နောက်ကျမှန်းသိပေမယ့် unicornကြီးရေ
happy birthdayပါလို့။
♡ ♡ ♡>>>>><<<<<
Final chapter is here!
Hope you like it!
Please enjoy!************
Reader's POV,
---ani
မဖြစ်ဘူး
ကျွန်တော်မလုပ်နိုင်ဘူး
ကျွန်အဆင်သင့် မဖြစ်သေးဘူး
ကျွန်တော် ယုန်လေးကို မခွဲနိုင်ဘူး---Yixingရဲ့ စိတ်ထဲမှာ ထပ်ခါထပ်ခါပြောနေမိတယ်။
ရင်ဘတ်မှာလဲ တဒိန်းဒိန်း တစ်ကိုယ်လုံး
ချွေးစီးတွေနဲ့ အသက်ရှူလဲ ကျပ်နေတယ်။
ဒီအချိန်က သူ့ဘဝအတွက်
အပင်ပန်းဆုံး အချိန်ပဲ။ သူ့ချစ်သူတစ်ယောက်လုံးကို
လက်လွှတ်ရတော့မယ်ဆိုတာက သူ့အတွက်တော့
အိပ်မက်ဆိုးဖြစ်ပါစေလို့ ဆုတောင်းခဲ့ပေမယ့်
ဒါတွေအားလုံးက တကယ်ဖြစ်နေခဲ့တာပါ။YXး Suho ထလေ။ ထလို့ပြောနေတယ်။ နောက်မကျသေးပါဘူး မင်းပြန်နိုးလာပါကွာ။ ငါတောင်းပန်ပါတယ်။
အိပ်ချင်ယောင်ဆောင်နေတဲ့ သူက
နှိုးရခက်တယ်တဲ့။
Suho ဟန်ဆောင်အိပ်နေတယ်ပဲ
သူ့စိတ်ထဲ မြင်ယောင်နေတယ်။ဆရာဝန်ကတော့ Yixingကို ဂရုမစိုက်ပဲ
သူနာပြုနှစ်ယောက်ကို အချက်ပြလိုက်တယ်။သူနာပြုတွေကလဲ အချိန်ဆွဲမနေပဲ
Suhoရဲ့ကိုယ်မှာ တပ်ထားတဲ့ ဆေးပိုက်တွေ
ကိရိယာတွေကို တဖြည်းဖြည်း
ဖြုတ်နေကြတယ်။ နောက်ဆုံးတော့ Suhoရဲ့
ပိန်သထက်ပိန်လာတဲ့ ခန္ဓာကိုယ်လေးမှာ တပ်ထားတာဆိုလို့
အောက်ဆီဂျင်ပိုက်ရယ် နှလုံးခုန်နှုန်းတိုင်းတဲ့စက်ရယ်ပဲ
ကျန်တော့တယ်။ Yixingကတော့
ကုတင်ခြေရင်းမှာ ရပ်ကြည့်နေမိတယ်။
သူဘာလုပ်ရမလဲ မသိဘူးလေ။Drး ငါလဲ နားလည်ပါတယ်။ ဒါက လွယ်ကူတဲ့ ဆုံးဖြတ်ချက်မှ မဟုတ်တာ။ အဲဒါကလဲ သူ့အတွက်ပါ။ ဘာမှမထူးတော့တဲ့ အခြေအနေနဲ့ အချိန်ဆွဲထားမယ့်အစား သူ့ကိုလွတ်လွတ်လပ်လပ် သွားခွင့်ပြုလိုက်ပါ။
ဘေးကနေ ပြောနေတဲ့ ဆရာဝန်ရဲ့
စကားတွေကို ကြားနေရပေမယ့်
Yixingကတော့ ပြန်ပြောစရာ စကားမရှိဘူး။
YOU ARE READING
Wherever! ( SuLay Fanfic )
FanfictionMy new SuLay fic. Please vote and comment. Thank You! 90' Bow