ချစ်ဦးပုံပြင်
Episode 3သူမ ထလိုက်ပြီး ရေတစ်ခွက်သောက်ကာ
ဝရန်တာမှာ ထွက်ရပ်လိုက်သည် ..အောက်ကို ကြည့်လိုက်တော့ စိမ်းစိုလှတဲ့ မြက်ခင်းပြင်နဲ့ ရေတံခွန် ကြီးတစ်ခုက မျက်စိပဒေသာ ဖြစ်စေသည် ..သူမ ထိုမြင်ကွင်းကို ခံစားနေတုန်း မျက်စိထဲ တိုးဝင်လာတဲ့ အရိပ်လေး တစ်ရိပ်ကြောင့် သူမ နှုတ်ခမ်းထောင့်လေးတွေ ကွေးသွားရလေသည် ..အဲ့တာ ဘယ်သူလဲ ဆိုတော့ ..
သူမ ချက်ချင်း အခန်းထဲ ပြေးဝင်ကာ အိပ်ရာဘေးက ဖုန်းကို ယူလိုက်ပြီး နံပါတ်တစ်ခုကို နှိပ်လိုက်သည် ..ဖုန်းက ၃ခါလောက် မြည်ပြီးမှ ကိုင်သည် ..
'ဟဲလို '
'Oppa ဝရန်တာ မြန်မြန်ထွက်ကြည့် မြန်မြန်နော် '
သူမ Siwon oppa ဆီ ဖုန်းဆက်လိုက်တာ ..ဝရန်တာ ထွက်ကြည့်ဖို့ ..သူမလဲ ဖုန်းပြောနေရင်း မချသေးပဲ ဝရန်တာကို ပြန်ထွက်ခဲ့သည် ..ဟိုဘက်ခန်းကို ကြည့်လိုက်တော့ Oppa လဲ အိက်ချင်မူးတူးနဲ့ ဖုန်းကြီးကိုင်ထားကာ လျောက်ကြည့်နေသည် ..
'လျောက်ကြည့်မနေနဲ့ အောက် တည့်တည့်ကို ကြည့် '
သူမ ဖုန်းထဲကနေ ပြောလိုက်သည် .အဲ့တော့မှ Oppa က မျက်လုံးကို ပွတ်ကာ အောက်ကို ကြည့်လိုက်တော့ ..
'Xing '
'ဟုတ်တယ် ခု ဖုန်းဆက်ပြီး ခေါ်လိုက်ပါ Oppa '
သူမ ပြောပြီး ဖုန်းချလိုက်သည် ..Oppa က ချက်ချငိးပဲ Xing ဆီ ဖုန်းခေါ်လိုက်သည် ..သူ မနက်ခင်း လေညှင်းခံနေရာမှ ဖုန်း ထုတ်လိုက်တာ တွေ့သည် ..
'Xing '
'Siwon ပြော '
'မင်း ခု ရပ်နေတဲ့ မျက်နှာချင်းဆိုင်ကို ကြည့်လိုက်'
Xing က သူပြောတဲ့အတိုင်း ကြည့်လိုက်သည် ..
'မင်း ဒီရောက်နေတာလား '
'အေး '
'တစ်ယောက်ထဲလား '
'Nope '
သူ ပြောပြီး ဘေးခန်းကို လက်ညိုးထိုးပြလိုက်သည် ..သူမလဲ လက်ပြလိုက်သည် ...
'ဒါဆို Breakfast စားရင် တွေ့ကြရအောင် '
'Ok '
~~~~~~~~~~