အမုန်းကပေးတဲ့နာကျင်မှုကို
အပြုံးကပေးတဲ့ချိုမြိန်မှုလေးနဲ့
ခြေဖျက်နိုင်တယ် Park Chen" စိတ်ပျက်စရာ "
ကြားနေကျစကားဖြစ်ပေမဲ့နှလုံးသားတစ်စက်စက်လှုပ်ခါအောင်နာကျင်နေရတုန်းဘဲ
နောက်ကျောကမြင်နေရတဲ့သူ့ပုံစံလေးကိုကြည့်ရင်းခေါင်းပြူလာတဲ့မျက်ရည်ကိုအချိန်မီထိန်းလိုက်သော်လည်း
" ချစ်ပေါက်ဘာဖြစ်တာလဲမျက်လုံးတွေနီရဲနေတယ်ငိုနေတာလား "
အကဲခတ်နိုင်လွန်းတဲ့ Baekhyun ကိုခေါင်းခါပြတော့
Baekhyun အမေးကိုသူကြားပြီးရှေ့ကနေလှောင်ရယ်တယ်" Ya Park Chen ဘာရယ်နေတာတုန်း "
လက်နဲ့ကျောကုန်းကိုပါတစ်ချက်ရိုက်ရင်း Baekhyun ထရန်တွေ့တယ်
" ဘာရယ်ရယ်ပေါ့ "
" ဘာလဒစုတ်သူငယ်ချင်းတွေ့တာတောင်နှုတ်မဆက်ဘူး "
" တော်စမ်းပါ Byun Baek ရာ "
" ဘာတော်စမ်းပါလဲ "
" Byun Baek မတွေ့ရတဲ့အတောအတွင်းတော်တော်လေးစကားများလာတယ်နားညည်းတယ် "
" ဘာနားညည်းတယ်ဟုတ်လားအေးလေငါကမင်းလိုအချေကောင်ကိုဘာမျှော်လင့်ပြီးစကားသွားပြောမိပါလိမ့် "
" သိပြီးတာဘဲ "
Baekhyun နောက်ကနေ Chen ကိုအသံမထွက်ဘဲမေတ္တာပိုသနေတယ်
" စွတ်ပို့မနေနဲ့ငါတစ်ခုခုဖြစ်ရင်မင်းပိုသတဲ့မေတ္တာတွေကြောင့်ဘဲ "
" သေနာ "
အုန်းခနဲမြည်အောင်လွယ်အိတ်နဲ့လွှဲရိုက်တော့ Chen ဒီတစ်ခါတော့နာသွားဟန်ဖြင့်
" Ya Puppy Baek "
နောက်လှည့်ပြီး Baekhyun ကိုရန်ထောင်တယ်
Baekhyun ဘေးထိုင်နေတဲ့ Xiumin ကိုမြင်ပြီးအပြုံးရိပ်လေးစွန်းနေတဲ့နှုတ်ခမ်းဖျားလေးကချက်ချင်းပျောက်သွားပြီးတင်းတင်းစိသွားတယ်
" Baekhyun မင်းသူနဲ့တွဲမယ်ဆိုရင်ငါ့ရှေရောက်မလာမိစေနဲ့ "
ချက်ချင်းထထွက်သွားတဲ့ Chen ကိုကြည့်ပြီး Xiumin နားလည်လိုက်ပေမဲ့ Baekhyun တစ်ယောက်ပြူးကြောင်ကြောင်နဲ့ကျန်ခဲ့တယ်