ပြေမလားတဲ့ သူမနက်ဖြန် သူ့ကောင်မလေးကို ချိန်းထားတယ်တဲ့ '
သူမ ပြုံးလိုက်ပြီး
'အဲ့တော့ Oppa ဘာပြန်ပြောလိုက်လဲ '
'ငါ မေးလိုက်ဦးမယ်လို့ ပြောလိုက်တယ် '
'မေးမနေနဲ့တော့ Su အားတယ်လို့ မနက်ဖြန် တွေ့မယ်လို့ ပြောလိုက်ပါ Oppa '
'တွေ့ပြီး ဘာလုပ်မှာလဲ ပြော '
'ဘာလုပ်ရမှာလဲ နောက်ဖြစ်လာမယ့်ကိုယ့်ခင်ပွန်းရဲ့ ရည်စားဟောင်းကို လေ့လာတာလေ '
'Su နင် .. '
'ဘာလို့လဲ Oppa Su ပြောတာ မှားလို့လား '
သူ ဘာဆက်ပြောရတော့မည်နည်းးး ..
'မှားတာပေါ့ တကယ်ဆို Xing က ပိုင်ရှင်ရှိပြီးသား ယောကျာ်တစ်ယောက် '
'ပိုင်ရှင် ...Xing က အခုချိန်ထိ မည်သူ တစ်ဦးတစ်ယောက်နဲ့မှ လက်မထပ်ရသေးတဲ့ ယောကျာ်းတစ်ယောက်လေ '
'သူ့မှာ လက်ထပ်ဖို့ သေချာတဲ့သူ ရှိနေပြီ '
'အဲ့တော့ '
သူမ ပေစောင်းစောင်းမျက်နှာနဲ့မေးလိုက်တယ် ..
'နင် သူတို့ကို မနှောက်ယှက်ပါနဲ့ '
'အဲ့တာ Su ကိစ္စပါ Oppa ရဲ့ .Oppa ဝင်မပါပါနဲ့ '
'ငါနော် ..နင် ငါ့ညီမမို့ သည်းခံနေတာ မဟုတ်ရင် မလွယ်ဘူး '
ဒေါသတကြီးနဲ့ ကျိန်းဝါးသွားတဲ့ သူမအစ်ကိုကို ကြည့်ပြီး သူမ ရယ်မောလိုက်သည် ..
တကယ်ဆို Oppa သူမကို သိပ်ချစ်လို့ အလိုလိုက်နေတာ သိပါတယ် ...
~~~~~~~~~~~
သူမ Xing နဲ့ သွားတွေ့ရမှာမို့ သေသေချာချာ သပ်သပ်ရပ်ရပ် ဝတ်လိုက်ပြီး မျက်နှာကိုလဲ မိတ်ကပ်လေး ခြယ်လိုက်တယ် ..မှန်ထဲ သေချာ ကြည့်ပြီး ကျေနပ်ပြီဆိုမှ အောက်ဆင်းခဲ့သည် ..အောက်ရောက်တော့ Oppa က ပြင်ဆင့်ပြီးလို့ ဧည့်ခန်းထဲမှာ TV ထိုင်ကြည့်နေပြီလေ ..